Saturday, November 7, 2009

ဒီကေဘီအေအဖွဲ့ ရွှေတူးနေကြောင်း သတင်းများထွက်ပေါ်

Saturday, 07 November 2009 11:37 ဖြိုးကြီး

မြဝတီမြို့၊ ကျောက်တောင်ရွာ အနီးတဝိုက်တွင် ဒီကေဘီအေအဖွဲ့များက ရွှေတူးသည့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

လွန်ခဲ့သည့် ၆ လခန့်မှ စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှေစအနည်းငယ်ပါဝင်သည့် မြေမှုန့်များကို ရောင်းချခြင်းများ ရှိနေသည်ဟု ဒေသခံ ရွှေလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောသည်။



“အဲဒီက တူးတဲ့ဟာတွေ ကျနော့်ကို လာစပ်သေးတယ်။ မြေမှုန့်တွေနဲ့ ရောနေတာ။ ရွှေမှုန့်တွေတော့ ပါတယ်။ အရောင်ကလည်း အကုန် ရွှေရောင်တွေပဲ။ ဒါက ကံနဲ့ဆိုင်တာဆိုတော့ ကျနော်တို့လည်း လုပ်ဖို့က စဉ်းစားနေတုန်းပဲ” ဟု ပြောသည်။

ယင်းကဲ့သို့ ရွှေတူးနေခြင်းကို ဒီကေဘီအေအဖွဲ့ဝင်များက လူအများအသိမခံဘဲ ၎င်းတို့ အုပ်စုအတွင်းလောက်သာ သိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“သူတို့က လူအမြင်မခံဘူး။ အဲဒီမှာရှိတဲ့ သူတွေကို ရှင်းထုတ်ပြီးမှ လုပ်တာ။ ကျနော်တို့လဲ သူတို့ လှုပ်ရှားနေတယ် ဆိုတာပဲ သိတယ်။ တကယ် တိတိကျကျ ဘာတွေလုပ်နေတယ်ဆိုတာကတော့ မသိဘူး။ ကျနော့်ကို ရွှေမှုန့်တွေ လာစပ်တဲ့သူကလည်း ဘယ်ကရတယ်ဆိုတာကို ပြောတာမဟုတ်ဘူး” ဟု ပြောသည်။

ယခုလက်ရှိ မြဝတီမြို့ပေါ်တွင် ဒီကေဘီအေအဖွဲ့ဝင်များအနေဖြင့် အနည်းငယ် ထူးခြားမှုများရှိနေပြီး သွားလာရာတွင် အုပ်စုလိုက် သွားလာခြင်းများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ဒီကေဘီအေအဖွဲ့မှာ မကြာသေးခင်က စစ်အစိုးရလက်အောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောတူထားပြီး ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေလျက်ရှိသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)