• ၂၆/၁၂/၂၀၀၉ ရက်နေ့ ၁နာရီအချိန်တွင် ခမရ (၇၀၉)မှ KNU တပ်မဟာ (၁) သထုံခရိုင်တပ်စခန်းတခုကို သွားရောက်ပစ်ခတ်ရာတွင် KNU ဘက်မှ တယောက်ဒဏ်ရာရရှိပြီး နအဖတို့ဘက်မှ AK (၁)လက်၊ လက်ပစ်ပုံး (၃၀) လုံး၊ စကားပြောစက် (၁)လုံး၊ ဆိုလာအသေးစား (၃)ချပ်၊ ဘက်ထရီ (၃)လုံး ရရှိသွားသည်။
• ၃၀/၁၂/၀၉ ရက်နေ့ KNU တပ်မဟာ (၂)တောင်ငူခရိုင်၊ ထောတထုမြို့နယ်၊ ကလောမီးဒဲကျေးရွာအခြေစိုက် နအဖ စကခ(၇)အဖွဲ့သည် ပလက်ဝစခန်းမှ ကလောမီးဒဲစခန်းသို့ ၎င်းတို့၏ ရိက္ခာကိုသယ်ဆောင်ရန်အတွက် ကလောမီးဒဲ ကျေးရွာမှ အမျိုးသမီး (၂၅)ယောက်၊ အမျိုးသား (၅)ယောက်တို့ကို အတင်းအ ကြပ်စေခိုင်းခဲ့သည်။
• ၁/၁/၂၀၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် KNU တပ်မဟာ (၂) တောင်ငူခရိုင် ပျောက်ကြားအဖွဲ့နှင့် နအဖ တို့တိုက်ပွဲဖြစ်ပွားရာ နအဖ စစ်သား (၁)ယောက်ဒဏ် ရာရှိပြီး ထိုတရက်တည်း ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားရာ တွင် နအဖဘက်မှ စစ်သား (၁)ယောက် ဒဏ်ရာရှိကြောင်းသိရှိရသည်။
• ၁/၁/၂၀၁၀ ရက်နေ့ တပ်မဟာ (၂) တောင်ငူခရိုင် ကလောမီးဒဲပအခြေစိုက် နအ ဖ စကခ(၇) အဖွဲ့သည် ကလောမီးဒဲအမျိုးသမီး (၂၀)ယောက်နှင့် အမျိုးသား (၁၀)ယောက်တို့ကို ပလက်ဝစခန်းမှ ကလောမီးဒဲစခန်းသို့ ၎င်းတို့၏ရိက္ခာသယ် ဆောင်ရန်အတွက် အတင်းအကြပ်စေခိုင်းခဲ့သည်။
• ၂/၁/၂၀၁၀ ရက်နေ့ ညနေ ၇နာရီ ၅၀ မိနစ်အချိန်တွင် KNU တပ်မဟာ (၂)နှင့် နအဖတို့ ၀ါဘောဒေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ စစ်သား (၁) ယောက်ဒဏ်ရာရှိသွားကြောင်းသိရှိရသည်။
• ၁၉/၁၂/၀၉ ရက်နေ့ တပ်မဟာ (၃)ညောင်လေးပင်ခရိုင်အတွင်းရှိ နအဖ စကခ (၇) ခမရ(၂၆၁)၊ ခမရ(၄၄၀)မှ ကျေးရွာသား (၆၀)ယောက်ကို မိုးပြာမှ ဖလေးဆာလိုစခန်းသို့ ၎င်းတို့၏ရိက္ခာကို အတင်းအကြပ်သယ်ဆောင်ခိုင်းခဲ့ သည်။ ၂၀/၁၂/၀၉ ရက်နေ့တွင် ရွာသား (၇၀)ယောက်၊ ၂၁/၁၂/၀၉ ရက်နေ့တွင် ရွာသား (၄၀)ယောက်၊ ၂၂/၁၂/၀၉ ရက်နေ့တွင် ရွာသား (၃၇)ယောက်၊ ၂၃/၁၂/၀၉ ရက်နေ့တွင် ရွာသား (၈၀)ယောက်တို့ကို ၎င်းတို့၏ရိက္ခာကို အတင်းအကြပ် ပို့ဆောင်စေခဲ့သည်။
• ၂၆/၁၂/၀၉ ရက်နေ့တွင် ညောင်လေးပင်ခရိုင် မုံးမြို့နယ်တွင် နအဖ စကခ(၇) ခမရ(၂၆၁၊ ၄၄၀)အဖွဲ့တို့သည် မယ်ပလာကျေးရွာအုပ်စုမှ ကျေးရွာအထမ်းသမား (၂၈၅)ယောက်၊ တောပုကျေးရွာသား(၂၅၅)ယောက်၊ တလိုင်းအိုင်းကျေးရွာသား (၃၅၀)ယောက်၊ ကျွန်းပင်သားကျေးရွာသား (၁၁၀)ယောက်၊ လှည်းလမ်းကူး ကျေးရွာသား (၁၄၅)ယောက်တို့ကို ပေါ်တာအဖြစ် ခေါ်ယူခဲ့သည်။
• ၂၁/၁၂/၀၉ ရက်နေ့ တပ်မဟာ ဖာပွန်ခရိုင်တွင်း နအဖ ရိက္ခာတင်ကားကို KNU တပ်မဟာ (၅)အဖွဲ့မှ ပစ်ခတ်ရာမှ ပျက်စီးသွားသည်။
• ၂၃/၁၂/၀၉ ရက်နေ့ ဖာပွန် တပ်မဟာ (၅)ဂွင်တွင် KNU မှ နအဖ ကားတစီး ကို ပစ်ခတ်ရာတွင် အနည်းငယ်ပျက်စီးသွားသည်။
• ၂၄/၁၂/၀၉ ရက်နေ့တွင် KNU ပျောက်ကြားတပ်ဖွဲ့မှ နအဖနှင့် ဖာပွန်ခရိုင်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်သား (၁)ယောက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရ သည်။
• ၂၅/၁၂/၀၉ ရက်နေ့တွင် KNU ပျောက်ကြားတပ်ဖွဲ့မှ နအဖတပ်ကို ဖာပွန်ဂွင်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာ နအဖတပ်သား (၂)ယောက်ဒဏ်ရာရှိခဲ့သည်။
• ၂၆/၁၂/၀၉ ရက်နေ့တွင် KNU ပျောက်ကြားတပ်ဖွဲ့မှ ဖါပွန်ဂွင်တွင် နအဖတပ်ကို ၀င်ရောက်ပစ်ခတ်သဖြင့် နအဖတပ်သား (၂)ယောက် ဒဏ်ရာရှိသွားကြောင်း သိ ရှိရသည်။
• ၂၇/၁၂/၀၉ ရက်နေ့ ဖါပွန်ခရိုင် မယ်ပေါမုထာကျေးရွာတွင် KNU နှင့် နအဖတို့ တိုက်ပွဲဖြစ်ရာတွင် နအဖဘက်မှ တပ်သား (၁)ယောက်ဒဏ်ရာရရှိခဲ့သည်။ ထိုတရက်တည်း ထီးဆိထာနှင့် လယ်မူပလောဂွင်ရှိ နအဖ၏ ပို့ဆောင်ရေးမြင်းကို ပစ်ခတ်ရာ နအဖ၏ပို့ဆောင်ရေး မြင်းတကောင်သေသည်။
• ၂၈/၁၂/၀၉ ရက်နေ့ KNU မှ DKBA နှင့် ဖာပွန်ခရိုင် သေဘေလူနှင့် မက်တို ထာအနီးတွင် တိုက်ပွဲဖြစ်ပွားရာ DKBA တပ်သား (၂)ဦးဒဏ်ရာရှိခဲ့သည်။
• ၂၉/၁၂/၀၉ ရက်နေ့ ဖာပွန်ခရိုင် မယ်တိုထာတွင် KNU မှ DKBA ကို ပစ်ခတ်ရာ တွင် DKBA တပ်သား (၁)ဦးဒဏ်ရာရရှိပြီး ကျေးရွာသားတယောက်ပါ ဒဏ်ရာရရှိ သွားခဲ့သည်။ ထိုတရက်တည်း မူနွယ်ဒေးကျေးရွာတွင် KNU မှ DKBA ကို ပစ် ခတ်ရာ DKBA တပ်သား (၄)ယောက် ထပ်မံဒဏ်ရာရရှိသွားခဲ့သည်။ ထိုတရက် တည်းတွင်ပင် ၀ါဘောကြိုး ဆောဖွီးခီးတွင် KNU မှ DKBA ကို ပစ်ခတ်ရာ DKBA တပ်သား (၂)ယောက်ဒဏ်ရာရှိသွားခဲ့သည်။
• ၃၀/၁၂/၀၉ ရက်နေ့ တွင် KNU မှ ဖာပွန်ခရိုင် တာဂေါ်လေးပလော တွင် နအဖတပ်အား ၀င်ရောက် နအဖဘက်မှ (၁)ယောက်ဒဏ်ရာရ၊ ထိုတရာက် တည်း KNU နှင့် နအဖတပ်တို့ ယူဂိုကြိုးနှင့် လယ်မူပလောတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၂)ဦးဒဏ်ရာရရှိသွားခဲ့သည်။
• ၃၁/၁၂/၀၉ ရက် ဖာပွန်ခရိုင် တိုးလူခိုတနေရာ၊ ထီးညာမိုထာတနေရာတွင် KNU မှ နအဖ၏ မြင်းနှင့် ရိက္ခာပို့ဆောင်ရေးတပ်ကို သွားရောက်ပစ်ခတ်ရာ နအဖ တပ်သား (၁)ယောက်သေ၊ မြင်း (၆)ကောင်သေပြီး မြင်း(၃)ကောင်မှာ ဒဏ်ရာ ရှိသွားခဲ့သည်။
• ၂/၁/၂၀၁၀ ရက်နေ့ ဖာပွန်ခရိုင် တောလူခိုတာခဲဒဲဂွင်တွင် KNU တပ်မှ နအဖတပ်ကို သွားရောက်ပစ်ခတ်ရာ နအဖ တပ်သား (၅)ယောက်သေဆုံးပြီး တရက်တည်း KNU တပ်မှ DKBA ကားအား ပနာလိုးနှင့် ၀ါသိုကလားနေရာကြား တွင် ပစ်ခတ်ရာ ရွာသား (၂)ယောက်သေ (၂)ယောက်ဒဏ်ရာရရှိသွားပြီး DKBA တပ်သား (၂)ယောက်သေဆုံးသွားခဲ့သည်။ တနေ့တည်းမှာပင် DKBA မှ မိုလိုကလိုးနေရာကို ရှင်းချိန် KNU၏ ပစ်ခတ်မှုကြောင်း DKBA မှ (၁)ဦးသေပြီး (၁)ဒဏ်ရာရှိသွားပြီး KNU ဘက်မှ .22 တလက်ရရှိသည်။
• ၂၉/၁၂/၀၉ ရက်နေ့ DKBA (၉၀၈)နှင့် (၉၉၉)မှ ကျောသက်၊ မောင်ညွန့်ရွှေ၊ အကြည်တို့မှ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ခွပ်ဒုံရွာကိုဝင်ရောက်ပြီး မောင် သက်ရှည် (၂၇)နှစ်(ခွပ်ဒုံကျေးရွာ)။ မောင်စိုးတင်(၄၀)နှစ်(မယ်ဘလဲကျေးရွာ)တို့ အား ပြင်းထန်စွာရိုက်နှက်ပြီး အကြူကျေးရွာရှိ ဦးပဉ္ဖင်းတပါးကို သေနတ်နှင့် ပစ်ခဲ့သည်။
• ၃၀/၁၂/၀၉ ရက်နေ့တွင် DKBA (၉၀၈၊ ၉၉၉)တပ်သားကျော်ကျော်၊ ကျော်သက် မောင်ညွန့်ရွှေ၊ အကြည်တို့သည် အကြူကျေးရွာနှင့် ပနွယ်ပူကျေးရွာမှ ရွားသား ဖြစ်သောအခွာဖိုး(၄၂)နှစ်ကို ပြင်းထန်စွာရိုက်နှက်ပြီး ရွာသားများ၏ ပစ္စည်း အဓမ္မယူဆောင်သွားခဲ့သည်။ ဦးအေးကျော်(၅၅)နှစ်၏ ကြက် (၁)ကောင်၊ ဦးပိုး လိုး(၆၂)၏ ကြက် (၁)ကောင်၊ ဦးနေစေး(၅၂)၏ ကြက် (၁)ကောင်နှင့် ဗူးသီး (၃) လုံး၊ ဦးချစ်သိန်း(၇၀)နှစ်၏ ကြက် (၁)ကောင်နှင့် ဘဲ (၃)ကောင်၊ ဦးထီးအောင် (၆၂)နှစ်၏ ကြက် (၁)ကောင်တို့ကို အဓမ္မယူဆောင်သွားခဲ့သည်။
• ၁/၁/၂၀၁၀ နေ့တွင် DKBA မောင်ညွန့်ရွှေဦးဆောင်ပြီး ကော်ကသောကျေးရွာသို့ ၀င်ရောက်ပြီး ရွာသားများကို ပစ်ခတ်ခတ်ရာတွင် အကြူကျေးရွာသားစောတာလူ (၃၂)နှစ်လက်ဖ၀ါးကို ထိမှန်ခဲ့သည်။ ထို့အပြင် ကော်ကသောကျေးရွာသူ ဆရာမ မအုန်းရွှေ(၂၈)နှစ်၏ အိမ်နံရံကို သေနတ်နှင့် ပစ်ခတ်သွားခဲ့သည်။
• ၃/၁/၂၀၁၀ ရက်နေ့တွင် DKBA (၉၀၈)မှ မောင်ညွန့်ရွှေနှင့် မြင့်စောဦးတို့သည် အကြူကျေးရွာသူဖြစ်သော မကြည်အေး၏ ဘဲ (၄)ကောင်၊ မငြိမ်းသေး၏ ဘဲ (၁)ကောင်၊ မူယားခင်၏ ဘဲ (၂)ကောင်၊ နော်မူအေး၏ ကြက် (၁)ကောင်ကို ပစ်သတ်ယူဆောင်သွားခဲ့သည်။
No comments:
Post a Comment