Friday, January 8, 2010

တိုက်ပွဲသတင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

January, 7, 2010
• ၂၆/၁၂/၀၉ ရက်နေ့ တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြိ့နယ်တွင်း DKBA (၃၃၃) တပ်ရင်း(၃) ရုံးထိုင်မှူးစိုးအောင်သည် လက်ကတက်ကျေးရွာမှ ဖက် (၁၀၀၀)၊ နိုကဒဲကျေးရွာမှ ဖက်(၁၀၀၀)ကို အတင်းအဓမ္မတောင်းပြီး ထိုဖက် များကို အုန်းတောရွာ တောက်တက်စခန်းသို့ ၂/၁/၂၀၁၀ ရက်နေ့အရောက် ပို့ခိုင်းသည်။
• ၄/၁/၂၀၁၀ ရက်နေ့ ၃း၁၈ နာရီအချိန်တွင် တောင်ငူခရိုင် တပ်မဟာ (၂)လယ်ထိုးဘိုနေရာတွင် KNU တပ်မှ နအဖတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ နအဖတပ်သား (၁)ဦးသေသည်။

• ၅/၁/၂၀၁၀ ရက်နေ့ ၁း၄၀အချိန်တွင် တောင်ငူခရိုင် တပ်မဟာ(၂) ထီးညာ ပယ်လိုစခန်းအနီး KNU ပျောက်ကြားတပ်နှင့် နအဖတို့ တိုက်ပွဲဖြစ်ပွားရာ နအ ဖ ဘက်မှ တပ်သား (၁)ဦး ဒဏ်ရာရှိခဲ့သည်။
• ၄/၁/၂၀၁၀ ရက်နေ့ တောင်ငူခရိုင် တပ်မဟာ (၂)၊ ထောတထူမြို့နယ်တွင်း နအဖ စကခ(၇)ကလောမီးဒဲအခြေစိုက်အဖွဲ့သည် ကလောမီးဒဲရွာသူ(၃၀)ဦး၊ ရွာသား (၄၀)ဦးတို့ကို ပလက်ဝမှ ကလောမီးဒဲသို့ ၎င်းတို့၏ ရိက္ခာသယ် ဆောင်ရန်အတွက် အတင်းအဓမ္မခိုင်းစေခဲ့သည်။
• ၅/၁/၂၀၁၀ ရက်နေ့ တောင်ငူခရိုင် တပ်မဟာ (၂) နအဖ စကခ(၇)ကလော မီးဒဲအခြေစိုက်အဖွဲ့ ကလောမီးဒဲရွာသား အမျိုးသား(၄၀)ယောက်၊ အမျိုးသမီး (၃၀)ယောက်၊ မော်ဖါးဒဲကျေးရွာအမျိုးသား(၄၀)ယောက်နှင့် လမ်း၌ဖမ်းဆီး ရမိသော အမျိုးသား (၁၈)ဦးတို့ကို ပလက်ဝမှ ကလောမီးဒဲသို့ ၎င်းတို့၏ ရိက္ခာ သယ်ဆောင်ရန်အတွက်အတင်းအဓမ္မခိုင်းစေခဲ့သည်။
• ၂/၁/၂၀၁၀ ရက်နေ့ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) KNU အဖွဲ့နှင့် နအဖ တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် နအဖဘက်မှ (၁)ယောက်သေ (၁) ယောက် ဒဏ်ရာရရှိသည်။
• ၄/၁/၂၀၁၀ ရက်နေ့ ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ ဃော်ကလား နှင့် မယ်ကလုအကြား နအဖ ခမရ(၄၀၂) စစ်ကြောင်း (၂)မောင်မောင်မျိုး ဦးစီးအဖွဲ့နှင့် KNU တပ်ရင်း (၁၆)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၁) ယောက်သေသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)