Tuesday, February 23, 2010

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

Monday, 22 February 2010 18:21 ၀ါးရှီးဖော

သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တနေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။

သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ ၀န်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။

“လေးယောက်စလုံး လက်ကို နောက်ပြန် ကြိုးချည် ခံထားရတယ်။ သေနတ် ဒဏ်ရာတွေနဲ့ သေတယ်။ မသေခင်မှာလည်း အရိုက် ခံထားရတယ်။ ဒဏ်ရာတွေ ရှိတယ်” ဟု ရနောင်းမြို့ရှိ မိတ္တသဟာရ နာရေး ကူညီမှု အသင်းမှ ကိုသားကျော်က ဧရာဝတီသို့ ပြောသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

“အခုလို ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့ ဆိုတာက ထိထိ ရောက်ရောက် အရေးယူမှုရှိမှ ဖြစ်မှာ။ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ၀တ်ကျေ တမ်းကျေ လုပ်ပေးတာ လောက်ပဲ ရှိတယ်” ဟု ရောင်ခြည်ဦး အလုပ်သမား စာစောင်တွင် ဆောင်ပါးများ ရေးသားလေ့ ရှိသော ရနောင်းမြို့နေ မောင်သံက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

“ထိုင်းလူငယ် လမ်းသရဲ အဖွဲ့တွေက မြန်မာ အလုပ်သမား တွေကို တွေ့ရင် ပိုက်ဆံ တောင်းတယ်၊ တောင်းလို့ မရရင် ၀ိုင်းရိုက်ကြတယ်။ ဒီမှာ အဲဒီလိုတွေ ခဏ ခဏ ဖြစ်နေတယ်” ဟု ကိုသားကျော်က ပြောသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)