Tuesday, February 16, 2010

မြိုင်ကြီးငူဆရာတော် ဘန်ကောက်ဆေးရုံတွင် ကုသမှုခံနေ

ဖေဖော်ဝါရီလ ၁၅ရက်။


သက်တော် ၆၄နှစ်ရှိပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကျန်းမာရေးဆိုးရွားကာ လက်ရှိအချိန်တွင် ဘန်ကောက် မြို့ရှိ ဘန်ရွန်ရပ်ဆေးရုံ၌ ကျန်းမာရေးကုသမှု လာရောက်ခံယူနေကြောင်း ဘန်ကောက်ရှိ ကရင်လူမှုအသိုင်းအ၀ိုင်းများက ပြောသည်။
“တချို့ပြောတာက ဆရာတော်ဟာ အသည်းရောဂါနဲ့ ဆေးလာကုနေတယ်တဲ့။ လောလောဆယ် အောက်စီဂျင်နဲ့ အသက်ရှူ နေရပြီး အသည်းတခြမ်းကို ဖြတ်ထုတ်ရမယ်လို့ ပြောသံကြားတယ်။ အဆုတ်ရောဂါလည်း ရှိတယ်”ဟု ဘန်ကောက်ရှိ ရွှေ့ ပြောင်းကရင်အလုပ်သမားတဦးက ဆိုသည်။

ဆရာတော်ဦးသုဇနသည် လွန်ခဲ့သည့် ၅ရက်ကတည်းက ဘန်ကောက်သို့ရောက်ရှိလာကာ ဆေးကုသ ခဲ့ ခြင်းဖြစ်ပြီး ယမန်နှစ်၊ နှစ်ကုန်ပိုင်းကလည်း ဖားအံဆေးရုံ၌ ယခုလိုပင် အောက်စီ ဂျင်ပိုက်သွင်းကာ လေး ရက်ကြာ တက်ရောက်ကုသခဲ့ရသေးသည်။
ဆရာတော် ဦးသုဇနသည် ကရင်ပြည်နယ်အတွင်း အင်အားအများဆုံး အပစ်ရပ်အဖွဲ့ဖြစ်သည့် တိုးတက် သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)၏ နာယကဆရာတော်တဦးလည်း ဖြစ်သည်။
သြစတြေးလျားနိုင်ငံ၊ မဲလ်ဘုမ်းမြို့ဆွမ်းကပ်ပွဲ

၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့က ဆရာတော်သည် ဒီကေဘီအေ (၉၀၇) ကလို့ထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူး ကြီးစောမုတ်သုန်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင် သည့် ကေအဲန်ယူခေါင်းဆောင် လေးဦးနှင့် မဲဆောက်မြို့တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
၁၅နှစ်မြောက် ဒီကေဘီအေနေ့ ကျင်းပသည့်အချိန်တွင် တွေ့ရသည့် ဆရာတော် ဦးသုဇန

ထိုအချိန်မတိုင်ခင်က ဆရာတော်သည် နယ်စပ်တလျှောက်တွင် တိုက်ခိုက်နေကြသည့် ကေအဲန်ယူနှင့် ဒီကေဘီအေ အဖွဲ့များ အား အပစ်အခတ်ရပ်စဲကြရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သလို နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့လည်း ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့စွဲဖြင့် ဒီကေဘီအေတပ်ဖွဲ့ကို အပ်နှံသည့်အကြောင်း စာရေးသားပေးပို့ခဲ့သည်။
ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပြန်လည်ပူး ပေါင်းခဲ့သည့် လက်နက်ကိုင်အပစ်ရပ်အဖွဲ့ဖြစ်သည်။

ကညောဖိုးမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)