Sunday, February 14, 2010

ဆွမ်းကပ်လှူပွဲနှင့် ၀တ်ပြုဆုတောင်းပွဲအစီအစဉ်ကျင်းပ(Sydney)။

သတင်း- ဖန်းလေး 14/02/2010

ကရင့်အမျိုးသားခေါင်းဆောင်အာဇာနည်ပဒိုမန်းရှာလားဖန်းအားရည်စူးလျှက်ဆွမ်းကြွေးပွဲအစီအစဉ်နှင့် ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို (၂)နေရာခွဲကျင်းပသွားခဲ့ပါသည်။ ပထမနေရာမှာ ဗုဒ္ဓဘာသာအရ သံဃာတော် (၃)ပါးဖြင့် Canley Vale ဆရာတော် (Sydney)၊ Coffhobour သံဃာတော်(Sydney)၊ Melbourne သံဃာတော်တို့အား ဆွမ်းကပ်လှူပွဲအစီအစဉ်ကို 3 Swift St, Guildford ဖထီးမန်းချစ်ဦး၊ နန်းမမိုးတို့နေအိမ် တွင် ပြုလုပ်ကြပါသည်။ နံနက် ၆း၀၀ နာရီအချိန်တွင် သံဃာတော်များကို ဆွမ်းဘုန်း ပေး ပြီး အစီအစဉ်ကို နံနက် ၇း၀၀ နာရီမှ ၈း၀၀ နာရီအထိ ရေစက်ချအမျှပေးဝေခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်း၊ တရားဓမ္မဟောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအခန်း အနားတွင် သံဃာတော် (၁)ပါးမှ “ပဒိုမန်းရှာလားဖန်းဟာ မြန်မာပြည်ဒီမိုကရေစီခေါင်း ဆောင်ဖြစ် သလို ကရင့်တော်လှန်ရေးတွင်လည်း ခေါင်းဆောင်တယောက်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာ့နိုင်ငံရေးတွင် အလေးစားခံရသူ၊ တော်လှန်ရေးတပ်ပေါင်းစုတွင် အလေး စားခံရသူ၊ ကရင့်တော်လှန်ရေးတွင်လည်းအလေးစားခံရသူ၊ မြန်မာပြည်ရှိပြည်သူ တ ရပ်လုံး အလေးစားခံရသူအဖြစ် ထင်ရှားသူတယောက်ဖြစ်တယ်။ ထိုကဲ့သို့သော ခေါင်း ဆောင် ကောင်းမျိုးကို လေးစားဂုဏ်ပြုထိုက်ကြောင်း” မြွက်ကြားသွားခဲ့သည်။ ထိုအခန်း အနားသို့ Sydney ရောက် ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဒကာ၊ ဒကာမ (၂၀)ကျော်ခန့် တက်ရောက်ခဲ့ပါသည်။


ပဒိုမန်းရှာလားဖန်းနှင့် မိမိ၏မိသားစု 2006 ခုနှစ်

နောက်အစီအစဉ်တရပ်မှာ ခရစ်ယာန်ဘာသာအလိုက် ဆရာမန်းချစ်စိန်နေအိမ်တွင် ကျင်းပခဲ့ပါသည်။ ထိုဝတ်ပြုဆုတောင်းပွဲအခန်းအနားတွင် ဆရာဝင်းမင်းမှ ပဒိုမန်းရှာ၏ အထုပတ္တိအကျဉ်းကိုပြောကြားသွားပြီး ထိုအထဲတွင် ပဒိုမန်းရှာ၏ စံတင်လောက်သော အရည်အချင်းကိုပါ ထည့်သွင်းပြောကြားရာတွင် အလုပ်ကြံမခံရမှီ တပတ်အလိုတွင် ၎င်းမှ ပဒိုမန်းရှာဆီသို့ အလည်ရောက်သွားခဲ့စဉ်တွင် ပဒိုမန်းရှာအား လုပ်ကြံမည့်အစီ အစဉ်ရှိနေကြောင်းပြောခဲ့ရာ ပဒိုမန်းရှာမှ “ ကျွန်တော်ဟာ ဘယ်သူ့ကိုမှ နစ်နာအောင် မပြုလုပ်ခဲ့ဘူး၊ အဲဒီအတွက်ကြောင့် ကျနော့ကိုလည်း နစ်နာအောင်လုပ်လိမ့်မယ်လို့ မထင်ပါဘူးဟု ပြန်ပြောခဲ့ကြောင်း၊ တကယ်လို့ သူ့ကိုလုပ်ကြံမည်ဆိုလည်း သူ့အတွက် ၀န်မလေးကြောင်း၊ အကြောင်းမူ တော်လှန်ရေးစလုပ်ကတည်းက လိုအပ်လျှင် အသက် ပေးရမည်ကိုနားလည်ကြောင်း ပြောခဲ့သည်ဟု ဆရာဝင်းမင်းမှ ထိုအခန်းအနားတွင် ပြောသွားခဲ့ပါသည်။ တဖန် မန်းအော်လန်ဒိုမှ ပဒိုမန်းရှာလားဖန်းဟာ ဟိုးငယ်ငယ် ကတည်းက ပညာကိုသာ တစိုက်မတ်မတ်ကြိုးစားပြီး ကရင့်သမိုင်း၊ မြန်မာပြည်သမိုင်း နှင့် ကမ္ဘာ့သမိုင်းကို လေ့လာခဲ့ကြောင်း၊ ရိုးရိုးသားသား အေးဆေးစွာနေတတ်သည့် အကျင့်မှာ ငယ်စဉ်ကလေးဘ၀ကတည်းဖြစ်ကြောင်း၊ တက္ကသိုလ်ပညာဆည်းပူးစဉ် တွင်လည်း ဗကသအဖွဲ့ဝင်တယောက်ဖြစ်ကြောင်း၊ သူ၏နိုင်ငံရေးအယူအဆမှာလည်း လက်ရှိကာလတွင်အမြင့်မားဆုံးဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့်အနစ်နာခံရာတွင်လည်း စံ တင်ထိုက်ကြောင်း၊ လူငယ်များကိုလည်း မျိုးချစ်လက္ခဏာရပ်နှင့်အညီ နိုင်ငံရေးအသိ၊ နိုင်ငံရေးနိုးကြားမှုရှိစေရန် တစိုက်မတ်မတ်အားပေးခဲ့ကြောင်း၊ ကေအဲန်ယူမူကို စွဲမြဲစွာ ကိုင်စွဲပြီး စစ်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သင်းအုပ်ဆရာ ဆရာတုတ်ဟန်မှ တရားဟောချက်ထဲတွင်” ပဒိုမန်းရှာလားဖန်းရဲ့ လမ်း စဉ်ဟာ သခင်ခရစ်တော်ရဲ့လမ်းစဉ်အတိုင်းဘဲ၊ သာမန်လူတွေမလိုက်နိုင်ဘူး” ဟု ပြော ကြားခဲ့သွားပါသည်။ ထိုအခန်းအနားတွင် လူဦးရေ (၅၀)ခန့်တက်ရောက်ခဲ့ပါသည်။ ၄င်းအစီအစဉ်ကို နံနက် ၈း၀၀နာရီမှ ၁၀း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပဒိုမန်းရှာလားဖန်းသည် KNU ကရင့်အမျိုးသားတော်လှန်ရေးကို မှန်ကန်စွာဦးဆောင်မှု ပေးနေချိန်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ခရစ်သက္ကရာဇ် 2008 ခုနှစ်တွင် နေပြည်တော် ၏ အစီအစဉ်ဖြင့် နေအိမ်တွင် လုပ်ကြံခြင်းခံခဲ့ရပါသည်။


Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)