Wednesday, March 3, 2010

မူမမှန် လူမဆန်တဲ့ မဟာဝါဒီရဲ့သရုပ်အမှန်

တက်နေ

မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ရာစုနှစ်တ၀က်ထွန်းကားနေခြင်းဟာ အကြောင်းမဲ့ သက်သက် မဖြစ်နိုင်ပါ ဘူး။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစု တွေ သိက္ခာမဲ့စွာ အနှိပ်ကွပ်ခံနေကြရတယ်။ ဒါကလည်း အကြောင်း မဲ့သက်သက်တော့မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးလို့ ပတ်ပတ်လည် သူပုန်ထခဲ့တာ ဒါတွေ ဟာလည်း အကြောင်းမဲ့သက်သက်မဟုတ်ဘူး။ (၈၈) အရေးအခင်းနောက်ပိုင်း ယခုထက်ထိ စစ်အာဏာရှင် ထွန်းကားနေဆဲ အရပ်သားအစိုးရကို ကူးပြောင်းဘို့ ကြိုးစားနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်၊ ဒါတွေဟာ လည်း အကြောင်းမဲ့သက်သက်မဟုတ်ဘူး။ ဟုတ်ပြီ။ အမုမဲ့ အမတ်မဲ့မဟုတ်ဘူး။ သွေးရိုးသားရိုးမဟုတ် ဘူး။

ဒီကနေ့ စစ်အာဏာရှင်ဟာ ဗမာလူမျိုးတွေအပေါ် စေတနာထားလား ဆိုတာ ဒါလဲမဖြစ်နိုင်ဘူး။ စေတနာမထား လို့ ပေတရာလမ်းမပေါ်မှာ ဆန္ဒပြတဲ့ ကျောင်းသား၊ ရဟန်းရှင် လူတွေအားလုံးကို ပစ်မိန့်ပေးခဲ့တာဘဲ။ ဒါပေမဲ့ ကိုယ့်လူမျိုးကိုထိရင် ဒါမှမဟုတ် သူများတွေကို ပေးရမဲ့အစား ကိုယ့်ဗမာ အချင်းချင်းကဘဲ အုပ်ချုပ်တာ ပိုကောင်းပါတယ်။ ဗမာဟာ ကမ္ဘာပေါ်မှာ ကျော်ကြားနေရမယ်၊ ဂုဏ်ရှိနေရမယ်ဆိုတဲ့ တလွဲမာန(တိုင်းပြည်ကို ကောင်း ကျိုးမပေး)ကို အဆောင်တခုအဖြစ် လက်ခံထားကြတယ်။ ဒါဟာ ဗမာလူမျိုး တွေရဲ့(အုပ်စိုးသူမဟုတ်) အားနည်းချက်ပါ။
မဟာလူမျိုးကြီးဝါဒီ(ကိုယ့်လူမျိုးသာမြတ်တယ်၊ကိုယ့်လူမျိုးသားတိုင်းပြုပြည်ပြု အရာရောက်တဲ့လူတန်းစား)ဆို တာ ဗမာမပြောနဲ့၊ မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ ဂျာမဏီလို ပထမကမ္ဘာစစ်ရော၊ ဒုတိယ ကမ္ဘာစစ်ပါ အပြီး တိုင်သင်္ဂြီုဟ်ခံခဲ့ရတယ်။ ဒါဟာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ နောက်ဆုံးသွားရာ လမ်းပါ။ ဒါကို သင်္ခန်းစာယူ သင့်တယ်။ နေရာတကာ ဗမာလူမျိုးကြီးပွားရေး၊ ဗမာလူမျိုးပညာတတ်ရေး၊ ဗမာလူမျိုးစီးပွားဖြစ်ရေး(ကျန် တိုင်းရင်းသားတွေကိုတော့ ပညာမတတ်ရေး၊ မကြီးပွားရေး)ဆို တဲ့သေးနုတ်တဲ့ မဟာဝါဒီစိတ် ဓါတ်တွေဟာ ဘယ်ခေတ်မှာဘဲဖြစ်ဖြစ်၊ လူအများစုကို ကိုယ်စားမပြု၊ အင်အားကြီးသူက အင်းအားနည်းကို အနိုင်ကျင့်ဖိနှိပ်၊ မုဒိန်းကျင့်၊ သတ်ဖြတ်တာ ဒါတိုင်းပြည်ရဲ့ တိုးတက်မှုလား၊ တိုင်းပြည်က တိုးတက်လာမှာလား။ အခြေခံဥပဒေ တွေကို လိုသလိုရေးဆွဲ၊ တိုင်းရင်းသားအခွင့်အရေးဆိုတဲ့ အခြေခံလူ့အခွင့်အရေးတွေပိတ်ပင်၊ တိုင်းရင်းသား နယ်မြေတွေမှာ စစ်ဆင်ရေးအ ကြောင်းပြပြီး မုဒိန်းကျင့်၊ သတ်ဖြတ်၊ ရွာတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ ပစ္စည်းတွေ ကို လုယူ၊ မီးရှို့ ဒါတွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖေါ်ဆောင်တာလား။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်ပြမှ ဒီလိုကြမ်းပြမှ တိုင်းရင်းသားတွေ လူထုတွေ အုပ်စိုးသူတွေကို လေးစားကြမှာတဲ့လား၊ မြန်မာပြည် ကြီး နေ့ချင်းညချင်းတိုးတက်သွားမှာတဲ့လား။ မဟုတ်ရပေါင်ဗျာ။ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ပါ။ ဒါဟာ ဘယ်သူမပြုမိမိမှုပါ။

အခုလည်း အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိုလည်း နယ်ခြားစောင့်တပ်တဲ့၊ ကြံကြံဖန်ဖန်ဗျာ၊ ကိုယ့်လူမျိုး ဗမာကျွန်ဘ၀က လွတ်မြောက်ဘို့ ဗမာလူမျိုးနည်းတူ တန်းတူအခွင့်အရေးရဘို့ နှစ်လပေါင်းမြောက်များစွာ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသားရေးစိတ် ရင့်သန်ထက်ရှနေတဲ့ တိုင်းရင်းသား စေ့စပ်ရေး အုပ်စုကို ဟိုလှည့် ဒီလှည့်၊ ဟိုပစ် ဒီပစ်၊ ဟို ခြောက်ဒီခြောက်၊ ဟိုရမ်းဒီရမ်း၊ အဲဒီလိုလုပ်လို့မရတဲ့အခါ စစ်အင်အား သုံးပြီး ချေမှုန်းပစ်မယ်ဆိုတာပါဘဲ။

ကျနော်ပြန်စဉ်းစားမိတယ်။ ဟိုရှေးက ဘိုးဘွားဘီဘင်လက်ထက်က ဗမာ ပဒေသရာဇ်မင်းတွေ ရမ်းလို့ သတ်လို့ တိုင်းရင်းသားတွေ ဘိုးဘိုး ဘွားဘွားတွေ ဘယ်လောက်ဒုက္ခရောက်မလဲပေါ့။ သိပ်တော့ရှည်ရှည်ဝေးဝေး ကြည့်စ ရာမလိုဘူးဗျ။ အခုလက်ငင်းခေတ်ကိုဘဲ ကြည့်ပါတော့။ အခုစစ်အစိုးရ ရိုင်းစိုင်းတာ အရင်က ဗမာ ပဒေသရာဇ် ကိုဘယ်မှီပါ့မလဲနော။ အခုတောင်မှ နည်းပညာ သိပ္ပံပညာတွေ လူသားဝါဒတွေ ဒီမိုကရေစီ လမ်းစဉ်တွေ လွှမ်းခြုံနေလို့၊ မဟုတ်ရင်တော့လား ဟိုးရှေးရှေးဘိုးဘိုးဘွားဘွားတွေကတော့ အဆ ပေါင်း ဘယ်လောက် များ ခံကြရမလဲနော်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အမျိုးသားတွေကို ချစ်တတ်ကြတယ်။ ဗမာတွေလည်း ဗမာတွေ အချင်းချင်း ချစ်တတ်ကြတာဘဲ။ ဒါတွေကို ဗမာအမျိုးသားတွေ ကိုယ်တိုင် ကိုယ်ချင်းစာ ဆန်းစစ်ပေးကြပါခင် ဗျား။ စစ်အာဏာရှင်စနစ် ဘာကြောင့် သက်ဆိုးရှည်ရ သလဲလို့။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)