Wednesday, March 3, 2010

တိုက်ပွဲသတင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း၊ လက်နက်ချသတင်း။

တပ်မဟာ (၅) ဖါပွန်ခရိုင်။
• ၁၇/၁/၂၀၁၀ ရက်နေ့ ကွီးနိုထာ ရွာသားများမှ DKBA ၏ ခိုင်းစေမှုကို မခံနိုင်တော့၍ တောတွင်းသို့ ရွာသားဦးရေ (၁၁၃)ယောက်ထဲတွင် အမျိုးသမီး (၅၄)ယောက်၊ အမျိုးသား (၅၉)ယောက်၊ အိမ်ထောင်စု ဦး ရေ (၁၈)လုံးခန့်သည် တပ်မဟာ (၃)နယ်မြေသို့ အိမ်ထောင်စု (၄)စု၊ တပ်မဟာ (၁)နယ်မြေ သို့ အိမ်ထောင်စု (၃)စု၊ ကျန်အိမ်ထောင်စု (၁၁)စုမှာ သရိခိုရွာသစ် (မာလေးလယ်ကျေးရွာအုပ်စု)သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရှိရပါသည်။

တပ်မဟာ (၁) သထုံခရိုင်။
• ဖာအံမြို့နယ် ၇/၂/၂၀၁၀ ရက်နေ့ DKBA ဖါးဒဲနှင့် ခမရ (၂၀၆)စုစည်း အင်အားတို့သည် အီးဟဲကျေးရွာတွင်းသို့ဝင်ရောက်၍ ကျေးရွာသား၏ ၀က်တကောင် ကာလတန်ဘိုး (၅၀၀၀၀)ကျပ်၊ ကြက် (၄)ပိဿာ ကာ လာတန်ဘိုး (၁၆၀၀၀)ကျပ်၊ ဆိတ် (၁)ကောင် ကာလတန်ဘိုး (၂၀၀၀၀)ကျပ်၊ ဘီယာ (၄)ဖာ ကာလတန်ဘိုး (၈၀၀၀၀)ကျပ် ကို အတင်းအဓမ္မ ယူငင်သွားပါသည်။
• ဘီးလင်းမြို့နယ် ၉/၂/၂၀၁၀ ရက်နေ့တွင် နအဖ စကခ (၄) ခမရ (၇၀၇) ဗျူဟာမှူး “စံဝင်း”သည် ၎င်းတို့၏ ရိက္ခာဆန်ကို ဝေါ့မှုကျေးရွာ မှ မယ်ပရဲခီးရွာသို့ အတင်းအဓမ္မသယ်ဆောင်ခိုင်းခဲ့သည်။ သယ် ဆောင်ပေးရသော ကျေးရွာများမှာ…
၁။ ပဒါဒေါ်ကျေးရွာ ဆန် (၄၀)အိတ်၊ ၂။ စီးကုန်းကျေးရွာ ဆန် (၁၂)အိတ်၊ ၃။ ညာဆူထာကျေးရွာ ဆန် (၁၀)အိတ်၊ ၄။ ကစယ်ဖိုး ကျေးရွာ ဆန်(၈)အိတ် အားလုံး (၇၀)အိတ်ကို အသီးသီးသယ်ဆောင် ပေးခဲ့ရသည်။
• ဘီးလင်းမြို့နယ် ၁၃/၂/၂၀၁၀ ရက်နေ့ ခလရ (၉၆) ဝေါမှုမှ ခိုးသူထသို့ ရိက္ခာသယ်ဆောင်ရန် ရွာသားများ၏လှည်းကို အတင်းအဓမ္မတောင်း ခဲ့သည်။ ၎င်းတို့မှာ နတ်ကြီးကျေးရွာအုပ်စု လှည်း (၈၀)စီး (လှည်းအစီး (၄၀)မှာ တိမ်းရှောင်သွားသောကြောင့်)တိမ်းရှောင်လှည်းတစီးလျှင် (၁၀၀၀၀၀)ကျပ်၊ အကယ်၍ ထိုငွေဒဏ်ကို မပေးဆောင်ပါက ထိုလှည်း ပိုင်ရှင်၏ ဇနီးကို ထိပ်တုံးထဲထည့်သည်ဟု သိရှိရသည်။
• သထုံမြို့နယ် ၁၄/၂/၂၀၁၀ ရက်နေ့ တပ်မ (၂၂) ခမရ (၂၀၆)တပ်ရင်း မှူး နိုင်မင်းသည် ၀ါပူ ကျေးရွာသား၏ ၀က်တကောင် ကာလတန်ဘိုး (၈၀၀၀၀)ကျပ်ကို အတင်းအဓမ္မယူငင်သွားသည်။
• ဖာအံမြို့နယ် ၁၆/၂/၂၀၁၀ ရက်နေ့ ခမရ (၃) ခွဲ (၃) နတ်ကြီးစခန်း ထိုင် စစ်သည် ကိုယ်ပိုင်နံပါတ် (၁၄၀၄၆၃၃)တပ်သား သိန်းကျော် (၂၃)နှစ်သည် KNU တပ်မဟာ (၁)သို့ MA-1 နှင့် ၎င်း၏ မဂ္ဂဇင်း (၁)ချပ်၊ ကျည် (၃၀)နှင့်အတူ သွားရောက်လက်နက်ချကြောင်း သိရှိ ရသည်။
• ဘီးလင်းမြို့နယ် ၁၆/၂/၂၀၁၀ ရက်နေ့ DKBA တပ်မဟာ(၉၉၉)၊ တပ်ရင်း (၉၀၃)၊ တပ်ခွဲ (၂) တပ်ကြပ်စောဥက္ကာသည် ကာဘိုင် (၁) တို့နှင့် အတူ KNU တပ်မဟာ (၁)သို့ လက်နက်ချခဲ့သည်။
• ဘီးလင်းမြို့နယ် ၁၆/၂/၂၀၁၀ ရက်နေ့ ည ၁၁း၀၀ နာရီအချိန် ခမရ (၇၀၃)စစ်ကြောင်း (၂)မှူး သိန်းထွန်းအောင်သည် လဲ့ခလော့ရွာသား အား ထီးဆောခီးနေရာတွင် ပစ်ခတ်ရာတွင် (၁)စောမောင်ခွေးဖြူ (၂၅)နှစ် (ရင်ဘတ်ထိမှန်)၊(၂)မောင်ကျော်ကိုင် (၂၅)နှစ် (ဆီးခုံထိမှန်) ၍ သေဆုံးသွားကြောင်းသိရှိရပါသည်။
• ဖာအံမြို့နယ် ၁၈/၂/၂၀၁၀ ရက်နေ့ ခမရ (၂၀၆) ဗိုလ်မှူးအေးထိုက်မှ ဘေဒီကိုးကျေးရွသားများကို ကြက် (၁)ပိဿာကို အတင်းအဓမ္မ တောင်းရမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

တပ်မဟာ (၂)၊ တောင်ငူခရိုင်။
• ၉/၂/၂၀၁၀ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန် နအဖ စကခ (၇) ကလော့မီးဒဲ အခြေစိုက်အဖွဲ့သည် ကော်သေးဒဲရွာအောက်ပိုင်း သကူ လိုနေရာအရောက် ဈေးဝယ်ရန်သွားကြသော ဆောဝါဒဲရွာသား များကို ပစ်ခတ်ရာ ထိုရွာသား များမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ထိုသို့ ထွက်ပြေးရာတွင် ရွာသားများ၏ ပစ္စည်းများဖြစ်သော (၁)စောဒိုကို၏ ဖာလာစေ့ (၁၈)ပိဿာ၊ (၂) စောဆာကူ၏ဆန် (၁)အိပ်၊ ငါး ခြောက် (၁၀)ပိဿာ၊ (၃) နော်မုနု ပစ္စည်းကာ လတန်ဘိုး (၁၀၀၀၀၀)ကျပ်၊ (၄) နော်ကလဲစဲ ရွှေလက်စွပ် (၂)ကွင်း နှင့် ငွေ (၂၀၀၀၀၀) ကျပ်၊ (၅) နော်အာလူး ဆန် (၈)ပြည်၊ (၆) နော်ဒီဇင်ဘာ၏ ဆန် တအိတ်ကို အဓမ္မယူဆောင်သွားခဲ့သည်။
• ထန်းတပင်မြို့နယ် ၁၅/၂/၂၀၁၀ ရက်နေ့ ခလရ (၄၂၁) ကလော့မီးဒဲ အခြေစိုက်အဖွဲ့သည် ကလော့မီးဒဲကျေးရွာသားများ အမျိုးသမီး (၁၅) ယောက်၊ အမျိုးသား (၁၅)ယောက်တို့အား ၎င်းတို့၏ ရိက္ခာသယ် ဆောင်ရန် ကလော့မီးဒဲစခန်းမှ လယ်ကလားဒဲစခန်းသို့ အတင်းအဓမ္မ ခိုင်းစေသွားခဲ့ကြောင်းသိရှိရသည်။
• ထန်းတပင်မြို့နယ် ၂၁/၂/၂၀၁၀ ရက်နေ့ ခလရ (၂၆၁)ဖလေးဆာ လော်အခြေစိုက်အဖွဲ့သည် ဖလေးဆာ့လော်ရွာသားများအား အိမ်တ အိမ်လျှင် (၁၂)တောင်ခန့်ရှည်သော ၀ါးဘိုးဝါး (၁)ချောင်းစီနှင့် တပင် တိုင်ဝါး (၃)လုံးစီကို ဖလေးဆာ့လော်စခန်းအတွက် အဓမ္မခိုင်းစေ ခဲ့ သည်။ ထိုတနေ့အတွင်း ခမရ (၄၂၁)ကလောမီးဒဲအခြေစိုက်အဖွဲ့မှ အတင်းအဓမ္မခိုင်းစေပြန်ရာ ကလော့မီးဒဲရွာအမျိုးသမီး (၆)ယောက်၊ အမျိုးသား (၁၀)ယောက်တို့အား ၎င်းတို့၏ ရိက္ခာသယ်ဆောင်ရန် ကလော့မီးဒဲစခန်းမှ လယ်ကလားဒဲစခန်းသို့ ထမ်းပို့ခဲ့ရသည်။
• ဒေါ်ဖာ့ခိုမြို့နယ် ၂၂/၂/၂၀၁၀ ရက်နေ့ ခမရ (၃၃၆) တပ်ရင်းမှူး စိုးနိုင် ဦး ခယ်ဝဲအခြေစိုက်သည် ၎င်းတို့၏ရိက္ခာကို ခယ်ဝဲရွာ (၇၀)အိတ်၊ လယ်ဂီခိုဒဲကားရွာ (၂၀)အိတ်၊ ခုသေ့ဒဲ (၂၀)အိတ်၊ စဘားလော့ခီး (၂၅)အိတ်၊ ခေါလောကား (၂၅)အိတ်၊ ကသောပွဲ (၂၀)အိတ်နှင့် အမဲ ဘူး (၁၀၂၀)လုံးကို ဒေးလိုတိုမှ ခယ်ဝဲစခန်းသို့ သယ်ဆောင်ပေးခဲ့ရ သည်။
• ထန်းတပင်မြို့နယ် ၂၃/၂/၂၀၁၀ ရက်နေ့ ၁၂း၀၀ အချိန်တွင် စကခ (၇) ခမရ (၄၂၇)စီဟဲဒဲနယ်မြေလှုပ်ရှားအဖွဲ့သည် စီဟဲဒဲရွာသားဖြစ် သော စောတာဒိုဝါး (၅၇)နှစ်ကို ဆက်ခီးနေရာတွင် ၀င်ရောက်ပစ်သတ် ခဲ့ရာတွင် ၎င်းနှင့် ပါလာသော တာဒိုဝါးသမီး နော်ထရူဝဲနာ (၂၇)နှစ်မှာ လည်း ညဘက်ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရှိခဲ့သည်။
တပ်မဟာ (၃) ညောင်လေးပင်ခရိုင်။
• တပ်ရင်း (၇) ၇/၂/၂၀၁၀ ရက်နေ့ နအဖတပ်မှ KNU တပ်ရင်း (၉) ကျောက် ကြီးမြို့နယ်သို့ဝင်ရောက်ရာတွင် ပြောက်ကျားတိုက်ပွဲ (၇)ကြိမ်ဖြစ်ပွားခဲ့ရာတွင် နအဖဘက်မှ (၇)ယောက်ဒဏ်ရာရှိပြီး တဆက်တည်း KNU စစ်ကြောင်းနှင့် (၂)ကြိမ်တိုက်ပွဲ ထပ်မံဖြစ်ပွား ရာတွင် နအဖမှ (ရ)ယောက် ဒဏ်ရာရှိ (၃)ယောက်သေဆုံးသွား သည်။
• တပ်ရင်း (၇) ၁၂/၂/၂၀၁၀ ရက်နေ့ ခမရ (၃၅၀)နှင့် ရင်ဆိုင်တိုက် ပွဲဖြစ်ပွားရာတွင် နအဖဘက်မှ (၂)ယောက်ဒဏ်ရာရှိသွားခဲ့သည်။
• တပ်ရင်း (၉) ၁၅/၂/၂၀၁၀ ရက်နေ့ နအဖတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ၌ နအဖမှ (၁)ယောက်သေ (၁)ယောက်ဒဏ်ရာရရှိခဲ့ သည်။
• ၁၅/၂/၂၀၁၀ ရက်နေ့ ခမရ (၄၃၈)တပ်သား (၂)ယောက်သည် MA-1 (2)လက်နှင့် ကျည် (၂၄၀)နှင့်အတူ လက်နက်ချပူးပေါင်းခဲ့ သည်။
• ၂၁/၂/၂၀၁၀ ရက်နေ့ ခမရ (၃၆၆)နှင့် ကလောစိုးတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာတွင် နအဖဘက်မှ (၁)ယောက်သေ၊ (၁)ယောက် ဒဏ်ရာရရှိခဲ့သည်။
• ၂၃/၂/၂၀၁၀ ရက်နေ့ KNU မှ လယ်ဝါးတွင် နအဖ ခမရ(၃၆၃)ကို ပစ်ခတ်ရာတွင် နအဖဘက်မှ (၁)ယောက်ဒဏ်ရာရှိခဲ့သည်။
• ၂၄/၂/၂၀၁၀ ရက်နေ့ တပ်ရင်း (၉)မှ စကခ (၁၀) ခမရ (၃၆၅)ကို ဆောမီးလူ၊ ကိုဖလားလေးလိုကြားတွင် ပစ်ခတ်ရာ နအဖမှ (၅) ယောက်သေ၊ (၇)ယောက်ဒဏ်ရာရှိပြီး MA-1 (၂)လက်၊ MA-4 (၁)လက်၊ MA ကျည် (၁၂)တောင့်နှင့် ကျည်ဘောက် (၅)ချပ်၊ M-79 ကျည်ဆံ (၁၃)လုံး၊ လက်ပစ်ပုံး (၁)လုံးရရှိခဲ့သည်။ KNU ဘက် မှ (၁)ယောက်သေ (၆)ယောက်ဒဏ်ရာရရှိပြီး ဒဏ်ရာရသည့်အထဲ (၁)ယောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
• ၂၅/၂/၂၀၁၀ ရက်နေ့ KNU ပြောက်ကျားအဖွဲ့မှ ခမရ (၃၆၆)ကို ပစ် ခတ်ရာ နအဖဘက်မှ (၁)ယောက်ဒဏ်ရာရှိခဲ့သည်။
• ၂၇/၂/၂၀၁၀ ရက်နေ့ KNU တပ်ဖွဲ့နှင့် နအဖတပ် သိုးခိုနေရာတွင် တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ (၅)ဦးဒဏ်ရာရရှိပြီး (၁)ယောက် သေသည်ဟု သတင်းရရှိသည်။
တပ်မဟာ (၄)၊ ဘိတ်ထားဝယ်ခရိုင်။
• ၃/၂/၂၀၁၀ ရက်နေ့ ၁း၂၅ နာရီအချိန်တွင် နအဖတပ်ရင်း (၁၇)အား KNU မှ မနိုးရိုကျေးရာဘေးတွင် ပစ်ခတ်ရာ နအဖမှ (၂)ယောက်သေ၊ (၁)ယောက်ဒဏ်ရာရရှိပြီး KNU ဘက်မှ (၁)ယောက်သေသည်ဟု သ တင်းရရှိပါသည်။
တပ်မဟာ (၅)၊ ဖာပွန်ခရိုင်။
• ၄/၂/၂၀၁၀ ရက်နေ့ နံနက် ၈း၂၀ နာရီအချိန်တွင် KNU မှ ထောက်ပို့တပ် အား ဆောဘွဲဒဲဂွင်တွင် ပစ်ခတ်ရာ နအဖဘက်မှ (၁)ယောက်သေဆုံးသွားခဲ့ သည်။
• ၇/၂/၂၀၁၀ ရက်နေ့ KNU တပ်မှ နအဖတပ်အားပစ်ခတ်ရာ နအဖ ဘက်မှ (၁)ယောက်သေသွားခဲ့သည်။
• ၈/၂/၂၀၁၀ ရက်နေ့ DKBA (၆၆၆) တပ်ရင်းမှူး ဖါးနာဒိနှင့် လုံခြုံရေး တပ်ရင်းရင်းမှူး မောင်ချစ်နှင့်တပ်သား ဖါးဆက်တို မယ်မွဲထာအခြေ စိုက်အဖွဲ့သည် ၀ါကျူခိုကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာလူကြီး ဖါး ဆောဒိ၏ ခေါင်းကို သေနတ်ဒင်ဖြင့် (၃)ချက်နှင့် ဘေးကို ခြေထောက် ဖြင့် (၃)ချက်ကန်ပြီး မျက်နှာကို (၁)ချက်ထိုးခဲ့သည်။ ထိုသို့ စုံစမ်းစစ် ဆေးနေစဉ် သေနတ်ကို အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်။ တချိန် တည်း ရွာသား စောထွန်းအောင်ကို လက်သီးနှင့် (၃)ချက်ထိုးခဲ့ပြီး မယ် မွဲထာစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
• ၉/၂/၂၀၁၀ ရက်နေ့ KNU နှင့် နအဖတို့ ခေးပူဂွင်၊ ဆာလော်ကုန်းတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၂)ယောက်ဒဏ်ရာရ ရှိပြီး တနေ့တည်းတွင် တမေထာနှင့် ဘောလေးဒဲကြားတွင် တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ၏ မြင်း (၁၂)ကောင် ဒဏ်ရာရရှိခဲ့သည်။ တနေ့ တည်း ၀ါကာခိုနှင့် တိုလူခိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြန်ရာ နအဖမှ (၇)ယောက်ဒဏ်ရာရရှိခဲ့သည်။ တနေ့တည်း KNU ပြောက်ကျားအဖွဲ့မှ ထီးကိုကွီးဆိမူဟဲဒဲဂွင်တွင် နအဖအားပစ်ခတ်ရာ နအဖဘက်မှ (၁) ယောက်ဒဏ်ရာရရှိခဲ့သည်။
• ၁၀/၂/၂၀၁၀ ရက်နေ့ KNU ပြောက်ကျားမှ နအဖအား မူနွယ်ဒေး၊ ဖလာခိုရွာ ခြံဘေးတွင် ပစ်ခတ်ရာ နအဖဘက်မှ (၃)ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
• ၁၂/၂/၂၀၁၀ ရက်နေ့ နအဖ ခမရ (၇၀၄)စစ်ကြောင်းမှူး သန်းထွန်း ၀င်းဦးစီး မယ်ပရေးခီးစခန်းအခြေစိုက်အဖွဲ့သည် ကျေးရွာသားများကို အတင်းအဓမ္မ ၎င်းတို့၏ရိက္ခာကို ၀ါမူမှ မယ်ပရေးခီးစခန်းအထိ ထမ်း ခိုင်းခဲ့သည်။ ထိုကျေးရွာများမှာ (၁)၀ါမူကျေးရွာ ဆန်အိတ် (၆၀၀) အိတ်၊ (၂) ဖိုးခဲထာ ဆန်အိတ် (၂၀၀)အိတ်၊ (၃) မယ်ပုထ ဆန်အိတ် (၃၀၀)အိတ်၊ (၄) မယ်ပိုးခီး ဆန်အိတ် (၁၀၀)အိတ်၊ ၎င်းတို့မှ အခ ကြေးငွေလုံးဝမပေးဘဲအတင်းအဓမ္မခိုင်းစေသွားခဲ့သည်ဟုသိရှိရသည်။
• ၁၂/၂/၂၀၁၀ ရက်နေ့ KNU တပ်ဖွဲ့မှ နအဖအား ဖွေးပွပူနှင့် ဖွာဟဲထ အကြားပစ်ခတ်ရာ နအဖဘက်မှ (၄)ယောက်သေပြီး၊ တရက်တည်း ပါဟဲနယ်မြေတွင်ပစ်ခတ်ရာ နအဖဘက်မှ (၁)ယောက်ဒဏ်ရာရရှိပြီး၊ တဆက်တည်း တာကျော်ဖိုးထနေရာတွင် ပစ်ခတ်ရာ နအဖဘက်မှ (၃)ယောက်ဒဏ်ရာရှိခဲ့သည်။
• ၁၃/၂/၂၀၁၀ ရက်နေ့ KNU နှင့် နအဖတပ်တို့ ကျောက်ညပ်နှင့် ပါဟက်အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ (၁)ယောက် သေဆုံးသွားသည်။
• ၁၅/၂/၂၀၁၀ ရက်နေ့ နအဖ ကျန်းမာကယ်ဆယ်ရေးဌာနမှ မတ်ထော ကျေးရွာအုပ်စုသို့ သွခို့လိုကျေးရွာအား ခြင်ထောင် (၅၀)လုံး၊ တာ ဟူး လို ကျေးရွာအတွက် (၂၁)လုံး၊ သာမကျူလိုကျေးရွာအတွက် (၁၈) လုံး၊ ဃော်ကလားကျေးရွာအတွက် (၂၁)လုံး၊ မတ်ထောကျေးရွာ (၆၀) လုံး၊ ပိုဘောခိုကျေးရွာ (၅၀)လုံး၊ ကူးဆိ (၃၆)လုံး၊ တဒွီးခို (၂၆)လုံးကို ပေး ခဲ့ကြောင်း သတင်းရရှိသည်။
• ၁၆/၂/၂၀၁၀ ရက်နေ့ DKBA (၃၃၃)ဖါးဘိခို့ဦးစီးသည် ကျေးရွာသား များအား ဖွေးပွာပူမှ ဒိုခိုဝါးကျေးရွာအထိ ၎င်းရိက္ခာကို အတင်းအဓမ္မ ထမ်းပို့စေခဲ့သည်။ ၎င်းတို့မှ မောထာကျေးရွာသား (၃)ယောက်၊ ဒိုခိုဝါး ကျေးရွာသား (၅)ယောက်ဖြစ်ကြသည်။
• ၁၉/၂/၂၀၁၀ ရက်နေ့ နအဖတပ် ဆာလောကုန်း ခေးပူကျေးရွာအခြေ စိုက်အဖွဲ့သည် နံနက် ၀၉း၄၇နာရီအချိန် လက်နက်ကြီးကျည်တလုံးကို သေ့သူခီး တရူထကျေးရွာသို့ ပစ်ခတ်ရာတွင် စာသင်ကျောင်းကို ထိ မှန်ခဲ့သောကြောင့် ကျောင်းသား (၃)ယောက်ထိမှန်သည့်အထဲတွင် (၁)စောရောဘီ ထူး အသက် (၁၅)နှစ်သည် ၂၁/၂/၂၀၁၀ နံနက် (၃) နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။ (၂) စောဆာကပရူထူး အသက် (၈)နှစ် (လက်မောင်းတွင်ထိမှန်)၊ (၃) စောအယ်ကော်တော အသက် (၈)နှစ် (ပေါင်သို့ထိမှန်) ခဲ့သည်ဟု သတင်းရရှိပါသည်။
တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်။
• ၉/၂/၂၀၁၀ ရက်နေ့ ၉း၀၀ နာရီ ခမရ (၄၀၉) ဘုရားငုတ်တိုစခန်းထိုင် နအဖတပ်သား (၃)ဦးသည် KNU ဘက်သို့ လက်နက်ချအလင်းဝင် ရောက်ခဲ့ကြောင်းသိရှိရသည်။ ၎င်းတို့နှင့်အတူ MA-(၃)လက်နှင့် ၎င်း ၏ မဂ္ဂဇင်း (၇)ချပ်၊ ကျည် (၄၉၀)တောင့်။ ၎င်းတို့၏အမည်မှာ ခိုင်လင်း ထက်၊ မိုးမြင့်ကို၊ ကျော်မင်းထက်တို့ဖြစ်ကြသည်။
တပ်မဟာ (၇)၊ ဖာအံခရိုင်။
• ၁၇/၂/၂၀၁၀ ရက်နေ့ ၁း၀၀နာရီ DKBA (999) တပ်ရင်း (၇)တပ်ရင်း မှူး လှသိန်းသည် ၎င်း၏တပ်သား ဖါးဒိခုနှင့် အဖေါ်နှစ်ယောက်အား ထိုင်းနိုင်ငံ နိုဘိုးရွာရှိ ကျော်ဒါးဖိုးအား သွားရောက်ပစ်သတ်ခိုင်းခဲ့သည်။ ပစ္စတိုဖြင့် (၂)ချက်ပစ်ခဲ့ပြီး ၎င်းတို့၏နေရာသို့ ပြန်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)