01 Oct 2010
တပ်မဟာ(၂) တောင်ငူခရိုင်။
ဒေါဖခိုမြို့ နယ်၊ ထီးသာစောရှိ ခလရ(၃၀)ဗိုလ်ကြီးမျိုးမင်းအောင်ဦးစီးသောအုပ်စုသည် ၂၇.၀၉.၂၀၁၀နေ့ တွင် ဟိုသောပလို၊ ထီးသာစော အုပ်စုရှိ ရွာသူကြီးများကိုဆင့်ခေါ်ပြီး သန်းခေါင်စာရင်းကောက်ရန်မှာကြားခဲ့သည်။ တဆက်တည်းမှာပဲ သီသောခို၊ မယ်သောဖိုလီ၊ ထာယယ်ဖလိုစသည့် နေ ရာများတွင်အဆောက်အအုံဆောက်ဖို့ အတွက်ပြောပြီး တအိမ်တယောက်ပေါ်တာထမ်းရန်အတွက်တောင်းဆိုခဲ့သည်။
ထန်းတပင်မြို့ နယ်၊ ဘောဂလိမြို့နယ်ခွဲ မြို့ နယ်မှူးသည်၂၈.၀၉.၂၀၁၀နေ့ တွင် ကလော်မီးဒဲရွာအားဆေးပေးခန်းတလုံးဆောက်ရန်မှာကြား ပြီး ဆရာဝန်တဦးနှင့် ဆရာမတဦးပေးမည်ဟုပြောခဲ့သည်။ ဒါပေမဲ့ သူတို့၏အစီအစဉ်များနောက်ပိုင်းဘယ်လိုဖြစ်လာမလဲ ဆိုတာကိုရွာသူရွာသားများ ဆက်လက်စောင့်ကြည့်ဦးမည် ဆိုတဲ့အကြောင်းသတင်းရရှိသည်။
ထန်းတပင်မြို့ နယ်၊ ခလရ(၃၉)အုပ်စုသည် ၁၉.၉.၂၀၁၀နေ့ တွင်စွားလိုရွာမှ ရွာသား စောပိုထူး အားစွားလိုအုပ်စု ယေနာပူတွင်လာရောက်ဖမ်းဆီး ပြီး သူတို့ ၏စစ်စခန်းသို့ ပြန်ဖမ်းသွားသည်။ ဘာအကြောင်းကြောင့် ဖမ်းသည်ကိုမသိရတဲ့အပြင်၊ ယခုထက်တိုင်ပြန်မလွတ်သေးကြောင်းသတင်းရရှိ သည်။
No comments:
Post a Comment