Friday, October 29, 2010

စစ်အာဏာရှင်တို့ ညူကလီးယားပိုင်ဆိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်

27 Oct 2010 02:39 AM PDT
Freedom News Group မှ....

မြန်မာစစ်အာဏာရှင်တို့ဟာ အဆင့်မြင့်ညူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက် မြောက်ကိုရီးယား အဆင်မြင့်သိပညာရှင်များအကူအညီဖြင့် အရှိန်မြင့်ဆောင်ရွက်နေကြောင်းသတင်းများထွက်ပေါ်နေသည်။


နော်ဝေးနိုင်ငံအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံမှမြန်မာ့စစ်အာဏာရှင်တို့ညူကလီယား
ပိုင်ဆိုင်မှုကြိုးပမ်းချက်လျို့ ၀ှက်မှတ်တမ်းများကိုပြီးခဲ့သည့် ဂျွန်လကနိုင်ငံတကာကိုထုတ်
လွှင့်တင်ပြခဲ့သည်။ထိုထုတ်လွှင့်ခဲ့သောမှတ်တမ်းဓါတ်ပုံများ၊စာတမ်းများအရနိုင်ငံတကာညူ
ကလီးယားစွမ်းအင်အေဂျင်စီမှဒါရိုက်တာဟောင်းရောဘတ်ကယ်လီကညူကလီယား ထုတ်လုပ်မှုကြိုးပမ်းနေသည်မှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။မြန်မာစစ်အဏာရှင်
တို့ဟာ မြေအောက်ဥမင်များအတွင်းတွင် မြောက်ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်နိုင်ဖို့
ကြိုးစားနေကြောင်း၊ မြန်မာစစ်အစိုးရကြိုးစားနေမှုများသည်တိုးတက်ကောင်းမွန်သည့်
အဆင့်ကိုတော့မရောက်သေးကြောင်းထိုင်းနိုင်ငံသတင်းထောက်များအသင်းတွင် အင်္ဂါံနေ့
က ပြောဆိုလိုက်သည်။

ကယ်လီကဆက်လက်ပြီး မြန်မာ့ ညူကလီယားထုတ်လုပ်နိုင်ဖို့အစီအစဉ်ကို အတွေ့အကြုံ
ရှိပြီးသောနိုင်ငံတခုကနည်းပညာ၊ကျွမ်းကျင်ပညာရှင်များလိုအပ်သောပစ္စည်းများကိုကူညီပံပိုး
ပေးရင်တော့မြန်မြန်ဆန်ဆန်ဘဲညူကလီးယားလက်နက်ပိုင်ဆိုင်သွားကြောင်း၊ထိုသို့ကူညီပံ့
ပိုးမယ့်နိုင်ငံဟာလည်းမြောက်ကိုရီးယားနိုင်ငံဖြစ်တယ်လို့သူယုံကြည်ကြောင်း ဆက်လက်
ပြောဆိုခဲ့သည်။ နိုဝင်ဘာ ( ၇ ) ရက်နေ့ မှာနှစ်၂၀အတွင်းပထမဆုံးအကြိမ်ကျင်းပ
တော့မယ် ရွေးကောက်ပွဲ ကြောင့်မြန်မာစစ်အာဏာပိုင်တို့ရဲ့မြောက်ကိုရီးယားနဲ့ပူးပေါင်း
ဆောင်ရွက်နေတဲ့ညူကလီးယားလက်နက်ထုတ်လုပ်မှုကြိုးမှုကိုအနောက်နိုင်ငံတွေရဲ့စိုးရိမ်
မှုတွေကိုဖယ်ရှားနိုင်မယ်လို့ယူဆထားသည်။ဒီမိုကရက်တစ်မြန်မာ့အသံရဲ့မှတ်တမ်းသတင်း
ထဲမှာပါတဲ့ထောင်ပေါင်းများစွာသောဓါတ်ပုံတွေ။နည်းပညာအချက်အလက်အချို့နဲ့ပစ္စည်းတွေ၊
စမ်းသပ်ချက်တွေ၊မြေအောက်ဥမင်တွေလျိှု့ဝှက်စွာဆောက်လုပ်နေမှုတွေဟာမြောက်ကိုရီးယား
နည်းပညာအဖွဲ့ကကူညီပေးတယ်ဆိုတာထင်ရှားသောသက်သေများဖြစ်သည်ဟု ပြောဆိုခဲ့
သည်။အမေရိကန်အစိုးရမှမြန်မာစစ်အာဏာရှင်နှင့်မြောက်ကိုရီးယားပူပေါင်းပြီးစွမ်းအားမြင့်
ညူကလီးယားလက်နက်ထုတ်လုပ်နိုင် ကြိုးပမ်းဆောင်ရွက်မှုများကို အလွန်စိုးရိမ်ကြောင်း
ထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများမှလာမည့်ရွေးကောက်ပွဲကိုမျော်လင့်နေကြမယ့်အနောက်နိုင်ငံ
အစိုးရများကတော့ရွေး ကောက်ပွဲပြီးတက်လာမယ့် အရပ်ဝတ်အစိုးရသစ်ရဲ့နောက်ကနေ
၏စစ်တပ်က အာဏာဆက်ကိုင်ထားမယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေကြကြောင်း ပြော
ဆိုခဲ့သည်။ကယ်လီကဆက်လက်ပြီး မြန်မာ့စစ်အစိုးရရဲ့ ညူကလီးယားပိုင်ဆိုင်မှုကြိုးပမ်း
ချက်အစီအစဉ်မှာ ပြည်ပအကူအညီမပါဘဲပိုင်ဆိုင်ဖို့ ကိုသံသယဖြစ်စရာမလိုကြောင်း၊
ထိုင်းပြည်သူတွေရဲ့လုံခြုံမှုကိုပြောရရင်တော့နှစ်အနည်းငယ်အတွင်းလုံခြုံမှုရှိမှာဖြစ်ပြီး၊
မကြာခင်နည်းအနည်းငယ်အတွင်းမှာတော့မြန်မာအစိုးရပိုင်ဆိုင်လာနိုင်ကြောင်းပြော
ဆိုခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)