Wednesday, November 10, 2010

ကြာအင်းဆိပ်ကြီးပစ်ခတ်မှုသတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ နိုဝင်ဘာလ ၈ရက်နေ့ညနဲ့ ၉ရက်နေ့ နှစ်ညစလုံး နအဖ တပ်တွေက ကေအဲန်ယူတွေရှိမဲ့နေရာတွေကို လက်နက်ကြီးငယ်နဲ့ ပစ်ခတ်တယ်။ ၈ရက်နေ့ည ၈နာရီခွဲကနေ ၉နာရီခွဲအထိ ပစ်ခတ်ခဲ့ပေမဲ့ ကေအဲန်ယူဘက်က ပြန်လည်ပစ်ခတ်ခြင်းမရှိခဲ့ဘူးလို့ ဒေသတယောက်က ပြောတယ်။


၉ရက်နေ့ညကျတော့ ပစ်ခတ်မှုက ပိုဆိုးလာတယ်။ နိုဝင်ဘာ ၇ရက် ရွေးကောက်ပွဲ မဲထည့်ပြီးတဲ့နောက် မဲရေတွက်တာ မရှိသေးဘဲ ၈ရက်နဲ့ ၉ရက်နေ့တွေကျမှ ရေတွက်တော့ လုံခြုံရေးအတွက်ဆိုပြီး ရွာတွေထဲကို အဲလိုပစ်ခတ်တာလို့ ထင်ကြတယ်။ ဒီညမှာလည်း အလားတူ ပစ်ခတ်မှုတွေ ရှိအုံးမယ်လို့ သိထားတော့ ရွာသားတွေက ကျီးလန့်စာစား ဖြစ်နေရတယ်ဆိုပြီး ကြာအင်းဆိပ်ကြီးမြို့ခံတယောက်က ပြောတယ်။

အဲလိုပစ်ခတ်တဲ့ နအဖ တပ်တွေက အဲဒီဒေသ အခြေစိုက်တပ်ရင်းတွေ၊ တပ်မတွေနဲ့ ဗျူဟာတွေ ပေါင်းပြီး ပစ်ခတ်တာလို့ ပြောတယ်။ ဒါပေမဲ့ အဲလိုပစ်ခတ်မှုကြောင့် ထိခိုက်သေကြေမှု ရှိမရှိကိုတော့ မသိရဘူး။ အဲဒီဒေသဘက်က မဲရုံတွေမှာ မဲလာထဲ့ဖို့ သတ်မှတ်ထားတာထက် လာထည့်တဲ့ လူဦးရေက အရမ်းနည်းတယ်လို့ သိရတယ်။)

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)