Wednesday, November 10, 2010

KNU လက်ချက် KNU လက်ချက်

ကဲ...နအဖကတော့ လုပ်ချလိုက်ပြန်ပြီ။ ပြည်သူလူထုကို သတင်းအမှောင်ချခဲ့တာလဲ ကြာပါပြီ။ နှစ်ပေါင်း ၆၀ ဆိုပါတော့။ အခုလည်း KNU ဖြစ်ပြန်ပြီတဲ့။

Photobucketကေအဲန်ယူလက်ချက်ဟု နအဖစွပ်စွဲ Click here......

အရပ်သားတွေ သောင်းနဲ့ချီ အိုးပစ်အိမ်ပစ် ထွက်ပြေးရလောက်အောင် ဖြစ်ခဲ့တဲ့ အပစ်အခတ်တွေဟာ KNU လက်ချက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတို့က သတင်းစာကနေ အတည်ပေါက် ပြောလိုက်ပါတယ်။

၈၈ ဆိုတဲ့ ဂဏန်းနဲ့ အစပြုတဲ့ နာမည်ကြီး ပါတီတခု တနေရာမှ မနိုင်အောင် လုပ်လိုက်တာလည်း KNU လက်ချက် ဖြစ်ကြောင်း မနက်ဖြန် ကြားရမယ် ထင်တယ်။

ဂျပန် စာနယ်ဇင်းသမား မြ၀တီသွားအောင် အခါတော်ပေးတာလည်း ကရင် လက်နက်ကိုင် အဖွဲ့ KNU ပဲ ဖြစ်ရမယ်။ မြ၀တီမြို့ဆိုတာ ကရင်ပြည်နယ်ထဲမှာ ရှိတယ်လေ။

ကျနော် မနေ့က ၁၅ မိနစ်ကြာအောင် ခေါင်းကိုက်တာလည်း KNU လက်ချက် ဖြစ်နိုင်တယ်။ ကရင်ပြည်နယ်ဘေးမှာ ၄ နှစ်လောက် နေခဲ့ဖူးတယ် ဆိုတော့ ဖြစ်နိုင်တာပေါ့။

ဟိုနေ့က ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်သွားပြီလို့ ဆိုတယ်။ အဲဒါလည်း KNU လက်ချက် ဖြစ်ဖို့ များတယ်။ ဒီငနဲ မသေခင်က သုမွဲထသစ္စာ၊ သုမွဲထဂရုဏာတို့ ဘာတို့ ဆိုပြီး ရိုက်သွားတော့ KNU က သမ လိုက်တာ ဖြစ်မယ်။ အဲဒီရုပ်ရှင်ဇာတ်ကား ဖားအံမှာ သွားရိုက်တုန်းက KNU ကွန်မန်ဒိုတွေ သူ့ကို ခြုံခို တိုက်တာ ထိသွားတယ် လို့ ချင်းမိုင် ရုက္ခစိုးကြီးက ပြောတယ်။ အဲဒီတုန်းက ထိသွားတဲ့ အဆိပ်အပ်က အခုမှ အစွမ်းပြတာ ဖြစ်မယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)