Saturday, November 6, 2010

ဥရောပရောက် ဗိုလ်မှူးစိုင်းသိန်းဝင်း လုပ်ကြံခံရမည်ကို စိုးရိမ်

Friday, 05 November 2010

မိုးမခအထောက်တော် အမှတ် ၀၀၄
နိုဝင်ဘာ ၅၊ ၂၀၁၀

ဥရောပနိုင်ငံတခုတွင် ခိုလှုံနေသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက လုပ်ကြံခံရမည်ကို စိုးရိမ်နေကြောင်း လန်ဒန်မြို့ထုတ် The Independent သတင်းစာတွင် ယနေ့ ရေးထားသည်။
“ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းသည် ဥရောပ မြို့ကြီးတခု၏ ဆင်ခြေဖုံးရှိ တိုက်ခန်းငယ် တခုတွင် ရှိနေကြောင်း၊ ပြတင်းပေါက် အခန်းဆီးများ ချထားကြောင်း၊ မြန်မာစစ်အုပ်စုက လူလွှတ်ပြီး သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် သူ၏ တိုက်ခန်းလိပ်စာ အတိအကျကို လျှို့ဝှက်ထားလိုကြောင်း” သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။
ထိုဆောင်းပါးကို နော်ဝေနိုင်ငံထုတ် Morgenbladet သတင်းစာတွင် ယနေ့ ဖော်ပြမည်ဟု ဆိုသည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းသည် ရုရှနိုင်ငံတွင် ဒုံးကျည် နည်းပညာ သင်ယူခဲ့ပြီး မြန်မာ့တပ်မတော်၏ နျူကလီးယားစီမံကိန်း စက်ရုံသုံးခု ထဲမှ တခုဖြစ်သည့် မြိုင်မြို့ရှိ စက်ရုံတွင် ဒုတိယ တာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်နေစဉ် ပြည်ပသို့ ထွက်ခွာခဲ့ကြောင်း DVB ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ပြည်ပသို့ ထွက်ခွာပြီး မြန်မာ့တပ်မတော်၏ နျူကလီးယား အိပ်မက် ဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက် စာတမ်း၊ ဓာတ်ပုံ အထောက် အထားများ ဖွင့်ချခဲ့သည်။

စစ်အစိုးရသည် တာဝေးပစ်ဒုံးကျည် နှင့် နျူကလီးယား လက်နက် ထုတ်လုပ်ရေး စီစဉ်နေကြောင်း ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ပြောကြားချက်ကို ဇွန်လက DVB နှင့် အယ်လ်ဂျာဇီးယား ရုပ်သံတို့တွင် ထုတ်လွှင့်ခဲ့သည်။

ထုတ်လွှင့်ပြီး ရက်ပိုင်းအတွင်း မြန်မာပြည်ရှိ သူ၏ မိသားစု ဆွေမျိုးများကို အာဏာပိုင်တို့က စစ်ဆေး မေးမြန်းခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)