Thursday, 04 November 2010 ဆိုင်းဂျာ
ဖားကန့်မြို့နယ် ကားမိုင်းမြို့တွင် မနေ့က မဲအစမ်းလေ့ကျင့်ပညာပေးထည့်ခိုင်းရာ အယောက် ၄၀မှာ အယောက် ၃၀ကျော်က NDF (အမျိုးသားဒီမိုကရေစီ အင်အားစု) ခမောက်ပုံပါ ပါတီကို မဲပေးခဲ့ကြရာ ကြံ့ဖွံ့ပါတီက NDF ပါတီအား ဖုန်းဖြစ်ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပါတယ်လို့ NDF ပါတီမှ ကားမိုင်းမြို့နယ် စည်းရုံးရေးမှုးက ပြောပါတယ်။
မနေ့ည ကျတော်အိမ်ရှေ့မှာရှိတဲ့ ကျတော့် ဆိုင်းဘုတ်ကိုလာဖြုတ်သွားပေးတာ၊ ကျတော်တို့ဝေထားတဲ့ လက်ကမ်းစာစောင် တွေရော ကြံ့ခိုင်ရေး ဥက္ကဋ္ဌတွေ လိုက်လျှောက်သိမ်းတယ်၊ ပြီးတော့ ကျတော့်ကိုရော ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့ ခဏခဏပြောပါတယ်။
သူ၏ဆိုင်းဘုတ်မှာ ဗီိနိုင်းဖြင့် ပြုလုပ်ထားကာ ၄ပေခန့်ရှိသည့်ဆိုင်းဘုတ်အား သံကြိုးဖြစ်ချီထားရာ ဘယ်သူဘယ်ဝါဖြုတ်သွားသည်ကို မသိသေးသော်လည်း သူကတော့ ကြံ့ခိုင်ရေးမှ မဲအစမ်းလေ့ကျင့်ရာတွင် NDF အနိုင်ရရှိတာကို မကျေနပ်ပြီး လာဖြုတ်သွားရတာ ဖြစ်မယ်လို့ စည်းရုံးရေးမှုးကပဲ ပြောပါသည်။
ကားမိုင်းမြို့နယ်တွင် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုတွေ၊ အခြား ဒုက္ခိတတွေအား ကြိုတင်မဲ ကောက်ခံရာ ရပ်ကွက်ဥက္ကဋ္ဌရှေ့ဖြစ်ဖြစ်၊ ရဲရဲဝံဝံ ကိုယ်ကြိုက်သည့် ပါတီအား မဲထည့်နိုင်ကြတယ်လို့ သိရပါသည်။
No comments:
Post a Comment