Monday, November 22, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ပါတီများပြော

2010-11-19

အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။

 နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။
အလားတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၀ံသာနု NLD နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ကလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သူတို့၏ပါတီများ တွေ့ကြုံခဲ့သည့် ရွေးကောက်ပွဲ မသမာမှုများကို ထုတ်ဖော် ပြောဆိုသွားခဲ့ကြပါသည်။ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း ၄၉ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး၊ ၃ နေရာ အနိုင်ရခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)