Tuesday, November 2, 2010

မုန်တိုင်းငယ်တလုံး ဖြစ်တည်နေပြန်

ဒီကနေ့ မုန်တိုင်းငယ်တလုံးဖြစ်တည်နေပြန်ပါပြီ။ လတ်တလောအားဖြင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တည်ရှိနေသေးပေမယ့် အနောက်မြောက်ဘက်ကို ရွှေ့လာနိုင်တဲ့အတွက် သတိပြု စောင့်ကြည့်နေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။ သူ့ရဲ့ ခန့်မှန်းချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။

ဂီရိဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးကတည်းက weatherline ဟာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်ကို ရွှေ့သွားခဲ့ပြီး မလက္ကာရေလက်ကြားမှာ ရေအပူချိန်တွေ မြင့်တက်နေတယ်လို့ MCCW က ဖော်ပြထားခဲ့ပါတယ်။ အခု အဲဒီနေရာမှာ မုန်တိုင်းငယ်တခု စဖြစ်နေပြန်ပါပြီ။ မုန်တိုင်းဟာ လက်ရှိအနေအထားအရတော့ မြန်မာပြည်ကို မထိခိုက်နိုင်ပါဘူး။ လတ္တီတွဒ်က နိမ့်နေပါတယ်။ ဒါပေမယ့် မုန်တိုင်းငယ်ဟာ အနောက်မြောက်ဖက်ကို ရွေ့မယ်လို့ ခန့်မှန်းထားတော့ မကြာမီ ကပ္ပလီပင်လယ်ပြင်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာ့ရေပိုင်နက်ဖြစ်လာပါပြီ။ အားကောင်းဖို့လည်း အခြေအနေတွေ ပေးနေပါတယ်။ ဒီလိုအချိန်တွေမှာ ဒီလိုဖြစ်ကြတာများပါတယ်။ နိုဝင်ဘာလဟာ မုန်တိုင်းဖြစ်နိုင်သေးလို့ MCCW အနေနဲ့ အထူးစောင့်ကြည့် သတ်မှတ် ထားကြောင်းပါ။ ဒီနေ့ ညနေပိုင်းမှာကိုပဲ ထူးခြားလာနိုင်ပါတယ်။

ဒါဟာ ဒေါက်တာထွန်းလွင် ၀ဘ်ဆိုက်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။၂၆ ရက်ကတည်းက မြန်မာပြည်က ကော်နက်ရှင် နှေးကွေးလာမှုကြောင့် မိုးလေ၀သခန့်မှန်းချက်တွေ မထုတ်ပြန်နိုင်ခဲ့ဘဲ ၂၈ ရက်နေ့မှာတော့ http://www.tunlwin.com/ user တွေကို ကော်နက်ရှင်နှေးကွေးမှုကြောင့် ပို့စ်အသစ်မတင်နိုင်တဲ့အကြောင်း အသိပေးစာလေးတကြောင်းသာ တက်လာတာကို တွေ့ရပါတယ်။

သစ်တောပြုန်းတီးမှု ၊ ဒီရေတော ပြုန်းတီးမှုတွေ ရှိလာတဲ့ မြန်မာနိုင်ငံမှာ ၂၀၀၅ခုနှစ်ကစလို့ မာလာ ၊ နာဂစ်နဲ့ အခု ဂီရိအထိ နှစ်စဉ်မုန်တိုင်းတွေ ၀င်ရောက် ဖြတ်သန်းခဲ့ပါပြီ။ အခုလည်း နိုဝင်ဘာလအထိ မုန်တိုင်းတွေ ကျန်နေသေးတာမို့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအပါအ၀င် ကမ်းရိုးတန်းတလျှောက်နေ လူထုအနေနဲ့ အခု မုန်တိုင်းငယ်သတင်းကိုလည်း မျက်ခြေမပြတ် နားစွင့် သတိပြုနေကြဖို့ ဧရာဝတီက အသိပေးရပါတယ်။

ဒီမုန်တိုင်းငယ်နဲ့ ပတ်သက်လို့ စစ်အစိုးရ မီဒီယာတွေမှာ ကြိုတင်အသိပေးဖော်ပြတာမျိုး မတွေ့ရသေးပါဘူး။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)