ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ လူတွေအားလုံးကို ပြောချင်တယ်။ လက်ရှိ ကျန်နေတဲ့ ကျနော်တို့တွေဟာ ဘီဂျီအက်ဖ်လုပ်ဖို့ မပြန်ဘူး၊ ကျနော် တယောက်တည်းနဲ့ အောင်မြင် မယ်ဆိုတာ မမြင်မိဘူး။ ပြည်တွင်းပြည်ပ ပြည်သူလူထုအားနဲ့ တိုင်းရင်းသား အားလုံးကို အားကိုးတယ်။ ပြည်ပမှာရှိနေတဲ့ လူတွေလည်း ကျနော်ကို လမ်းညွန်လို့ရတယ်။ ဆုံးမလို့ရ တယ်။ နောက်ပြန်လာပြီး အားပေးလို့ရတယ်။ အကယ်၍ တစုံတရာ တခုခု ဖြစ်လာခဲ့မယ် ဆိုရင် အဝေးကနေ မကြည့်နေကြပါနဲ့၊ ပြောဆိုဆွေးနွေး တိုင်ပင်ကြပြီး ပြန်လာ အတူလုပ် ကြပါ။ ပြည်ပမှာရှိတဲ့ လူတွေ လမ်းရှာကြ စေချင်တယ်။ ကျနော်နဲ့ ပြန်လာပြီး အတူလုပ်ဖို့ ကျနော်မျှော်လင့် တယ်။

No comments:
Post a Comment