Monday, December 6, 2010

တပ်မဟာ ၇ အား ပြည်သူ့စစ်လုပ်လျှင် တစိုက်မတ်မတ်လုပ်ရန် တိုင်းမှူးညွှန်ကြား

Monday, 06 December 2010 18:12 မွေခေါဝ်

ပြည်သူ့စစ်အသွင်ပြောင်းရေးလက်ခံထားသော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇ အား ပြည်သူ့စစ် လုပ်လျှင်လည်း တစိုက်မတ်မတ် လုပ်ဆောင်ရန် တောင်ကြီးတိုင်းမှူးက တွေ့ဆုံသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“တပ်မဟာ ၇ က ပြည်သူ့စစ်ပြောင်းဖို့ ဧပြီလနှောင်းပိုင်းက လက်ခံခဲ့ပြီးပြီ။ ဒါကြောင့် ပြည်သူ့စစ်လုပ်ရင်လဲ တစိုက် မတ်မတ်လုပ်ဖို့။ ပြည်သူ့စစ်လိုလို အပစ်ရပ်လိုလို ရီးတီးယားတားမလုပ်နဲ့။ စစ်ဆင်ရေးထွက်ရင်လဲ လိုက်ထွက်ရမယ်။ အထက်ကညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရမယ်လို့ တိုင်းမှူးကပြောသွားတယ်” ဟု ပြည်သူ့စစ်အသိုင်းအ၀ိုင်းတစ်ဦး ကပြောပါသည်။

နေပြည်တော်မှ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး တို့ နိုဝင်ဘာ ၃၀ ရက် မိုင်းဇန်နှင့်ကာလိတို့၌ တပ်စခန်းတည်ဆောက်ရန် နေရာသစ်လာရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ညွှန်ကြားခဲ့ သည်ဟုဆို၏။

ပြည်သူ့စစ်မလုပ်လိုလျှင်လည်း တပ်မဟာ ၁ နဲ့ သွားပေါင်းနိုင်ကြောင်း၊ ပြည်သူ့စစ်လုပ်လိုသောသူများ အဆင်သင့် ရှိနေသောကြောင့် အလွယ်တကူအစားထိုးနိုင်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖွဲ့ရန် ငြင်းဆန်ထားသော အပစ်ရပ်အဖွဲ့များသည် ဥပဒေဘောင်ပြင်ပအဖွဲ့ မတရားအသင်းများသာဖြစ်ပြီး အပစ်ရပ်အဖွဲ့ ဆိုသည်မှာ မရှိတော့ကြောင်း ပြောဆိုသည်ဟု ၎င်းကဆက်လက်ပြောပါသည်။

ဂျူလိုင် ၂၇ ရက် လားရှိုးတိုင်းမှူးဟောင်း ဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောဝ်းအား ဗိုလ်ချုပ်ပန်ဖှကို အသွင် ပြောင်းရန်လက်ခံလာသည်အထိ သွားရောက်စည်းရုံးသိမ်းသွင်းခိုင်းသော်လည်း ၎င်းကသွားရောက်ခဲ့ခြင်း မရှိပေ။ သြဂတ် ၁၁ ရက် တပ်မဟာ ၃ က မူလ SSA ၀တ်စုံချွတ်ပြီး ပြည်သူ့စစ်တံဆိပ်ပြောင်းထည့်သော်လည်း တပ်မဟာ ၇ က ပြောင်းထည့်ခြင်းမရှိပေ။ ထို့ကြောင့်ဤကဲ့သို့ခေါ်ယူသတိပေးခြင်းဖြစ်နိုင်သည်ဟု ဝါရင့်နယ်စပ်စောင့်ကြည့်သူ တစ်ဦးက ပြောပါသည်။

“နအဖက မိုင်းရှုးမြို့နယ် မိုင်းဇန် နဲ့ ကွန်ဟိန်းမြို့နယ် ကာလိမှာ တပ်စခန်းသစ်ဆောက်မယ်ဆိုတာ သျှမ်းပြည် တပ်မတော်နဲ့ ၀ တပ်ဖွဲ့ UWSA တို့ရဲ့ဆက်ဆံရေးကို  ဖြတ်တောက်ပစ်ချင်သလို တပ်မဟာ ၁ နဲ့ တပ်မဟာ ၇ ကိုလဲ ဖြတ်တောက်ပစ်ချင်တဲ့ ရည်ရွယ်ချက်ဘဲ”
ဟု သျှမ်းခေါင်းဆောင်တစ်ဦးက ပြောပါသည်။

ဦးလွယ်မောဝ်းနှင့်အဖွဲ့သည် ဧပြီ ၂၂ ရက်၌ ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူလိုက်ခံလိုက်ပြီး ဧပြီ ၂၅ ရက် ဌါနချုပ်တပ်ဖွဲ့နှင့် တပ်မဟာ ၃ တို့ကလည်းကောင်း၊ ဧပြီ ၂၇ ရက် တပ်မဟာ ၇ ကလည်းကောင်း လူသူလက်နက်အင် အား စာရင်းအား နအဖထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)