ဖေဖော်ဝါရီ ၆ရက်။ စောကျော်ခွီး (ကေအိုင်စီ)
![]() |
| စောလွင်ဦး (AKO President) |
သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများက ကရင့်အမျိုးသား တော်လှန်ရေး နေ့၊ ကေအဲန်ယူနေ့နှင့် ကရင်အမျိုးသားနေ့ တို့အတွက် စုပေါင်းနေ့ထူးနေ့မြတ် အခမ်း အနားကို သြစတြေးလျားနိုင်ငံ၊ နယူးဆော့သ် ဝေးပြည် နယ် ဆစ်ဒနီမြို့တွင် ယမန်နေ့ နေ့ လည် ၇နာရီမှ ည ၁၀နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
AKO ကရင်လူငယ်ရေးရာ တာဝန်ခံတစ်ဦးဖြစ်သူ နော်နိဘလူမူးက “ဒီနေ့ထူး(၃)ရပ်ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို မျိုး ဆက်သစ်တွေ နက်နက်နဲနဲ ပိုသိကြပြီး နိုးနိုးကြားကြားရှိ နေကြဖို့၊ ကရင်တွေရဲ့ တောင်းဆိုချက်နဲ့ တော်လှန်ရေးမူလေးရပ်ကို သိမြင်ကြပြီး တတိယနိုင်ငံရောက် ကရင်ပြည်သူတွေ အတိတ်က ဆိုးကျိုးတွေကိုမမေ့ကြဘဲ အမြဲတမ်း အမှတ်ရနေစေဖို့နဲ့ အခု ချိန်ထိ စစ်ဘေးစစ်ဒဏ် ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရဆဲဖြစ်တဲ့ ကိုယ့်လူမျိုးတွေကို ဝိုင်းဝန်းကူညီဖြေရှင်းနိုင်ကြစေဖို့ ရည်ရွယ် ကျင်းပရတာပါ။”ဟု ပြောသည်။
အခမ်းအနားတွင် ကရင့်တော်လှန်ရေးဖြစ်ပေါ်လာပုံနှင့် KCO, KYO, KNU, KNDO ဖွဲ့စည်းလာပုံများကို နော်ဒီးနာကလည်း ကောင်း၊ ကေအဲန်ယူနေ့ဖြစ်ပေါ်လာပုံကို အေကေအို လူငယ်တဦးဖြစ်သူ နော်ထူးရာဖောနှင့် AKO နယူးဆော့သ်ဝေးပြည်နယ် ဥက္ကဌ မန်းအော်လန်းဒိုက ကရင်လူမျိုးတို့၏ နိုင်ငံရေးကြွေးကြော်သံ ၄ရပ်အကြောင်းကို အဖွင့်မိန့်ခွန်းတွင် အသီးသီး ပြော ကြားသွားခဲ့သည်။
![]() |
| နော်နေဘျုမူး (အခန်းအနားမှူး) |
အခမ်းအနားတွင် လူငယ်များက တော်လှန်ရေးသီချင်းများ၊ စစ်ဘေးစစ်ဒဏ်ခံရသူများအတွက် ခံစားချက် သီချင်းများ၊၊ ညီ ညွှတ်ရေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသလို နယ်စပ်မှ ဌာ နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များအတွက် ရန်ပုံငွေရှာသည့် ဈေးရောင်းပွဲတော်ကိုလည်း ပြုလုပ်ခဲ့ကြသည်။
သြစတြေးလျားနိုင်ငံ၊ ကေအဲန်ယူ ကိုယ်စားလှယ် မန်းချစ်စိန်ကလည်း “ကရင်တွေဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါပဲ။ ဖဆပလ အစိုးရက ရွေးချယ်ခွင့်မပေးတဲ့ အနေအထား၊ အခြေအနေကို ကရင်တွေဟာ ရင်ဆိုင်ခဲ့ရတယ်။ ကရင်တွေဟာ ပြည်တွင်းစစ် တရားခံမဟုတ်ဘူး။ တတိယနိုင်ငံရောက်လာတဲ့ ကရင်ပြည်သူတွေကလည်း ဆက်လက် ၀ိုင်းဝန်း အားဖြည့်ပေးကြပါ။”ဟု တိုက်တွန်းပြောဆိုခဲ့သည်။
![]() |
| ဈေးရောင်းနေစဉ် |
အခမ်းအနား တက်ရောက်ခဲ့သူ စောအောင်အောင်က “ကရင် တွေပြည်ပကို ပြန့်သွားကြပေမယ့် အခုလို ကရင့်နေ့ထူးနေ့ မြတ်တွေကို အရှိန်အဟုန်မပျက် ကျင်းပပေးခြင်းအားဖြင့် ကျ နော်တို့ကို တော်လှန်ရေးသတိတရားတွေ ပြန်အမှတ်ရနေ စေပြီး နောင်လာမဲ့ မျိုးဆက်လေးတွေအတွက်လည်း တော် လှန်ပန်းတွေ ပျိုးချလိုက်သလိုဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ၂၀၀၅ခုနှစ်ကတည်းက ဆစ်ဒနီမြို့ရောက် ကရင်များ၏ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အပေါ်မူတည်၍ ကရင့်နေ့ထူးနေ့မြတ် (၃)ခု စုပေါင်းအခမ်း အနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ် မြောက်ရှိပြီး ဖြစ်သည်။
၂၀၀၅ခုနှစ်က ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားစည်းလုံးညီ ညွှတ်ရေး နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ ပြည်ပရောက် ကရင်လူမျိုးများအနေဖြင့် ဇန်န၀ါရီလ ၃၁ရက်(ကရင်အမျိုးသားတော်လှန်ရေးနေ့)၊ ဖေဖော်ဝါရီလ ၅ရက်(ကေအဲန်ယူနေ့)နှင့် ဖေဖော်ဝါရီလ ၁၁ရက်(ကရင့်အမျိုးသားနေ့)များကို စုပေါင်း ကျင်းပ လာရခြင်းဖြစ်သည်ဟု သိရသည်။



No comments:
Post a Comment