Saturday, February 5, 2011

သေ့ဘောပိုးရွာမှာ တိုက်ပွဲဖြစ်ပွား


ဒီအေဘီအေနဲ့ နအဖ တပ်ဖွဲ့ဝင်တွေဟာ ချောင့်ခက် ဘော်ဘောကျိုး၊ ဝေါ်လေ မော်သု နေရာနဲ့ သေ့ဘောပိုးနေရာတွေမှာ ပြောက်ကျားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်ကို ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ မိုင်း တိုက်ပွဲတွေနဲ့ ဒီကေဘီအေ က ပြန်လည်ခုခံတိုက်ခိုက်လာတဲ့အတွက် ထိခိုက်ဒဏ်ရာများစွာ ရရှိနေတယ်လို့လဲ သိရှိရ ပါတယ်။

 ဒီရက်ထဲမှာပဲ သေ့ဘောပိုးရွာထဲမှာ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေနဲ့ နအဖ တပ်တွေဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ပိုင်းလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဒီအေဘီအေ ဘက်က ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ထိခိုက် ဒါဏ်ရာကိုတော့ အသေးစိတ်မသိရှိရသေးပါ။
ချောင့်ခက်နဲ့ သေ့ဘောပိုးဘက်က တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ထိုင်းနိုင်ငံဘက်ခြမ်းက မော်လီချိုင်းရွာမှာ မြန်မာ စစ်ပြေး ဒုက္ခသည်တွေ ဝင်ရောက်ခိုလှုံနေခဲ့ကြပါတယ်။ ဒုက္ခသည်တွေဟာ တိုက်ပွဲအခြေအနေတွေ မအေးဆေးသေးတဲ့အတွက် ထိုင်းနိုင်ငံထဲမှာပဲ ရှိနေကြပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ နေ့ညကလည်း ကော့ကရိတ်မြို့အဝင်က နအဖ အဖွဲ့ပေါင်းစုံထိုင်တဲ့ ချက်ပွိုင့်ဂိတ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဆက်သွယ်ရေးမိုက်ခရိုဝေ့တိုင်ကို ဖျက်ပစ်ခဲ့ကြတယ်။ ဒီနေ့အထိ ကော့ကရိတ်မြို့က ကာကွယ်ရေးဝန်ထမ်းတွေ ညဘက်တွေမှာ ရှောင်ပုန်းအိတ်နေရဆဲ ဖြစ်တယ်လို သိရှိရပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)