Saturday, February 12, 2011

နေရွှေသွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်

11 Feb 2011
မြန်မာ ၀ီကီလိခ် မှ......

မြန်မာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီ
း သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်သည့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည်ဟုဗိုလ်ချုပ်ကြီးတစ်ဦး၏ သားဖြစ်သူက မြန်မာဝီကီလိခ်သို့ယမန်နေ့က ပေးပို့  သည့် စာ တွင် ပါရှိသည်။
အသက်အရွယ်အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြင်မီမှာပင် စွန့် လွှတ်သည့် အခါ ထိုလစ်လပ်သည့် နေရာအတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင်က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။

နေရွှေသွေးအောင်သည် စစ်မှုမထမ်းမနေရ ဥပဒေအရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန်ထမ်းဆောင် နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမီမှာပင် ဗိုလ်မှုးကြီးအဖြစ် ရာထူးတိုးပေးခံရတော့မည် ဟု စာပေးပို့သည့် ဗိုလ်ချုပ်ကြီး၏သားကို ဇန်န၀ါရီလ၁၄ ရက်နေ့က ၎င်းကိုယ်တိုင် ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)