Saturday, February 12, 2011

စစ်အစိုးရတပ်အား KIA တိုက်ခိုက်ခြင်းပေါ် ‘၀’ ထောက်ခံ

Thursday, 10 February 2011

မြန်မာနိုင်ငံ၏ အကြီးဆုံး လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မြန်မာစစ်တပ် အား တနင်္လာနေ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ စတင်တိုက်ခိုက်လိုက်ခြင်းကို ထောက်ခံ သည်ဟုဆိုသည်။

အကယ်၍ မြန်မာစစ်အစိုးရက KIA ကို စစ်အင်အားအလုံးအရင်းနှင့် တုန့်ပြန်လာပါက “၀” တပ်ဖွဲ့က KIA အားကူညီသွားမည်ဟု “၀” အရာရှိများပြောသည်။  
wa-leader-bao-youxia
'၀' ခေါင်းဆောင် ပေါက်ယူချမ်း


ဖေဖေါ်ဝါရီ ၉ နေ့ တိုက်ခိုက်မှုသည် ၁၇ နှစ်တာ အပစ်အခတ်ရပ်ဆိုင်းရေး ကာလအတွင်း KIA က မြန်မာစစ်တပ်ကို ပထမဆုံးပစ်ခတ်ခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ် မန်မော်(ဗန်းမော်)ခရိုင်၊ မန်ဝိန်းမြို့နယ်အတွင်း KIA တပ်ရင်း(၂၇) ရှိသည့် ဒေသသို့ “ခွင့်တောင်းခြင်းမရှိဘဲ” ထိုးဖောက်ဝင်လာခြင်းကြောင့် KIA ၏ ဟန့်တားပစ်ခတ်ခံရသည့် မြန်မာစစ်တပ်မှာ မိုးညှင်း နယ်မြေခံတပ်ရင်း ခလရ (၁၅) ဖြစ်သည်။

အပစ်ရပ်ကာလအတွင်း အနည်းဆုံး KIA စစ်သား (၁၆) ဦးအား မြန်မာစစ်တပ်က ပစ်သတ်ခဲ့သော်လည်း ထိုအချိန် KIA ဘက်မှ တုန့်ပြန်ခြင်း မရှိခဲ့ပါ။
‘၀’ တပ်ဖွဲ့သည် KIA ဦးဆောင်ဖွဲ့စည်းသော “ပြည်ထောင်စုတပ်ဖွဲ့ နှင့် အရေးပေါ်ပြည်ထောင်စုကော်မတီ (CEFU)” ၏ အပြင်ဘက်ရှိ စစ်ရေးမဟာမိတ် အဖွဲ့ဖြစ်သည်။ ယင်းမဟာမိတ်အဖွဲ့အား မြန်မာပြည်တွင် စစ်မှန်သောပြည်ထောင်စု စနစ် ထူထောင်ရန်ရည်ရွယ်ချက်ဖြင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ (၆) ခု ပါဝင်ဖွဲ့စည်းထားသည်။

ယခုဖွဲ့စည်းနေဆဲ စစ်တပ်ကြိုးဆွဲသော မြန်မာအစိုးရသစ်က “နောက်တစ်ကြိမ် KIA အား အခွင့်အရေး အမျိုးမျိုးဖြင့် ပိုပြီးမဲဆွယ်စည်းရုံး လာနိုင်တာကြောင့် ၎င်းအား KIA လက်ခံသွားမည်ကို ‘၀’ ခေါင်းဆောင်များ ကြိုတင်စိုးရိမ်နေကြောင်း သိရသည်။

အစောပိုင်းကလည်း မြန်မာစစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force, BGF) ကို KIA လက်ခံသွားမည်ကို ‘၀’ ခေါင်းဆောင်များ စိုးရိမ်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရ၏ BGF အား ၎င်းနှင့်အပစ်ရပ်ထားသော အဓိက လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ဖြစ်သည့် UWSA, မွန်ပြည်သစ်ပါတီ (NMSP), ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) နှင့် KIA တို့ က လက်ခံရန် ငြင်းဆန်ခဲ့သည်။

ယခုချိန်ထိ မြန်မာစစ်တပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ နှစ်ဦးကပဲ ဆက်ထိန်းချုပ်ထားခြင်း နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က ယခုအစိုးရသစ်၏ သမ္မတဖြစ်လာခြင်း တို့ကြောင့် တိုင်းပြည်အတွင်း ဒီမိုကရေစီအပြောင်းအလဲ တဆင့်ပြီးတဆင့်ဖြစ်လာမည်ကို မမြင်ကြောင်း ‘o’ ခေါင်းဆောင်တစ်ဦး သုံးသတ်ပြောသည်။

ယခု KIA ၏ မြန်မာစစ်တပ်အား စတင်တိုက်ခိုက်မှုပြုလာခြင်းပေါ် ၎င်း၏ မဟာမိတ်များ နှင့် ကချင်ပြည်သူများက အကောင်းဘက်က ထောက်ခံနေပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)