Saturday, March 12, 2011

ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ ထိခိုက်မှုရှိ


မတ်လ ၁၀ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းတွင် ယခုလှုပ်ရှားလျှက်ရှိသည့် နအဖ တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ ထိမှန်ဒဏ်ရာရရှိမှုများရှိ ကြောင်း ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ ()လက်အောက်ခံ ဗျူဟာမှူးဇော် သိန်း ဦးစီးသည့် ခမရ(၄၀၂) (၄၀၅) (၄၀၆)တပ်ရင်းများက မယ်ကျူကျေးရွားမှနေ၍ ယခု မတ်လ ၅ရက်နေ့၌ ကျေးရွာအ တွင်းရှိ ဘုန်းကြီးကျောင်းနားတွင် လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၄နှစ်အရွယ် ကိုရင်လေးတပါး ထိမှန်ခဲ့သည် ဟု ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
ဘွဲ့အမည် ရှင်သုဟဆိုသည့် အဆိုပါကိုရင်လေးသည် ၎င်း၏ဘယ်ဖက်ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာဆေးကု သရန်အတွက် နအဖတပ်မှ မြန်မာငွေကျပ် ၂သောင်း ထုတ်ပေးခဲ့သည်ဟု ထိုဒေသခံက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် စခန်းထိုင်သည့် နအဖ ခမရ(၅၄၇)မှ ဗိုလ်ရဲထွန်း ဦးဆောင်သောအဖွဲ့ သည် ယခု မတ်လ ၄ရက်နေ့က ရွာသစ်ကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ၁၀နှစ်အရွယ် မိန်းကလေးတဦး၏ ဘယ်ဖက်ရင်ဘတ်တွင် လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် KNU သတင်းမှတ်တမ်းအရ သိရသည်။

ယခုလို နအဖ တပ်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များ ပစ်ခတ်လာသည့်အပေါ် ရွာသူရွာသားများက ကြောက် လန့်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ် နိုဝင်ဘာလအတွင်း၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နအဖတပ်များမှ အလားတူ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၃နှစ်အရွယ် ကျောင်းသူတဦး သေဆုံးခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)