Wednesday, November 23, 2011

မယ်တော်ဆေးခန်းတွင် မျက်စိလူနာ ၁၀၀ကျော် ခွဲစိတ်ပြီးစီး

နိုဝင်ဘာလ ၂၃ရက်။ နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် နိုဝင်ဘာ ၉ရက်မှ ဒီဇင်ဘာ ၂၀ရက်နေအထိ မျက်စိရောဂါ ဝေဒနာရှင်များ အား ခွဲစိတ်ကုသပေးလျှက်ရှိရာ ယနေ့အထိ လူနာ ၁၀၀ကျော် ခွဲစိတ်ပြီးစီးသွားပြီ ဖြစ်သည်ဟု မျက်စိဌာနမှ ဆေးမှူးများက ပြောသည်

မယ်တော်ဆေးခန်းတွင် မျက်စိကုသရန် လူနာဦးရေ ၂၀၀ကျော် ရောက်ရှိလာသည့်အနက် ယနေအထိ လူနာပေါင်း ၁၆၄ဦးကို ခွဲစိတ်ပြီးစီးသွားခြင်းဖြစ်သည်

ယင်းသို့ မျက်စိခွဲစိတ် ကုသပေးရာတွင် အဓိကအားဖြင့် မျက်စိရေတိမ်စွဲခြင်း၊ မျက်သားပြတ်ခြင်း၊ ထိခိုက်မှု၊ ဒဏ်ရာဖြစ်မှုတိုကြောင့် မျက်လုံးပျက်စီးသွားသ ဝေဒနာရှင်များကို ခွဲစိတ်ပေးခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်း၏ မျက်စိဌာနတာဝန်ခံ နော် တာမလ၀ါးက ယခုလို ပြောသည်။

မျက်စိခွဲစိတ်ဖိုလိုတဲ့သူတွေကို ခွဲစိတ်ပေးလိုက်တယ် တချု့ကတော့ ရောဂါပိုး မျက်လုံးထဲဝင်လို မျက်စိကို ထုတ်လိုက်ပြီး နောက်တစ်လကျော် နှစ်လလောက်ကြာတော့ ကျမတိုဆေးခန်းက မျက်လုံးအတု ပြန်ထည့်ပေးလိုက်တယ်။ဟု ဆရာမနော် တာမလ၀ါးက ပြောသည်။

မျက်လုံးခွဲစိတ် ပြီးစီးသွားသည့် လူနာများအတွက် လိုအပ်သည်ဆေးဝါးများကို ထည့်ပေးပြီး မျက်မှန်များကိုလည်း နှစ်စဉ် ပုံမှန် ပြုလုပ်တပ်ဆင်ပေးသွားသည်ဟု သိရသည်။

ခွဲစိတ်မှု ကုန်ကျစရိတ်ကို ကန်သတ်ထားခြင် ရှိဘ ငွေကြေ်းနိုင်သည့် လူနာရှင်များက စေတနာအလျောက် အလှူ ငွေထည့်ဝင်နိုင်ပြီး မတ်နိုင်ပါက ငွေပေးဆောင်ရန် မလိုကြောင်း နော်တာမလ၀ါးက ဆိုသည်။

ယခုတကြိမ်တွင် မယ်တော်ဆေးခန်းသိုမျက်စိလာရောက်ခွဲစိတ်သည့် လူနာများမှာ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မော်လ မြိုင်၊ မုံရွာနှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြပြီး အကုန်အကျ သက်သာသည့်အပြင် ခွဲစိတ်ကုသမှု ကောင်းမွန်သည့်အပေါ် လာရောက်ကြခြင်းဖြစ်သည်ဟု မျက်စိဝေဒနာရှင်များက ပြောဆိုနေကြသည်။

မျက်စိခွဲစိတ်ပြီးသည့် လှိုင်းဘွဲမြို့မှ ဦးလှတင်က “ဒီမှာက ခွဲစိတ်တာလည်း ကောင်းတယ်။ အင်္ဂလိပ်ဆရာဝန်တွေကလည်း စိတ်ရှည်ရှည်နဲ့ ခွဲစိတ်ပေးတယ်။ အခု ခွဲစိတ်ပြီးသွားတော့ မျက်လုံးက တော်တော်ကောင်းလာတယ်။ မြန်မာပြည်မှာက အကုန် အကျ အရမ်းများတဲ့အပြင် ဆရာဝန်တွေကလည်း စိတ်မရှည်ကြဘူး။ ဆေးရုံက ဆရာ၊ ဆရာမတွေကလည်း ဟိုငေါက်ဒီငေါက် နဲ့ မချေမငံ ဆက်ဆံတယ်။ ခွဲစိတ်တာလည်း သိပ်စိတ်မချရဘူး။ အဲဒါကြောင့် ပြည်တွင်းမှာ မခွဲစိတ်ရဲတာ။”ဟု ပြောဆိုသည်။

ခွဲစိတ်ပြီးစီးသွားသည့် လူနာများအနက် ဝေဒနာကြာမြင့်နေသည့် လူနာအနည်းငယ်မှလွဲ၍ ကျန်အများစုမှာ မျက်စိပြန်လည် ကောင်းမွန်သွားကြပြီးဖြစ်ကြောင်း မယ်တော်ဆေးခန်း မျက်စိဌာနမှ ဆေးမှူးစ်ဦးက ကေအိုင်စီကို ပြောသည်။

မယ်တော်ဆေးခန်းတွင် မျက်လုံးခွဲစိတ်မှုကို ၁၉၉၀ခုနှစ်တွင် စတင်ခဲ့ပြီး စကော့တလန် နိုင်ငံအခြေစိုက် (Karen Aid)အဖွဲ့မှ ဒေါက်တာ Frank က မျက်စိရောဂါလူနာများအား လာရောက်ခွဲစိတ် ကုသပေးနေခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့သည် ယခင်နှစ်များက ၁နှစ်လျှင် နှစ်ကြိမ်သာ လာရောက် ခွဲစိတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် မျက်စိဝေဒနာရှင်များ အား လာရောက် ခွဲစိတ်ပေးနေသည်မှာ လေးငါးကြိမ်ရှိပြီဖြစ်သည်ဟု မယ်တော်ဆေးခန်းမှ ဆေးဝန်ထမ်းများ၏ ပြောပြချက်အ ရ သိရသည်

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)