Friday, November 4, 2011

တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံနေမှုများ ရပ်တန့်ရန် ENC တိုက်တွန်းပြောဆို


နိုဝင်ဘာလ ၃ရက်။ နန်းသူးလေ (ကေအိုင်စီ)

မြန်မာပြည်ရှိ တိုင်းရင်းသား နယ်မြေများတွင် ခွဲခြားဆက်ဆံမှု၊ လက်နက်ကိုင် ပဋိပက္ခများ အကျင့်ပျက် လာဘ်စားမှုများ ရှိနေ သေးသည့်အပေါ် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း မီးမောင်းထိုးပြသည့်အနေဖြင့် တိုင်းရင်းသားလူမျုးများကောင်စီ (ENC) က သုတေသနပြုပြီး စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။


ယမန်နေ့ ၁၀နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Orchid Hotel အဆိုပါ အဖွဲ့၏ တာဝန်ရှိသူများက Discrimination, Conflict and Corruption in the Ethnic States of Burma ဟုအမည်ရသည့် စာအုပ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ ခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံသည် အပြောင်းအလဲဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ထိုပြောင်းလဲမှုများသည် နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ပါတီများအကြား ပြောင်းလဲမှုသာ ဖြစ်နေပြီး ထိုအပြောင်းအလဲမျာသည် လူထုကြားတွင် ရှိနေသည့် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ENC ၏အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးက ပြောသည်။

အဓိက ရည်ရွယ်ချင်တာကတော့ အခုလိုမျု ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပျက်နေ တဲ့ အရာတွေလည်း ပြောင်းလဲဖိုလိုအပ်ပါတယ်။ အခု ပြောင်းလဲနေတာတွေကလဲ ပြည်သူလူထုအတွက်လည်း အကျုးသက် ရောက်မှုမရှိဘာပြုပြင်ပြောင်းလဲမှုမှ မလုပ်ဖူးဆိုရင်တာ့ ဒီလိုမျုးပြဿနာကတော့ ရှိနေဦးမှာပါပဲ။

အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ခတ်ရပ်စဲရေးကို လိုလားသော်လည်း တဆက်တည်းမှာပင် ထိုးစစ်ဆင် တိုက်ပွဲများ ဆင်နွဲနေခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိရန် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံ ပြောဆိုလိုက်သည်။

တိုင်းရင်းသား နယ်မြေတွေမှာ လူမျုးရေး၊ ဘာသာရေးကို အခြေခံပြီး ခွဲခြားဆက်ဆံမှုများ ရှိနေသည့်အပြင် အကျင့်ပျက် လာဘ်စားမှု၊ လက်နက်ကိုင်ပဋိပက္ခများ ထိုစာတမ်းတွင် ဖော်ပြထားသည်။

၂၀၀၄ခုနှစ် မတ်လတွင် KNU တပ်မဟာ(၇) ထိန်းချုပ်ရာ နယ်စပ်တစ်နေရာ တတိယအကြိမ် တိုင်းရင်းသားလူမျုးများ နှီး နှောဖလှယ်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ကေအဲန်ယူမှ ပဒိုဘသင်စိန်က တာဝန်ယူကာ ဦးဆောင်ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)