Friday, November 4, 2011

နအဖတပ်များ ဒီကေဘီအေ ဌာနချုပ်အနားမှ ဆုတ်ခွာ

Thursday, 03 November 2011  Written by ဖြူဖြူကို

ယနေ့မနက် (၈) နာရီခန့်တွင် ဒီကေဘီအေ ဌာနချုပ်အနီး မြ၀တီမြို့နယ် တာအုတ်ဌကျေးရွာအနီး၌ တပ်စွဲထားသောတပ်မ (၂၂) လက်အောက်ခံ၊ နည်းဗျူဟာ (၁) မှ ခမရ (၂၀၃) စစ်ကြောင်း (၂) နှင့် ခမရ (၂၀၄) စစ်ကြောင်း (၂) တို့ ပူးပေါင်းအင်အား (၆၀) ခန့်တို့ သည်၊ မြ၀တီမြို့နယ် သေ့ပေါပိုး စစ်ဗျူဟာ အနီးရှိ  ဆုံဆည်းမြိုင် (တောင်နီစခန်း) ဖက်သို့ ဆုတ်ခွာသွားခဲ့သည် ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး စန်းအောင်က ပြောပါသည်။


အလားတူ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး စန်းအောင် ဦးဆောင်သည့် တပ်ရင်း (၉၀၇) တပ်ဖွဲ့ တို့သည်လည်း၊ ဆုံစည်းမြိုင် ကျေးရွာ အနီးရှိ ၀ါနီထ ကျေးရွာသို့ ရာက်ရှိနေပြီး ဖြစ်ပါသည်။ အကယ်၍ ဒီကေဘီအေနှင့် နအဖတပ်ဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးပြီးပါက နေရာယူရန် ပြင်ဆင်သည့် အနေနှင့် ဒီကေအေတပ်များ ဤနေရာသို့ ရောက်ရှိ နေခြင်းဖြစ်ပါသည်။


“ ဒီနေရာမှာ မယ်ကလာ ချောင်းရှိပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ် စောလာဖွယ် ကိုယ်တိုင် ဆောက်ထားတဲ့ မင်္ဂလာတံတား တစ်ခု ရှိပါတယ်။ အဲဒီတံတားရဲ့ ဟိုဖက်ထိပ်က သေ့ပေါပိုး စစ်ဗျူဟာကို သွားတဲ့လမ်း ဖက်ကပေါ့။ အဲဒီဖက်ခြမ်းမှာ နအဖ တပ်တွေကနေရာယူမယ် ပြီးတော့ကျနော်တို့ ကတံတားရဲ့ ဒီဖက်မှာနေရာယူရမယ်။ တကယ်လို့ အစိုးရနဲ့ သဘောတူလက် မှတ်ထိုးပြီးတာနဲ့ အကောင်အထည်ဖေါ်ဖို့  အဲဒီအတွက် အခု ကျနော် ဒီကို ရောက်လာတာပါ။ ပြီးတော့ အဲဒီနေရာ တွေမှာလည်း ကျနော်တို့က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လေ၊ အဲဒီအတွက် ရှင်းလင်းပေးလို့ ရအောင် ကြိုတင် ရောက်နေတာ ဖြစ်ပါတယ်။” ဗိုလ်မှူးချုပ် စောလာဖွယ်သည်၊ အစိုးရနှင့် ဆွေးနွေးရန် ရှိလျှင်လည်း ဤနေရာ၌သာ လက်ခံ ဆွေးနွေး သွားမည်ဖြစ်ပြီး လောလောဆယ် ပြည်တွင်းထဲဝင်ပြီး ဆွေးနွေးရန် အစီအစဉ် မရှိဟု သိရပါသည်။ ဒီကေဘီအေနှင့် နအဖတို့သည်၊ ဒုတိယအကြိမ် ဆွေးနွေးပွဲအတွက် ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နေ့၌ ဒီကေဘီအေ ဌာနချုပ်မှ ထွက်ခွာ သွားပါသည်။ နိုဝင်ဘာ (၂) ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရနှင့် ဆွေးနွေးခဲ့ပြီး နိုဝင်ဘာ (၃) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် ထပ်မံ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး အစီစဉ်ကို အတည်ပြု လက်မှတ် ရေးထိုးမည်ဟု သိရပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)