Thursday, November 3, 2011

ဒုက္ခသည်များကို ကုလနှင့် နိုင်ငံတကာမှ ဆောင်ရွက်ပေးရန် KNU တိုက်တွန်း

နိုဝင်ဘာလ ၁ရက်။ နန်းသူးလေ (ကေအိုင်စီ)

တိုင်းရင်းသားဒေသအတွင်း အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်စဲပေးရန်နှင့် စစ်ပွဲများကြောင့် ဒုက္ခရောက်နေသူ များကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုကရေစီနိုင်ငံများမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကရင်အမျိုးသားအစည်းအုံး-KNU က ယမန်နေက တိုက်တွန်းလိုက်သည်။

လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဒေသခံလူထုများသည် အစိုးရတပ်များ၏ လူ့အခွင့် အရေးချိုးဖောက်မှုများ ခံနေရသည့်အပြင် ထိုနယ်မြေများရှိ ဒုက္ခရောက်သူများအား လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု၊ ကယ်ဆယ်ရေးအကူအညီများ ငြင်းပယ်ခံမှုများကို အစိုးရက လက်ခံလာရန် နိုင်ငံတကာမှ တိုက်တွန်းပေးသင့်ကြောင်းကို KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

ကကချင်နဲ့ သျှမ်းမှာ အစိုးရရဲ့ ထိုးစစ်ဆင်မှုခံနေရတဲ့အချိန်မှာ ပြည်သူတွေဟာ ခုထိ နိုင်ငံတကာရဲလူမှုရေးစာနာမှုအ ထောက်အပံ့ မရကြသလို သူတို့အတွက် ဘ၀လုံခုံရေးလည်း မရှိဘူး။ ဒါကို နိုင်ငံတကာကလည်း နည်းလမ်းတွေရှာပြီး ကူညီ ထောက်ပံ့ပေးဖိုလိုပါတယ်။ ကူညီပံ့ပိုးမှု ပေးလာမယ်ဆိုရင်လည်း အစိုးရဘက်က လမ်းဖွင့်ပေးစေချင်တယ်ဟု ပြောသည်။

အစိုးရ၏ ထိုးစစ်ဆင်ရာ ကချင်နှင့်ရှမ်းဒေသတွင် စစ်ပြေးဒုက္ခသည်အဖြစ် လူထု ၂သောင်းထက်မနည်း လွတ်မြောက်ရာနေရာ သို့ ထွက်ပြေးပုန်းရှောင်နေရသည်ဟု KNU က ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုးစစ်ဆင်မှု ပြင်းထန်လာသည်နှင့် အစိုးရက ဒေသခံလူထုများ၏ အသက်မွေးလုပ်ငန်းများကို ဖျက်ဆီးခြင်း အဓမ္မစေခိုင်း ခြင်း၊ လုယက်ခြင်း၊ အမျိုးသမီး အဓမ္မပြုကျင့်ခြင်းနှင့် ကလေးများအား လူသားဒိုင်းအဖြစ် ရှေ့တန်းတွင် အသုံးပြုခြင်း၊ မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ စသဖြင့် ယခင်အတိုင်း ဆက်လက် လုပ်ဆောင်နေခြင်းသည် လူသားများအပေါ် ဆန်ကျင် သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခြင်းဖြစ်သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁ ရွေးကောက်ပွဲပြီး အစိုးရသစ် တက်လာပြီးနောက် ကရင်ပြည်နယ်အတွင်း၌ အလားတူ လူ့အခွင့်အရေး ချိုး ဖောက်မှုများ ဆက်ရှိနေပြီး KNU ဒေသများ ယခင်ကအတိုင်း အစိုးရစစ်တပ်များ မရုပ်သိမ်းဘဲ ရှိနေသည်ဟုလည်း ပါရှိသည်။

ယခုနှစ် လိုင်လတွင် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ သမ္မတ ဦးသိန်းစိန် အစိုးရထံ ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းစာရေးသားပေးပို့ခဲ့သော်လည်း တုံ့ပြန်မှု မရရှိသည့်အပြင် ကချင်နှင့် သျှမ်းဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုမျာပိုများလာသည်ဟုလည်း KUN ကြေညာချက်က ထောက်ပြထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းလိုပါက တိုင်းရင်းသားပူးပေါင်းအဖွဲ့နှင့်သာ တွေဆုံစေလို ကြောင်းကို နော်စီဖိုးရာစိန်က နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင် အားလုံးပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ တစု တစည်းပြောဆိုဆွေးနွေးစေချင်တယ်။ တစုတစည်းတည်း မဟုတ်ပဲ တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်ဆိုရင်တော့ မအောင်မြင်နိုင် ဘူး အခုဖြစ်နေတဲ့ ပြဿနာတွေက တဖွဲ့ချင်းစီရဲ့ပြဿနာ မဟုတ်လို့ပဲ။ဟု ပြောဆိုသည်။

မြန်မာအစိုးသစ် လက်ထက်တွင် KNU သည် စက်တင်ဘာ ၂၂ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်နှင့်တကြိမ်၊ စက်တင်ဘာထဲတွင် ဗဟို၏ တွေ့ဆုံဆွေးနွေးရေးစာဖြင့် ဖိတ်ကြားမှုကို စာ ဖြင့် ပြန်ကြားမှုတကြိမ်၊ အောက်တိုဘာလဆန်းပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ်(ငြိမ်း)ချစ်သန်းနှင့် တကြိမ် စုစုပေါင်း ၃ကြိမ် တွေ့ ဆုံခဲ့ပြီး ဖြစ်သည်။
ပြည့်တန်ဆာများအတွက် ပညာပေးသင်တန်းကို ရဲဝန်ထမ်းပါ တက်ရောက်မည်
နိုဝင်ဘာလ ၂ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်မြို့ရှိ အမျိုးသားကာလသား ခုခံကျတိုက်ဖျက်ရေးဌာန(NAP) STD Team များရှိရာ မြို့နယ် ၉မြို့နယ်တွင် ပြည့်တန် ဆာ အမျိုးသမီးများအတွက် အသိပညာပေးသင်တန်းပြုလုပ်ရန်ရှိပြီး သင်တန်းတွင် ရဲဝန်ထမ်းများပါ တက်ရောက်ဆွေးနွေး မည်ဟု သိရသည်။

သင်တန်းဖြစ်မြောက်အတွက် လူငယ်ထုအတွင်း HIV/AIDs ရောဂါပိုး ကင်းစင်စေရေး လုပ်ဆောင်ပေးလျှက်ရှိသည့် အစိုးရ မဟုတ်သောအဖွဲ့ UNFPA က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်မှစ၍ စတင်မည်ဖြစ် သည်။

တက်ရောက်မည့် ပြည့်တန်ဆာများနှင့် ရဲဝန်ထမ်းများအကြား အသိပေး ဆွေးနွေးတင်ပြ တောင်းဆိုခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည့်အတွက် သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည့်တန်ဆာများအတွက် အလုပ်လုပ်ပေးနေသူ Alliance Myanmar မှ မနှင်းနှင်းယုက ပြောသည်

“ပြဿနာဖြစ်ရင် ဥပဒေကြောင်းအရ ရဲတွေနဲ့ ပြည့်တန်ဆာတွေကြားမှာ လွဲမှားနေတာတွေရှိရင် ဘယ်လိုညှိယူမလဲ။ ဒီသင် တန်းတွေမှာ ထူးခြားတာက ပြည့်တန်ဆာတွေကိုယ်တိုင် သင်တန်းအကူတွေအဖြစ် လုပ်မှာ။ နောက် ရဲဝန်ထမ်းတွေကိုပါ တက်စေမှာလေ။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို သင်တန်းမျိုးကို အစိုးရလက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များမှ အကြိမ် ကြိမ် ပူးပေါင်း လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

သင်တန်းတက်ရောက်မည့် ပြည့်တန်ဆာ အမျိုးသမီးတဦးက “သင်တန်းမှာ မြို့နယ်ရဲမှုးတွေပါ လာမယ်လို့ကြားတယ်။ သိချင် တာတွေလည်း မေးရမယ်။ ကျမတို့ကို ဘယ်လို ဥပဒေတွေနဲ့ ဖမ်းနိုင်လဲဆိုတာမျိုးပေါ့။”ဟု ပြောသည်။

ပြီးခဲ့သည့်လက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ညနေခင်းတွင် လမ်းလျှောက်နေသည့် ပြည့်တန်ဆာ အမျိုးသမီးတဦးကို သက် ဆိုင်ရာ နယ်မြေခံရဲများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းလည်း သူမက ရှင်းပြသည်။

မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေရသော အမျိုးသမီးအများစုမှာ ဥပဒေကို နားမလည်သဖြင့် အချို့မှာ ဥပဒေနှင့်မညီစွာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ခံအားကျဆင်းရောဂါ (HIV/AIDs) နှင့်ဆိုင်သော ပညာပေးခြင်းအပြင် သားဆက်ခြားခြင်းဆိုင်ရာ ပညာ ပေးမှုများလည်း ပါဝင်မည်ဟု မနှင်းနှင်းယုက ဖြည့်စွက်ပြောဆိုသည်။

သို့သော် သင်တန်းပြုလုပ်မည့် မြို့နယ်မည်မျှရှိသည်ကို သိရှိရန်အတွက် UNFPA ကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းပြတ်တောက်နေခဲ့သည်။

UNFPA သည် လူငယ်ထုအတွင်း HIV ရောဂါပိုး ကင်းစင်စေရေးအတွက် လုပ်ဆောင်ပေးလျှက်ရှိပြီး အမျိုးသမီးငယ်များနှင့် မိန်းမငယ်များအတွက် HIV ကာကွယ်ရေးအသိပေးဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်နေသည့် NGOs အဖွဲ့တခုဖြစ် သည်။
မဲဆောက်မြို့ CDC အထက်တန်းကျောင်းအနီး လုယက်မှုဖြစ်ပွား
နိုဝင်ဘာလ ၂ရက်။ နန်းသူလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် ထူထောင်ထားသည့် Children Development Center-CDC အထက်တန်း ကျောင်းအနီးတွင် ယမန်နေ့က လုယက်မှုတခု ဖြစ်ပွားခဲ့သည်။

မယ်တော်ဆေးခန်းမှ လက်ထောက်ဆရာဝန်သင်တန်း-HA တက်ရောက်သူ ၂ဦးနှင့် CDC ကျောင်းသား ၁ဦး၏ ပစ္စည်းကို ထိုင်း စကားပြောဆိုသလူနှစ်ဦးက CDC ကျောင်းအလွန် လမ်းခုလ်တနေရာတွင် လုယက်ခဲ့ခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်း ၏ သင်တန်းဆရာလည်းဖြစ်သူ လုံခုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ဆရာစောနေဦးက ပြောသည်။

၎င်းကမနေ့မနက် ၈နာရီက CDC ကျောင်းသားလေးက ကျောင်းသွားတာ ကျောင်းမရောက်ခင်မှာပဲ လူနှစ်ယောက်က ခြိမ်း ခြောက်ထိုးနှက်ပြီး ကျောင်းသားရဲ့ အိတ်ထဲက ဖုန်းကို ယူသွားတယ်။ ညနေပိုင်း ၄နာရီကျတော့ မယ်တော်ဆေးခန်းမှာ လက် တွေ့ဆင်းနေတဲ့ HA သင်တန်းက လူနှစ်ယောက် လုယက်ခံရပြန်တယ်။ဟု ပြောသည်။

ထိုလုယက်သူနှစ်ဦးသည် HA သင်တန်းသူနှစ်ဦးကို ဓးနှင့်ထောက်သေနတ်ဖြင့်ချိန်ကာ ၎င်းတို့ထံမှ ကင်မာတစ်လုံး၊ ဖုန်း နှစ်လုံးထိုင်းဘတ်ငွေတစ်ထောင်၊ ဆေးစာရွက်စာတမ်း၊ မှတ်စုစာအုပ်နှင့် အ၀တ်အစား ၂စုံကိုပါ လုယူပြီး ကားမောင်းထွက် သွားသည်ဟု လုယက်ခံရသည့် သင်တန်းသူတစ်ဦးက ယခုလို ပြောသည်။

ကျမတို့ ဂျူတီကနေ သင်တန်းကျောင်းကို စက်ဘီးနဲ့ပြန်အလာ CDC ကျောင်းအလွန်လေးမှာ နောက်ကနေ ကားတစီးမောင်း လာပြီး ကျားကွက်အင်္ကျီနဲလူက ဆင်းလာတယ်။ နောက် ဓါးနဲ့ထောက်ပြီး ကျမတို့ကို ထိုင်ခိုင်းတယ်။ ကားပေါ်က လူတော့ သေနတ်နဲ့ချိန်ထားတယ်။ ထိုင်းလိုတွေ ဆဲဆိုပြီး ပါလာတဲ့ အိတ်တွေကို လုယူသွားတယ်။ဟု သူမက ရှင်းပြသည်။

အဆိုပါကိစ္စကို ညနေ ၅နာရီခန့်တွင် သက်ဆိုင်ရာ မဲဆောက် ပုလိပ်ရုံးသို့ သွားရောက်တိုင်ကြားထားခဲ့ပြီး ည ၁၀နာရီဝန်းကျင် တွင် လုယက်သူနှစ်ဦး မောင်းနှင်အသုံးပြုသည့် ကားကိုသာ ဖမ်းမိတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ(ပုလိပ်)တွေက ၁၀နာရီ လောက်မှာ အဲဒီ ကားကိုတွေ့တယ်။ ကားကလည်း ဓါတ်ဆီကုန်နေပြီ လူကတော့မတွေ့ဘူး။ ကားပေါ်မှာ ကင်မာတလုံးနဲ့ ဖုန်းတလုံးကို ပြန်တွေ့တယ်။ ညတွင်းချင်းပဲသူတို့ပစ္စည်း ဟုတ်မဟုတ် သွားကြည့်တော့ ဟုတ်တယ်။ ဒါပေမယ့် ပုလိပ်တွေကတော့ ပစ္စည်းတွေကို အခု ပြန်မပေးသေးဘူး။ဟု ပြောသည်။

သို့သော် ယနေ့မနက်တွင် တရားခံတဦးအား ဖမ်းဆီးရရှိထားပြီ ဖြစ်ကြောင်းနှင့် တရားခံနှစ်ဦးစလုံး ဖမ်းမိလျှင် ပစ္စည်းများကို ပြန်ပေးမည်ဟု မဲဆောက်ရဲစခန်းမှ မယ်တော်ဆေးခန်း တာဝန်ရှိသူများအား အကြောင်းကြားခဲ့သည်။

မဲဆောက်မြို့တွင် လက်ထောက်ဆရာဝန် သင်တန်းတက်ရောင်သူနှင့် CDC ကျောင်းသား၏ ပစ္စည်းကို ယခင်က လုယက်ခံရ ခြင်း တကြိမ်တခါမျှ မရွိခဲ့ေ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)