Tuesday, January 24, 2012

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်

23/1

Freedomnewsgroup

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံတွင်ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အပြစ်မဲ့ ပြည်သူများအား နှိပ်စက်ညှင်းပန်း ပြီးသတ်ဖြတ် ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့  အပြင် ၎င်း အာဏာ ရှိစဉ် ၁၉၈၈ခုနှစ် မှ ၂၀၀၄ခုနှစ် အောက်တိုဘာလ အတွင်း၌တက်ကြွလှုပ်ရှားသူများ နှင့်ဒီမိုကရေစီ ရေးကြိုးပမ်းခဲ့သူတို့ ကိုရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည့် မြန်မာအစိုးရ ၀န်ကြီးချုပ် ဟောင်း နှင့် ထောက်လှမ်းရေးအကြီးအကဲ ဟောင်း ဖြစ်သူဗိုလ်ချုပ် ကြီး ခင်ညွန့်  အား လက်စား ချေလုပ်ကြံသတ် ဖြတ်မည့်သတင်းများထွက် ပေါ်နေသည် ဟု သတင်း ရရှိသည်။

အဆိုပါ လုပ်ကြံသတ် ဖြတ်မှုများကို ၎င်းအာဏာရှိစဉ်ကအပြင်း အထန် နှိပ်ကွပ်မှုကို ခံရသည့် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက ပြုလုပ်ရန်စီစဉ် ခြင်းမဟုတ်ဘဲစစ်ထောက်လှမ်း ရေး မိသားစုများ ကြောင့် စီးပွားဥစ္စာ ဓန နှင့် ဘ၀ ပါဆုံးရှုံး ခဲ့ရသည့် မိတ်ဆွေများကွန်ယက် ကပြုလုပ်ရန်စီစဉ် ခြင်း ဟု FNG မှသိရှိရသည်။

ဗိုလ်ချုပ် ခင်ညွန့် အားလုပ်ကြံသတ် ဖြတ် ရန် သူအာဏာရှိစဉ်ကတည်းကစီစဉ်ထားရှိခဲ့မှုများ ရှိသည်ဟု သတင်းရရှိ ပြီးနောက်ပိုင်း အဖမ်းခံရ ချိန်တွင် ဆိုင်းငံ့ ထားခဲ့ခြင်းဖြစ် နိုင်ကြောင်း နှင့်ယခု ပြန်လည်စတင်ခြင်းဖြစ် နိုင်ကြောင်းယခင် ရွှေတိဂုံဘုရားလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး က ပြော သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်  အာဏာရှိစဉ်က စီးပွားပျက်၊ဘ၀ပျက်မှုခံခဲ့ရသူများတွင် စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းလုပ်ကိုင် နေသူများပါ ပါဝင် သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)