Thursday, September 20, 2012

အယ်(လ) ခွန်ဖန် ကို လုပ်ကြံခဲ့ သည့် ဇော်ဆိုင်း လွတ်မြောက်လာ

September 19, 2012 

36289_529546490405613_1509239686_n

KIA ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း ပြန်လွတ်လာပါပြီ။

သူက မြန်မာ့တပ်မတော်တိုင်းမှူးတယောက်ကို လုပ်ကြံမှုနဲ့ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရသူပါ။
၁၉၈၅ ခုနှစ်မှာ သူနဲ့ တခြားKIA စစ်သား ၃ ယောက်က တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို
မြစ်ကြီးနားဂေါက်ကွင်းနားမှာ စောင့်ပြီး လုပ်ကြံခဲ့တယ်လို့ ဆိုပါတယ်။သူတို့တွေ ဈေးသည်ယောင်ဆောင်ပြီး
စောင့်တယ်၊ ခြင်းတောင်းထဲ AK-47 သေနတ်ဖွက်ထားတယ်၊ တိုင်းမှူးကားလာတော့ လဖိုင်ဇော်ဆိုင်းက
ကားဘီးကိုပစ်၊ ပြီးတော့ တိုင်းမှူးနဲ့ဒရိုင်ဘာကို ပစ်တယ်၊ လဖိုင်ဇော်ဆိုင်းရဲ့လက်ထောက်တွေက
တိုင်းမှူးရဲ့လုံခြုံရေးစစ်သားတွေကို ပစ်တယ်လို့ ဆိုပါတယ်။ဆုံရပ်မှာ လူပြန်စုတော့ သူ့လက်ထောက်
တယောက် ရောက်မလာတာနဲ့ လဖိုင်ဇော်ဆိုင်း နောက်ကြောင်းပြန်လှည့်ပြီး ရှာရာမှာ အဖမ်းခံရ
ထောင်ကျပါတယ် တဲ့။
သမီးဖြစ်တဲ့ နာမည်ကျော်အဆိုတော် အယ်လခွန်းရီက ဧရာဝတီကို လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ပြောပြတာက
သူ့ဖခင်ဟာ သေနတ်ဒဏ်ရာ ၂၈ ချက်နဲ့ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတယ် တဲ့။
(အသက် ၅၇ နှစ်အရွယ် တိုင်းမှူးကွယ်လွန်ချိန်မှာ သားသမီး ၆ ဦး ကျန်ရစ်ပါတယ်)


လဖိုင်ဇော်ဆိုင်း ဘယ်သူလဲ
KIA ကွန်မန်ဒိုက ကချင်ပြည်နယ် အင်းတော်ကြီးကန်နဲ့ သိပ်မဝေးတဲ့ ကျေးလက်ဒေသတခုကပါ။
တချိန်ကတော့ အနက်ရောင်နယ်မြေပါ။ မြန်မာ့တပ်မတော်က သူတို့ဒေသကို မီးသွားရှို့လို့မိဘများနဲ့အတူ
ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
သူ အထက်တန်းကျောင်း မပြီးခင်မှာပဲ KIA ထဲ ရောက်တယ်၊ စစ်သင်တန်းတက်တယ်၊ နောက်တော့ ရန်ကုန်သွားပြီး
နာမည်ကျော် ကွန်ဖူးစိုးမြင့်သင်တန်းမှာ ခါးပတ်နက်ရတဲ့အထိ ပညာသင်ခဲ့တယ်လို့ ဆိုတယ်။
ရန်ကုန်ကအပြန် လဖိုင်ဇော်ဆိုင်း တရုတ်ပြည်မှာ ကွန်မန်ဒိုသင်တန်း သွားတက်ရတယ်၊ သင်တန်းကအပြန် KIA
ဌာနချုပ်မှာပဲ နေရတယ်၊ ရှေ့တန်းက တခြားရဲဘော်များနဲ့ အဆက်အသွယ်ဖြတ်ခံရတယ်လို့ ဆိုတယ်။
အဲဒီနောက်မှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းဆင်း အကောင်အထည်ဖော်ရသူ ဖြစ်လာပါတယ်။
သူထောင်ကျတော့ မြစ်ကြီးနားမှာနေတဲ့မိခင်အို သူ့ဆီကို တနှစ်တခါ ထောင်ဝင်စာ သွားတွေ့တယ် တဲ့။
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန် မိသားစုရဲ့အသံ
ထောင်ထဲမှာ ရှိနေတုန်း မျှော်လင့်မထားတဲ့ဧည့်သည် ရောက်လာပါတယ်။ ကျဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ရဲ့
သားတယောက် မူးယစ်မှုနဲ့ထောင်ကျပါတယ်။သူ့ဖခင်ကိုလုပ်ကြံသူနဲ့ တွေ့ချင်တယ်လို့ ပြောတော့ ထောင်အာဏာပိုင်တွေက
တွေ့ဖို့ စီစဉ်ပေးပါတယ် တဲ့။
“မင်းတို့အဖေကို သတ်ဖြတ်တယ် ဆိုတာ ကချင်ပြည်သူတွေရဲ့အကျိုးအတွက် လုပ်လိုက်တာပါ၊ သူ့ကိုမုန်းလို့ မဟုတ်ပါဘူး
ဆိုပြီး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ရဲ့ သားကို ကျနော် ပြောလိုက်တယ်” လို့
လဖိုင်ဇော်ဆိုင်းက ရှင်းပြလိုက်ပါတယ်။
“သူ့သားကတော့ အဲဒါဟာ ဘုရားသခင်ရဲ့ အလိုတော်အရပါပဲ” လို့ ပြန်တုံ့ပြန်ခဲ့ပါတယ် တဲ့။
ဧရာဝတီက အဆိုတော် အယ်လ်ခွန်းရီကို ဒီအကြောင်း ဆက်သွယ်ခဲ့ရာမှာ အတိတ်က ဖြစ်ရပ်တချို့ကို သိခွင့်ရခဲ့ပါတယ်။
“အဲဒီလုပ်ကြံမှုဖြစ်ခဲ့တဲ့ကာလ KIA ခေါင်းဆောင်တယောက်နဲ့ ကျမ ဖေဖေနဲ့က ကျောင်းနေဘက်တွေပါ။ သူတို့ အယူအဆတွေ
ကွဲပြားတဲ့အတွက် ရပ်တည်ချက် မတူညီတဲ့ဘက်ကို ရောက်သွားကြတာပါပဲ။
KIA နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေးသဘောတူကြတော့ သတင်းစာထဲက ဓာတ်ပုံတပုံမှာ အဲဒီလူ (KIA ခေါင်းဆောင်)
ကို ကျမတို့ တွေ့လိုက်ရတော့ ကျမတို့ စိတ်ထိခိုက်ရပါတယ်” လို့ အယ်လ်ခွန်းရီက ပြောပါတယ်။
လုပ်ကြံမှု နဲ့ KIA ရပ်တည်ချက်
အဲဒီလုပ်ကြံမှုက သူတို့လက်ချက်ပါလို့ KIA က ဘယ်တုန်းကမှ မပြောခဲ့ပါ။ ဒီလို မပြောခဲ့တာဟာ “ကချင်တွေက အချင်းချင်း
ဘယ်တော့မှ မသတ်ဘူး” ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားလို့ ဖြစ်မယ် ဆိုပြီး အကဲခတ်တချို့က ဆိုပါတယ်။
ဒါကတော့ ၂၀၁၀ စက်တင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းထဲက The Kachin Assassin ဆိုတဲ့ ဆောင်းပါးထဲက ကောက်နုတ်ချက်တွေပါ။
ဆောင်းပါးရှင်က လဖိုင်ဇော်ဆိုင်းကို ထောင်ထဲမှာ တွေ့ခဲ့သူ ဖြစ်ပါတယ်။
ဆောင်းပါးထဲမှာတော့ မန္တလေးထောင်အတွင်း ခေါင်းကို ကျည်ဆံရှပ်ထိပုံအပါအ၀င် လဖိုင်ဇော်ဆိုင်းရဲ့ ထောင်တွင်းအတွေ့အကြုံ၊
KIA အတွင်းပိုင်း လုပ်ကြံမှု စတဲ့ စတဲ့ အကြောင်းအရာတွေကို ရေးထားပါတယ်။
လဖိုင်ဇော်ဆိုင်းရဲ့ နောက်ဆုံးအချေအနေ
လွတ်မြောက်လာတဲ့ လဖိုင်ဇော်ဆိုင်းကို ရန်ကုန်အခြေစိုက် အာရှလေဘာတီသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားပါတယ်။
သူက KIA နယ်မြေကို မသွားဘဲ ရန်ကုန်ကို သွားခဲ့တာပါ။
“ကျနော် ခု ရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေးအဖြေရှာချင်လို.၊ သိန်းနဲ.ချီတဲ. ကချင်ဒုက္ခသည်
တွေအတွက် တစ်ခုခုကြိုးစားချင်လို.ပါ” ဆိုပြီး လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။
ဧရာဝတီ သတင်း မီဒီယာမှ သတင်း ဖြစ်ပါသည်။
စစ်မတိုက်ချင်လို. အိမ်မပြန်သေးဘူးဆိုတဲ. KIA ကွန်မန်ဒို
၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ.ကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက် ဘယ်သောအခါမှမမေ.နိုင်မည်.နေ.တစ်နေ.ဖြစ်သည်။ ထို.နေ. တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တာဝန်ပေးချက်အရ အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အားကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနားတွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ.သည်။
ကေအိုင်အေ၏အထူးပျောက်ကျားကွန်မန်ဒိုတပ်ဖွဲ.ကို အသက် ၂၂ အရွယ်တွင်ဦးစီးတာဝန်ယူထားသော ကိုဇော်ဆိုင်းနှင်. အခြား ကေအိုင်အေ ၃ ဦးတို. တိုင်းမှုးအယ်ခွန်ဖန်အားလုပ်ကြံအပြီး သတ်မှတ်ဆုံမှတ်သို.ပြန်လာချိန်တွင် တစ်ဦးမှာ ကျန်ရစ်ခဲ.သဖြင်. ကိုဇော်ဆိုင်းကလာလမ်းအတိုင်းပြန်နောက်ဆုတ်၍ ရှာဖွေရာချိန်တွင် သူဖမ်းဆီးခံခဲ.ရ၏။ သူ၏ ကျန်ကွန်မန်ဒိုရဲဘော်များမှမူလွတ်မြောက်ခဲ.ကြ၏
ကိုဇော်ဆိုင်းသည် သေဒဏ် နှင်. ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံခဲ.ရပြီး ရှစ်လေးလုံးအရေးတော်ပုံ အပြီး သေဒဏ်ပျက်ပြယ်ပြီး နောက်တိုး ထောင်ဒဏ် ၃ နှင်.ဖြင်. ထောင်သက် ၂၇ နှစ်နီးပါး ကို မြစ်ကြီးနားထောင်၊ မန္တလေးထောင် နှင်.မြင်းခြံထောင်တို.တွင် ယမန်နေ.နေလည်ခင်းအချိန်ထိ အကျဉ်းကျခဲ.သည်။
ခုတော.ကိုဇော်ဆိုင်း ယမန်နေ.က အစိုးရကြေငြာသောပြစ် ဒဏ်လျှော.ပေါ.လွှတ်ပေးမှုကြောင်. လွတ်မြောက်လာပြီး ရန်ကုန်မြို.သို.ရောက်ရှိနေပြီဖြစ်သည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနီးတူ မွေးရပ်ဇာတိ သို.မဟုတ် မိဘဆွေးမျိုးများရှိရာကချင်ပြည်နယ် သို.မပြန်နိုင်ရှာ။ အကြောင်းကား လွန်ခဲ.သောနှစ်ပေါင်း ၃၀ ကျော်ကကဲ.သို. ကချင်မြေတွင် အစိုးရစစ်တပ်နှင်. ကေအိုင်အေတို. အပြင်းအထန်တိုက်ပွဲများဖြစ်နေပြီး စစ်မီးများတဟုန်းဟုန်းလောင်မြိုက်နေခြင်းကြောင်.ဖြစ်သည်။
“ရှေ.လ ၁၆ ရက်ဆို ကျနော်ထောင်သက် ၂၇ နှစ်ပြည်.ပါပြီ။ ဒါ.ကြောင်.လွှတ်ပေးလို.ကျေးဇူးတင်ရမယ်ဆိုတာလဲတစ်မျိုးဘဲ။ ကျနော်ခုရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေးအဖြေရှာချင်လို.၊ သိန်းနဲ.ချီတဲ. ကချင်ဒုက္ခသည်တွေအတွက် တစ်ခုခုကြိုးစားချင်လို.ပါ” ဟုသူကဆိုသည်။
သူထောင်သက် ၂၇ နှစ်အတွင်း  ကေအိုင်အေ နှင်. အစိုးရတို. ၁၇ နှစ်ကြာ ၁၉၉၄ မှ ၂၀၁၁ ဇွန်လထိ အပစ်အခပ်ရပ်ဆဲခဲ.သည်။ သို.သော်ယခုကိုဇော်ဆိုင်းမြင်တွေ.ရသော ကချင်ပြည်နယ်ကား သူမြင်တွေ.ခဲ.သည် ၁၉၈၀ ကျော်ကစစ်ပွဲကာလများကဲ.သို.ဖြစ်နေသည်။
၁၉၈၅ ခုနှစ်တွင် ဦးနေ၀င်းခေါင်းဆောင်သောမြန်မာအစိုးရတပ်နှင်. ကေအိုင်အေတို. တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ကိုဇော်ဆိုင်းကဆိုသည်။ ထိုကာလများတွင် ကချင်ရွာ များမီးရှို.ခံရခြင်း၊ ထောင်ပေါင်းများစွာသော ကချင်လူမျိုးတို. စစ်ပြေးဒုက္ခသည်ဖြစ်ခဲ.ခြင်းတို.သည် ကချင်လူမျိုးပင်ဖြစ်သော တိုင်းမှူးအယ်လ်ခွန်ဖန်ကိုလုပ်ကြံရန် အကြောင်းဖန်လာခြင်းဖြစ်ကြောင်း သူကဆိုသည်။ အယ်လခွန်ဖန်မှာ နာမည်ကျော်အဆိုတော် အယ်လခွန်းရီ ၏ ဖခင်ဖြစ်သည်။
“ကေအိုင်အေခေါင်းဆောင်ဟောင်းတွေဖြစ်တဲ. ဦးဘရန်ဆိုင်း နဲ. ဦးဇော်မိုင် တို.က တာဝန်ပေးတဲ.အတွက်ကြောင်. လုပ်ကြံမှုကိုလုပ်ခဲ.တာပါ။ ခုကေအိုင်အေ စစ်ဖက်ဆိုင်ရာ အကြီးအကဲ လုပ်နေတဲ. ဗိုလ်ချုပ်ကြီးလဘန်လ ကော၊ ခု ကေအိုင်အိုခေါင်းဆောင်တာဝန်ယူထားတဲ. ဦးဇောင်းခရား တို.လည်းကျနော်တာဝန်ယူတဲ.ကိစ္စကိုသိပါတယ်” ဟု ကိုဇော်ဆိုင်းက ဆိုသည်။
ကိုဇော်ဆိုင်းကိုလွှတ်ပေးလိုက်မှုသည် ကေအိုင်အေအတွက်တော. ထူးခြားမှုတစ်ရပ်လို.မှတ်ယူစရာရှိသည်။ အကြောင်းမှာ ယခကေအိုင်အေမျိုးဆက်သစ်လူငယ်ခေါင်းဆောင်များထဲ.မှအချို.သည် ကိုဇော်ဆိုင်းနှင်. သက်တူရွယ်တူ ခေတ်ကာလတစ်ခုတည်းလုပ်ကိုင်ခဲ.သူများဖြစ်ကြောင်းသိရသည်။
ယခုတော. အသက် ၄၉ နှစ်ရှိပြီဖြစ်သော ကိုဇော်ဆိုင်းတစ်ယောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သူတတ်နိုင်သမျှကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထောင်သက် ၂၇ နှစ်ကာလအတွင်း တွေ.ခဲ.သော များမြောင်လှသည်. သူ.မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင်. အဆင်ပြေပါက အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဒေါ်အောင်ဆန်းစုကြည် ကိုပါတွေ.ဆုံရန် ရှိသည်ဟုသူကဆိုသည်။
လက်ရှိဖြစ်နေသော ကေအိုင်အေနှင်. အစိုးရတိုက်ပွဲများအပေါ် သူမှတ်ချက်ပေးရန်ငြင်းဆန်သော်လည်း အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင်.တပ်ဖွဲ.အသွင်ပြောင်းရေးစီမံကိန်းဟာ ဖြစ်နိုင်စရာအကြောင်းမရှိဟု သူကမှတ်ချက်ပြုသည်။
ထို.အပြင် မြင်းခြံထောင်ထဲတွင် မတရားညှင်းပန်းနှိပ်စက်မှုကြောင်. KNU နှင်.ပတ်သက်ပြီးအကျဉ်းချခံခဲ.ရသူ ၆၀ ကျော် ၁၉၉၂၊ ၁၉၉၃ ကာလများတွင် သေဆုံးခဲ.မှုနှင်. ထောင် ထဲတွင်လူအခွင်.အရေးချိုးဖောက်များကိုလည်း သူက ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်ကိုယ်တိုင် သံခြေကျင်းဒေါက်ခတ်ပြီး ၄ နှစ်နေခဲ.ရတယ်၊ နှိပ်စက်ခံခဲ.ရတယ်၊ အစာရေစာငတ်မွတ်ခဲ.တယ်၊ ဘုရားသခင်ရဲ.ကျေးဇူးတော်ကြောင်. ကျနော်ဒါတွေကျော်လွှားနိုင်ခဲ.တယ်။ ကျနော် ငြိမ်းချမ်းရေးအတွက် ကြိုးစားသွားမယ်” ဟု ကိုဇော်ဆိုင်းကဆိုသည်။
သေချသည်ကတော. ကိုဇော်ဆိုင်းသည်မငြိမ်းသေးသော မြန်မာပြည် ပြည်တွင်းစစ်၏ သားကောင်ဖြစ်ခဲ.ရကာ၊ ယခုလက်ငင်း စစ်၏အခြေအနေကြောင်. အသက်ရှစ်ဆယ်ကျော်မိခင်ကြီးရှိရာ ကချင်ပြည်နယ် အင်းတော်ကြီးသို. မပြန်နိုင်ဘဲ ဆက်လက်၍ စစ်၏ သားကောင်ဖြစ်နေလေသည်။
(အာရှလေဘာတီ သတင်းဂျာနယ် မှ ဖြစ်ပါသည်။ )

Source: http://freedomnewsgroup.com/2012/09/19/zaw-sai-27-years/

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)