Tuesday, September 25, 2012

ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍ KCM ၏ သဘောထားထုတ်ပြန်ချက်


ဗိုလ်ချုပ်စောလားပွယ် (DKBA) ၏ စက်တင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် နှင့်ပတ်သက်၍  KCM ၏ သဘောထားထုတ်ပြန်ချက်
KKO နာယကအဖွဲ့ဝင် လူကြီးများ၏ ဆုံးဖြတ်ချက် တစ်စုံတရာမပါဘဲ ဒီမိုကရေစီနည်းအ၇   ရွေးကောက်တင်မြှောက်ထား သော အလုပ်အမှုဆောင်ကော်မတီဉက္ကဌ မန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုးဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်သည့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်အပေါ် KCM မှ ရှုတ်ချသည်။
စောလားပွယ်၏ ထုတ်ပြန်ေ-ကညာချက်နှင့်ပတ်သက်၍ မိမိတို့ KCM  မှ   အောက်ပါအတိုင်း သုံးသပ်သည်။  

KKO အလုပ်အမှုဆောင်ကော်မတီ ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေအတွင်းရေးမှုး ဖြစ်သည့် စောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ရခြင်းသည် ပြည်ပနိုင်ငံသားများအဖြစ် ခံယူထားသောကြောင့် ကလိုထူးဘောကရင် အစည်းအရုံး၏ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အဟန့်အတားဖြစ်လာနိုင်သည်ဟု စောလားပွယ်မှဖော်ပြထားသည်။

ကလိုထူးဘော ကရင်အစည်းအရုံးအား စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက မန်းရောဘတ်ဘဇန်သည် ပြည်ပ နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဉီးဖြစ်သည်ကို ဗိုလ်ချုပ်စောလားပွယ် အပါအဝင် DKBA  တပ်မှုးတပ်ဖွဲ့ဝင်များအားလုံး သိရှိထားပြီး ဖြစ်သည်။
မန်းရောဘတ်ဘဇန်သည် မိမိတို့ KCM တွင်အရေးပါအရာရောက်သည့်နေရာမှ အမျိုးသားရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသူဖြစ်သည်။ စောလားပွယ်ဉီးဆောင်သည့် DKBA တပ်အချို့မှ တရားမျှတမှုမရှိသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ပြီး ပြည်သူဖက်မှ ရပ်တည်ခဲ့သည့်အပေါ် မိမိတို့ KCM မှအပြည့်အဝထောက်ခံခဲ့ သည်နှင့်အညီ မန်းရောဘတ်ဘဇန်အား  စောလားပွယ်မှ ၄င်း၏တပ်ဖွဲ့အား နိုင်ငံရေးဉီးဆောင်မှုပေးရန် အကူအညီ တောင်းခံလာသည့်အပေါ် မိမိတို့မှ မန်းရောဘတ်ဘဇန်အား ခွင့်ပြုခဲ့သည်။ 
သို့သော် ယခုအချိန်၌ စောလားပွယ်သည် ၄င်း၏တစ်ဉီးတည်းဆန္ဒဖြင့် KKO ဉက္ကဌမန်းရောဘတ်
ဘဇန်အား ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသောကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟုဆိုခြင်းမှာ လုံးဝဆီလျှော်မှုမရှိပါ။
စောလားပွယ်အနေဖြင့် ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း နှင့် သွေဖီ၍ စစ်အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု မိမိတို့မှသုံးသပ်သည်။ ထိုလုပ်ရပ်သည် DKBA နှင့် KKO အဖွဲ့အစည်းအပေါ် အားပေးထောက်ခံကြသော ပြည်တွင်းပြည်ပ   နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများ၏ယုံကြည် မှုများကို ဖျက်စီးလိုက်ခြင်းဖြစ်သည်။
အနာဂါတ်နိုင်ငံရေးဟုဆိုသော စောလားပွယ်၏ နယ်မြေစည်းခြား ဘောင်ခတ်ထားသည့် ကျဉ်းမြောင်းသော အမြင်အရ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်    ပြုလုပ်သည့်   တိုင်းရင်းသား အဖွဲ့ပေါင်းစုံအစည်းအဝေးတစ်ခုအား တက်ရောက်ရန်ထွက်ခွာသွားသော ဉက္ကဌမန်းရောဘတ်ဘဇန် နှင့် အထွေထွေ အတွင်းရေးမှုးစောဂုဏ်အောင် တို့အား တာဝန်မှရပ်ဆိုင်းလိုက်ခြင်းသည် အကြောင်းပြချက် တစ်ခုသာဖြစှုပီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော အနာဂတ်ဖယ်ဒရယ်
ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေးထက် ၄င်းအပေါ် လက်ရှိစစ်အစိုးရမှ မငြိုငြင်ရေးကိုသာ အဓိကအလေးထားလျှက်ရှိ ကြောင်း သိသာထင်ရှားစွာပြသလိုက်ခြင်းဖြစ်ပေသည်။
 သို့ဖြစ်၍ မိမိတို့မှ သုံးသပ်သည်မှာ စောလားပွယ်နှင့် တချို့ သော DKBA တပ်မှုး များသည် စစ်အစိုးရ၏ တစ်စုံတစ်ရာ သွေးထိုးလှုပ်ဆော်ခြင်း၊ စစ်ရေး နိုင်ငံရေးအရ ဖိအားပေးခြင်းများအောက်၌ရှိနှေုပီး တပ်ဖွဲ့အတွင်း ရန်သူ၏ထိုးဖောက်ဝင်ရောက်မှုများလည်း ရှိနေပီဟု မိမိတို့မှ ယုံကြည်သည်။  
 စောလားပွယ်၏ လုပ်ဆောင် မှုများသည် မန်းရောဘတ်ဘဇန် နှင့် စောဂုဏ်အောင် တို့၏ ဂုဏ်သိက္ခာကို
များစွာထိခိုက်စေသောကြောင့် မိမိတို့ KCM မှ ပြင်းထန်စွာရှုတ်ချလိုက်သည်။ 
အလုပ်အမှုဆောင်ကော်မတီ
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
စက်တင်ဘာ (၂၂)ရက်၊ ၂၀၁၂ ခုနှစ်။

Source: http://www.9dblood.com/2012/09/dkba-kcm.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)