Friday, October 12, 2012

ဦးအောင်မင်း ပြောကြားခဲ့တဲ့ ကေအဲန်ယူ အပေါ် သဘောထား (ရုပ်သံ)

 12/10/2012

 ဦးအောင်မင်း ပြောကြားခဲ့တဲ့ ကေအဲန်ယူ အပေါ် သဘောထား ကို မကြည့်ရသူတွေ အတွက် ကော ကြည့်ပြီးသား သူများအတွက်ပါ ထပ်မံ လေ့လာ သုံးသပ်နိုင်အောင် ပြန်လည် တင်ပြလိုက်ပါတယ်။ ဒီစကားကို ကေအဲန်ယူနဲ့ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးအပြီးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အပြော၊ သူ့ရဲ့ သဘောထားနဲ့ သူ့ရဲ့ အဲဒီ အတွေး အခေါ်လေးနဲ့ တကယ်ထာဝရ ငြိမ်းချမ်းရေးကြီး တည်ဆောက်နိုင်ပါ့မလား။ နိုင်ငံရေး ပြသာနာကို ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံရေး ပြသာနာ ဖြစ်လာရတဲ့ အဓိက အရင်းအမြစ်ကို နားလည်ဖို့ အထူးလိုအပ်ပါတယ်။ 
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို သွေးခွဲပြီး စီးပွားရေးမက်လုံးပေးခွဲထုတ်ကာ စစ်အာဏာရှင်
လမ်းစဉ်အတိုင်း တစိုက်မတ်မတ် အကောင်အထည်ဖေါ်နေတာ တွေ့မြင်ကြရမယ်။ ဦးအောင်မင်းရဲ့ သဘောထားအရ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ တန်းတူ
ရေးကိုအခြေခံတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင်နေပါတယ်။




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)