Wednesday, October 17, 2012

ထိုင်းရေနံကုမ္ပဏီ PTT မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကန်ဒေါ်လာနှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်

ဘန်ကောက်၊အောက်တိုဘာ-၁၇

ထိုင်းနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ PTT သည် မြန်မာနိုင်ငံတွင် ငါးနှစ်စီမံကိန်းဖြင့် တစ်နှစ်လျှင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာနှစ်ဘီလီယံနှင့် ၂ ဒသမ ၅ ဘီလီယံကြား ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြိး ဒီဇင်ဘာလတွင် ကုမ္ပဏီ၏ ဘုတ်အဖွဲ့၌ စဉ်းစားဆွေးနွေးရန် တင်ပြထားကြောင်း သိရသည်။

လာမည့် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အတွင်း ငါးနှစ်စီမံကိန်းအရ ၂၀၁၃ အတွက် ရင်းနှီးမြှုပ်နှံမှုတွင် ရထားလမ်းနှင့် သိုလှောင်ရုံများ ဆောက်လုပ်ခြင်းအပါအ၀င် သယ်ယူပို့ဆောင်ရေး၊ ပိုက်လုံးများ တပ်ဆင်ရေးများ ပါဝင်မည်ဟု ဆိုသည်။ ထို့အပြင် ကုမ္ပဏီသည် PTT ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီခွဲနှင့် ပူးပေါင်း၍ ကမ်းလွန်သဘာဝဓာတ်ငွေ့များ သယ်ယူရာ၌ ပိုက်လိုင်းစနစ်ဖြင့်ရှိရန် တည်ဆောက်ရေးကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ PTT သည် မြန်မာနိုင်ငံတွင်း၌ ဓာတ်ငွေ့နှင့် လောင်စာအရောင်းဆိုင်များလည်း ဖွင့်လှစ်ရန်စီစဉ်နေသည်။

ထိုင်း၏ အမျိုးသားစွမ်းအင်ပေါ်လစီ ကော်မတီ၏ အောက်တိုဘာ ၄ ရက် အစည်းအဝေးတွင် ဂက်စ်ပိုက်လိုင်းစနစ် တည်ဆောက်ရေးအတွက် ၄င်း၏ တတိယစီမံကိန်းကြီး Master Plan ကို အတည်ပြုထားခဲ့ပြီးဖြစ်သည်။ ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံငွေ ပမာဏကို မူလထက် ၈ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သော မူလဘတ်ငွေ ၁၉၉ ဒသမ ၆၇ မှ ၂၁၇ ဒသမ ၃၇ ဘီလီယံအထိ တိုးမြှင့်ခဲ့သည်။

PTT ဘုတ်အဖွဲ့သည် ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် ဘတ်ငွေ ၃၅၇ ဒသမ ၉၉ ဘီလီယံ မြှုပ်နှံရန် အတည်ပြုခဲ့သည်။ ယင်းမှ ၃၃ ရာခိုင်နှုန်း ပမာဏမှာ သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက်ဖြစ်ပြီး ၁၄ ရာခိုင်နှုန်းမှာ ဓာတ်ဆီလုပ်ငန်းနှင့် ၅၀ ရာခိုင်နှုန်းမှာ ပူးတွဲရင်းနှီးမြှုပ်နှံမှုနှင့် လက်ခွဲကုမ္ပဏီများ မြှုပ်နှံမှုအတွက်ဖြစ်သည်။ ကျန်သုံးရာခိုင်နှုန်းမှာ ကုမ္ပဏီရုံးချုပ်နှင့် အခြားသော ပိုင်ဆိုင်မှုများအတွက် ဖြစ်သည်။

-Ref:The Nation
 Source:  http://www.facebook.com/7daynews/posts/427844633943843

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)