Wednesday, October 17, 2012

သြစတြေးလျက မြန်မာနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်သွားမည်

အောက်တိုဘာ-၁၇ ၂၀၁၂
မစ္စတာ ဘော့ကား
 သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲများ၊ အစိုးရဖွဲ့စည်းတည်ဆောက်ပုံများအတွက်အကြံဥာဏ်ပေးသွားမည်ဖြစ်ကာထိရောက်သော နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စနစ်တစ်ရပ် ထူထောင်ရေးကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာဘော့ဘ်ကားကပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီးယားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် စကားပြောကြားရာတွင် မစ္စတာဘော့ဘ်ကားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ နောက်ပြန်မလှည့်နိုင်သည့် အထောက်အထားများ ပိုမိုတွေ့ရှိလာရသည်ဟု မစ္စတာဘော့ဘ်ကားကဆိုသည်။

"ဒီမိုကရေစီရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာလို့ ကျွန်တော်အားရမိပါတယ်"ဟု အထက်လွှတ်တော်အမတ်လည်းဖြစ်သူ မစ္စတာဘော့ဘ်ကားကပြောသည်။

ကုလသမဂ္ဂက မြန်မာအစိုးရအပေါ် ဝေဖန်ပြောကြားထားသည့် ဆုံးဖြတ်ချက်များတွင် စကားလုံးအသုံးအနှုန်းများ ပြင်ဆင်ရေးနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ်ထည့်သွင်းစဉ်းစားရေးကို သြစတြေးလျအစိုးရက ကြိုးပမ်းသွားမည်ဟုလည်း ၄င်းကဆက်လက်ပြောကြားသည်။

ထို့အပြင် သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံသို့ ပေးအပ်သော အကူအညီများကို ၂၀၁၅ အရောက်တွင် လက်ရှိထက် နှစ်ဆပမာဏ ကန်ဒေါ်လာ သန်း ၁၀၀ အထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ပညာရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ဒေသဆိုင်ရာ ကျန်းမာရေးဌာနများအတွက် အဓိက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

-Ref: www.investinaustralia.com
Source: http://www.facebook.com/7daynews/posts/427836020611371 

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)