Friday, November 30, 2012

လက်ပံတောင်းအရေး ဦးသိန်းစိန် ဘာပြောမလဲ

Thursday, November 29, 2012  Sithu Linn  

Source: http://blog.irrawaddy.org/2012/11/blog-post_7553.html

~



လက်ပံတောင်းဒေသမှာ ဆန္ဒပြသူအများအပြား မီးလောင်ဒဏ်ရာရခဲ့ကြတဲ့အရေးနဲ့ ပတ်သက်ပြီး  ဦးသိန်းစိန် ဘာပြောမလဲ။
ဒီဖြစ်ရပ်အတွက် တောင်းပန်ပါတယ် လို့ ပြောမလား။
စိတ်မကောင်းဖြစ်မိပါတယ် ဆိုတာလောက်ပဲ ပြောဖြစ်မလား။
ဒါမှမဟုတ် သမ္မတဦးသိန်းစိန်က ၀န်ကြီးတယောက်ကိုပဲ ဖြစ်ရပ်မှန်က ဒီလိုဒီလိုပါခင်ဗျား လို့ ပြောခိုင်းမလား။
အများတကာကတော့ အစိုးရဆီက ဘာသံထွက်လာမလဲ စောင့်နေကြပါပြီ။

ဆန္ဒပြသူတွေကို သပိတ်စခန်းတွေကနေ ထွက်သွားအောင် ဆောင်ရွက်ဖို့ ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာကို ဆုံးဖြတ် ပြင်ဆင်ဖို့အချိန်ကက နာရီပိုင်းပဲ ရခဲ့တာ မဟုတ်ပါဘူး။
သူတို့ကို သပိတ်စခန်းတွေကနေ ဘယ်လို ဖယ်ရှားမလဲ ဆိုတာ စနစ်တကျ ပြင်ဆင်ဖို့ အချိန် လုံလုံလောက်လောက် ရခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ဗိုလ်ချုပ်ကြီးများမှာ အတွေ့အကြုံတွေ သေချာပေါက် ရှိပါတယ်။
အစိုးရကောင်းတရပ်ဖြစ်ဖို့ ကြိုးစားနေတယ် ဆိုရင်တော့ ဒီဖြစ်ရပ်ကြီးအတွက် တိုက်ရိုက် တာဝန်ရှိတဲ့သူ နုတ်ထွက်စာတင်တာမျိုးတွေ လုပ်သင့်ကြပါပြီ။
မထွက်ရင်လည်း အစိုးရက သူတို့ကို ရာထူးက ဖယ်ရှားရမှာ ဖြစ်ပါတယ်။
ငြိမ်နေမယ် ဆိုရင်တော့ မကျေနပ်မှုတွေ ပိုမိုကြီးထွား ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။








No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)