30/11/2012
မြန်မာ့ဒီမိုကရေစီတုကို ဦးဆောင်ရုပ်လုံးဖေါ်နေသော ဦးသိန်းစိန်အစိုးရသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်တောင်းဆိုဆန္ဒပြနေကြသောပြည်သူများ နှင့် သံဃာတော်များအား ရက်စက်စွာဖြိုခွင်းခဲ့ပါသည်။"အစကတည်းကဒီမိုကရေစီအယောင်အဆောင် နိုင်ငံတကာကိုအယုံသွင်းပြီး နိုင်ငံတကာမှ အကူအညီနှင့် စီးပွားရေးကုမ္ပဏီများ မြန်မာပြည်သို့ဝင်ရောက်လာရန်နှင့် နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့မှုများရုတ်သိမ်း
လာစေရန် အသံကောင်းဟစ်နေခြင်းသာဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်သည်စစ်အာဏာရှင်၏အဆက် စစ်အာဏာရှင်သာဖြစ်ပြီး ပြည်သူများကို ဘယ်လိုဖြိုခွင်း ဘယ်လိုသတ်ရမည်ကို တဘက်ကမ်းခတ် အတွေ့အကြုံရင့်ကျက်သူများသာဖြစ်ပေသည်။ ထိုဖြိုခွင်းမှုဖြစ်ရပ်မှန်ကို Myanmar Express website (ဦးသိန်းစိန်အစိုးရဒေါက်တိုင်သတင်းဌာန)မှ တင်ပြထားသည်ကို ထပ်ဆင့်ဖေါ်ပြအပ်ပါသည်။"
နိုဝင်ဘာ ၂၇ ညနေ တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်အား ပုဒ်မ ၁၄၄ ထုတ်ထားပြီးဖြစ်သဖြင့် ၂၀၁၂ ခုနှစ် ည ၁၂ နာရီ နောက်ဆုံးထားကာ သပိတ်စခန်းများဖြတ်သိမ်းရန် နှင့် လူစုများ ခွဲပေးရန် ပြည်ထဲရေးမှ အမိန့်ထုတ်ပြန်လိုက်သည်။ အကယ်၍ အမိန့်ကို မလိုက်နာပါက ဥပဒေအတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
နိုဝင်ဘာ ၂၇ ည သတင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်အား မြန်မာ့ရုပ်မြင်သံကြားသတင်း၊ မြဝတီ သတင်း နှင့် သတင်းစာများတွင် လူထုတစ်ရပ်လုံး သိရှိစေရန် ကြေညာခဲ့သည်။
နိုဝင်ဘာ ၂၇ ရက်နေ့ ညအချိန်တွင် ဆန္ဒပြသူများ စခန်းချရာ သပိတ်စခန်းများသို့ ရဲတပ်ဖွဲ့ခေါင်းဆောင်များမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်နှင့် ကြေညာချက်ကို အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ဖတ်ပြခဲ့သော်လည်း ဆန္ဒပြသူအားလုံး ဂရုမစိုက်ခဲ့ကြပါ။
နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီ ချိန်ထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ဆန္ဒပြသူများကို ဘာမှမလုပ်ပဲ စောင့်ကြည့်ခဲ့ပြီး မဖယ်ရှားပါးက အခြေခံဥပဒေ အတိုင်း ကိမ်ကြိမ် အခေါက်အခေါက်အခါခါ သတိပေးသော်လည်း ဆန္ဒပြသူများအားလုံး လုံးဝ ဂရုမစိုက်ခဲ့ကြပါ။
နိုဝင်ဘာ ၂၈ ရက်နေ့ ညနေချိန်ထိ သပိတ်စခန်းအားလုံး ဖယ်ရှားပေးခြင်းမရှိသလို သပိတ်မှောက် သူအားလုံးကလည်း နားပိတ်နေခဲ့ကြသည်။
နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၂ နာရီ အချိန်ထိ သပိတ်စခန်းများသည် ပုံမှန်လည်ပတ်နေပြီး ဖျက်သိမ်းခိုင်းထားသော အမိန့် ကို ၂၄ နာရီ ကြာအောင် မထီမဲ့မြင် ပြုခဲ့ကြသည်။
နိုးဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီ ခန့်တွင် မီးသတ်ကားများဖြင့် လမ်းဘေး နှင့် လမ်းပေါ် တွင် အိပ်နေသည့် လူများနှင့် သံဃာများကို ရေဖြင့် ပန်းခဲ့သော်လည်း လူများသာ ထွက်ပြေးသွားကြပြီး သံဃာများမှာ အိပ်ချင်မူးတူးဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ရွတ်ဆိုနေကြသည်။
သံဃာအချို့မှာ မီးသတ်ပိုက်နှင့် ထိုးတာကိုပင် အအိပ်မပျက်ပဲ စောင်ပြန်ခြုံကာ အိပ်နေခဲ့ကြသည်။ အချို့ကတော့ ကယောင်ကတမ်းဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု repeat ဖြင့် အော်နေခဲ့ကြသည်။
မီးသတ်ကားဖြင့် ၁ မိနစ်ခန့် ရေပန်းအပြီး တွင် ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား စောင့်ကြည့်ခဲ့ရာ သံဃာအများစုမှာ တန်းစီကာ ထိုင်နေပြီး "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ဆက်အော်နေကြပြန်သည်။ ထိုအချိန်ထိ အချို့သံဃာများမှာ အိပ်နေတုန်းဖြစ်သည်။ သတင်းထောက်များ၊ NLD ပါတီဝင်များနှင့် ကျောင်းသား ဆိုသူများမှာ ခွေးပြေးဝက်ပြေး ပြေးကြသဖြင့် တစ်ယောက်မျှပင် မရှိတော့ပေ။
ခေါင်းမာနေသော သံဃာများ၏ သပိတ်စခန်းသို့ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ စတင်ပစ်ရာ သံဃာများက စောင့်ကြောင့်ထိုင်ပြီး ရဲတပ်ဖွဲ့များကို ငရဲကြီးစေလိုခြင်း အတွက် လက်အုပ်ချီကာ မေတ္တာပို့ရန်ပြင်ဆင်ခဲ့ကြသည်။
သပိတ်စခန်းများသည် ထန်းရွက်များဖြင့် ကာထားပြီး ပလက်စတစ် မိုးကာစ ဖြင့် မိုးထားရာ မီးခိုးဗုံး ကျချိန်တွင် ပလစတစ်စများမှာ အပူဒဏ်မခံနိုင်ပဲ အရည်ပျော်ကျကာ မီးလောင်ခဲ့သည်။ ထန်းရွက်ခြောက်များကြောင့် မီးအရှိန်မှာ တမဟုတ်ခြင်း ကြီးထွားလာပြီး သင်္ဃန်းများကို လောင်ခဲ့သည်။
မီးတောက်ကို တွေ့မြင်ချိန်တွင် ဆန္ဒပြသူ လူများက သံဃာတော်များအား နောက်ဆုတ်ကြရန် အော်ဟစ်သတိပေးကြသော်လည်း သံဃာများက ရေစိုနေသော် စောင်များဖြင့် ခန္ဓာကိုယ်အား ပတ်ထားလျှင် မီးမလောင်နိုင်ဟု ယူဆကာ ဆက်လက် ထိုင်နေခဲ့ကြသည်။
စောင်များနှင့် ရုံထားသော သင်္ဃန်းများကို မီးစလောင်တော့မှ ကြောက်ကြေက်လန့်လန့်ဖြင့် သင်္ဃန်းများကို ချွတ်ဖို့ ကြိုးစားချိန်တွင် အိပ်ယာထဲမှ ထပြီးပြီးချင်း ဖြစ်ကတက်စမ်း ကိုယ်တွင် ပတ်ထားသဖြင့် သင်္ဃန်းများက ချွတ်မရပဲ ဖြစ်ကာ ခန္ဓာကိုယ် မီလောင်ဒဏ်များရရှိကြရသည်။
သံဃာအချို့ မီးလောင်ချိန်တွင် ဘေးမှ သံဃာများက ကြောက်လန့်မှုများဖြစ်ကာ အချင်းချင်းမကူညီကြပဲ မီးလောင်နေသည့် တဲများကို ဖြတ်ကာ ထွက်ပြေးကြသဖြင့် မီးလောင်ဒဏ်ရာရ သံဃာအရေအတွက် ပိုမိုများပြားလာခြင်းဖြစ်သည်။
တစ်ရက် ကြိုတင် သတိပေးသည်။ ဂရုမစိုက်ပါ။
တီဗွီ၊ သတင်းစာ များတွင် သတိပေး ကြေငြာခဲ့သည်။ ဂရုမစိုက်ပါ။
အနီးအနားမှ Speaker ဖြင့်အော် ကာ မကြား၊ ကြားအောင် အော်ဟစ် သတိပေးသည်။ ဂရုမစိုက်ခဲ့ကြပါ။
မီးသတ်ပိုက်ဖြင့် ရေဖြန်း လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
မီးခိုးဗုံးပစ်ကာ လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
တဲတွေမီးလောင်ကုန်သည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
ခန္ဓာကိုယ် မီးစွဲကာ လောင်ကုန်သည်။ ဂရုမစိုက်လို့မရတော့ပါ။ ပြေးကြကုန်လေသည်။
ဘယ်ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ဝတ်ထားသော သင်္ဃန်းကို မီးတုတ်နှင့်သွားမရှို့ပါ။
မီးလောင်နေသော သပိတ်စခန်းများသည် ဝင်ရထွက်ရ ခက်ခဲသော် အလုံပိတ် အခန်းတွေမဟုတ်ပါ။ တံခါးတချပ်မှ မရှိသော ဟာလာ ဟင်းလင်း များသာဖြစ်သည်။ မီလောင် ဒဏ်ရာရသူများသည် အဘယ့်ကြောင့် ဒဏ်ရာရကြသနည်း?? မေးခွန်းထုတ်စရာဖြစ်သည်။
စကားပုံတစ်ခုကို သတိရမိသည်
"မည်သူမပြု မိမိမှု"
Myanmar Express








No comments:
Post a Comment