Wednesday, November 14, 2012

တရုတ်နိုင်ငံထုတ် ပထမဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ် စမ်းသပ်ပျံသန်း

  Nov 13 2012 
 
တရုတ်စစ်ဘက်က ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား WZ-10သည် အမေရိကန်၏ နာမည်ကျော် AH-64 Apacheများကို စိန်ခေါ်လာဖွယ် ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် ပထမဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ် စမ်းသပ်ပျံသန်း
တရုတ်စစ်ဘက်က ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား WZ-10သည် အမေရိကန်၏ နာမည်ကျော် AH-64 Apacheများကို စိန်ခေါ်လာဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် ကြည်းတပ်နှင့် လေတပ်တို့တွင် အသုံးပြုနေသော AH-64 တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် ကမ္ဘာပေါ်တွင် မဟာဗျူဟာမြောက် ချေမှုန်းစစ်ဆင်ရေးများကို အကောင်းဆုံး လုပ်ဆောင်နိုင်သည့် စစ်ယန္တရား တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နေခဲ့သည်။ သို့သော်လည်း ယခုအခါ တရုတ်ကလည်း ကိုယ်ပိုင် ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်ခုကို ပထမဆုံးအကြိမ် စတင် ပျံသန်း အသုံးပြုလာခဲ့သည်။

WZ-10

(တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် WZ-10)

WZ-10သည် စမ်းသပ်ပျံသန်း သရုပ်ပြမှုများအရ Apacheများကို မျက်ခုံးလှုပ်စေမည့် စွမ်းဆောင်ရည်ကောင်းများ ရှိနေကြောင်း တွေ့ရသည်။ Apacheကဲ့သို့ပင် WZ-10သည် ဝေဟင်မှ မြေပြင် ချေမှုန်းရေးနှင့် တင့်ကားဖျက် ရဟတ်ယာဉ်အဖြစ် အဓိက တည်ဆောက်ထားပြီး ဝေဟင်တွင် ရဟတ်ယာဉ် အချင်းချင်း စီးချင်းထိုးရာတွင်လည်း အသုံးဝင်သည်။ တရုတ် လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC)၏ ဥက္ကဋ္ဌဖြစ်သူ လင်ဇူမင်းက WZ-10သည် အနိမ့်ပျံသန်း တိုက်ခိုက်မှုများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ကြောင်းလည်း ရှင်းပြခဲ့သည်။

၎င်းက Apacheထက်ပင် အလေးချိန်အားဖြင့် ပိုမို ပေါ့ပါးသည်။ WZ-10သည် (၆)တန်မျှသာ အလေးချိန်ရှိရာ Apacheထက် (၄)တန်မျှ ပိုပေါ့သည့် သဘောဖြစ်သည်။ တရုတ်စစ်တပ်သည် WZ-10ကို Thunderboltဟု ချစ်စနိုး အမည်ပေးထားသည်။ ထို့အပြင် တရုတ်နိုင်ငံသည် WZ-19 အမျိုးအစား ရဟတ်ယာဉ် တစ်မျိုးကို Black Hurricaneဟု အမည်ပေးကာ မိတ်ဆက် ပျံသန်းမှု ပြုလုပ်ခဲ့သေးသည်။ သို့သော်လည်း WZ-10မှာ တရုတ်စစ်တပ်အတွက် ပိုမို မဟာဗျူဟာမြောက်သည့် ခေတ်မီ စစ်ယန္တရားအဖြစ် တွင်ကျယ်လာနိုင်ကြောင်း လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Source: http://www.planet.com.mm/news/read.cfm/id/20289

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)