Thursday, December 6, 2012

KIA အား ရှရှားလုပ် စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

Wednesday, 05 December 2012 
Rusiaew32ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် () အနီး တ၀ိုက်က ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေစိုက်သည့် စခန်းများကို ယမန်နေ့ စစ်ရဟပ်ယာဉ်ဖြင့် အစိုးရ တပ်ဖွဲ့က တိုက်ခိုက် ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။ 
မနေ့က ရဟတ်ယာဉ် () စင်းနဲ့ တက်လာတယ်။ ကျန်တဲ့ () စင်းက စစ်ပစ္စည်း လက်နက်နဲ့ ရိက္ခာတွေ တပ်အင် အားတွေ ပို့ကြတယ်။ အဆင်းကျတော့ လူနာတွေကို ပြန်ပြီးတော့ သယ်သွားကြပါတယ်။ ကျန်တဲ့ စစ်ရဟပ်ယာဉ် () စင်းကတော့ KIA တပ်စခန်းတွေကို လိုက်ပတ်ရှာ ပြီးတော့ အပေါ်ကနေ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ လုပ် တယ်။ () ပတ် တိတိပတ်ပြီး ပစ်တာပေါ့ဗျာ။ဟုဆိုပါသည်။

  KIA တပ်မဟာ () ပန်ဝါဒေသသည် ပြီးခဲ့သည့် ဒီဇင်ဘာလ () ရက်နေ့မှ စပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယမာန်နေ့ တွင်တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် လေကြောင်း အကူအညီဖြင့် ယမာန်နေ့ ညနေ () နာရီခွဲ အချိန် ဝေဟင်မှ မြေ ပြင်ပစ်ဒုံးနှင့် () ကြိမ် ၀င်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်ရာတွင် ဒုံးကျည် တချို့သည် တရုတ်ပြည် နယ်စပ်ဖက် ကျရောက် ခဲ့ပါသည်။
ဒီဇင်ဘာ () ရက်နေ့ ပစ်ခတ်မှုလည်း ခလရ (၇၄) နှင့် ခလရ (၇၇) တပ်ဖွဲ့တို့ ၈၄ မမ စိန်ပြောင်း ကျည်ဆံ ချို့ သည် တရုတ်နိုင်ငံဘက် ကျရောက် ပေါက်ကွဲခဲ့ကာ တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်အ စိုးရက မြန်မာ အစိုးရအား ဆန့်ကျင်ကန့်ကွက်ထားကြောင်း KIA ဖက်မှ ကြားသိရပါသည်။
Mi 01e323စစ်ရေးအရ ရိက္ခာနှင့် လက်နက် များဖြည့်ဆည်းနေပုံ
ယနေ့နေ့လယ်ပိုင်းလည်း အဆိုပါ ရဟတ်ယာဉ် () စင်းသည် ပန်းဝါဖက်သို့ () ကြိမ်မျ ပြန်တက်သွား ခဲ့ကြောင်း ပြောခွင့်ရသူက ဆိုပါသည်။
KIA တပ်မဟာ () ဆွမ်ပရာဘွမ်ဘက် တပ်မ (၃၃) အင်အား (၅၀၀) ခန့်သည် ဆွမ်ပရာဘွမ်နဲ့ ပူတာအို လမ်းကြောင်း အတိုင်း တက်ပြီး စစ်ဆင်ရေးများ ဆင်နွှဲနေပါသည်။
KIA တပ်မဟာ () တပ်ရင်း () ဒေသလည်း ခလရ (၁၃) ခမရ (၄၁၆) တို့မှ ဝိုင်းမော်မြို့နယ်ဘက် တိုက်ပွဲပြင်းထန် လျှက်ရှိပါသည်။ လက်နက်ကြီး ပစ်အားများကို သုံးပြီး ရှေ့ကင်းစခန်း () ခု ဆုတ်ပေးလိုက်ရကြောင်း KIA မှဆိုပါ သည်။
သူတို့ဘက်က ထိုးစစ်ဆင်လာတိုင်း ကျနော်တို့ဘက်က ရှိတဲ့အားနဲ့ ပြန်တိုက်ရမှာဘဲ။ အဓိကကတော့ စိတ်ဓါတ်ပါပဲ။ စိတ်ဓါတ်ကို အခြေခံပြီး ခံစစ် ဆင်နွှဲသွားမှာပါဟု ဦးလာနန်းက ဆိုပါသည်။
ဤစစ်ဆင်ရေးသည် ပွင့်လင်း ရာသီဖြစ်သည့် ဒီဇင်ဘာလမှ မတ်လအထိ မိုးမဝင်မှီ အချိန်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလေ့ ရှိပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာခြင်း ဖြစ်ပါသည်။ အစိုးရသည် KIA နှင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းထားခြင်း မရှိဟု ဆိုပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)