Monday, January 28, 2013

ကရင်တိုင်းရင်းသားညီလာခံကျင်းပရန်ရှိ

 သတင်း- 7 Day News Journal


ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
''ဦးခွန်ထွန်းဦးတို့ ရှမ်းညီလာခံလုပ်သွားတယ်။ ဘာအတွက်လဲ ရှမ်းလူထု တစ်စုတစ်ဝေးတည်းဖြစ်ဖို့ပဲ။ အဲဒီလိုပဲ
ကရင်လည်း တစ်စုတစ်စည်းတည်း ဖြစ်ရမယ်။ အဲဒီအတွက် ညီလာခံလုပ်တာ'' ဟု ဦးအောင်မင်းက ပြောသည်။

ကရင်တိုင်းရင်းသား ညီလာခံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကူညီပေးမည်ဖြစ်ပြီး
ကရင်တိုင်းရင်းသားများအားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး
(KNU) မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကပြောသည်။

ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ရန် KNU ခေါင်းဆောင်အချို့သည်
ဇန်န၀ါရီ ၂၇ ရက်က ဘားအံမြို့သို့ လာရောက်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့်မြန်မာအစိုးရတို့သည် ၂၀၁၂ ဇန်န၀ါရီလတွင် အပစ်အခတ် ရပ်စဲရေး
သဘောတူညီခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)