Monday, January 28, 2013

ဒါဝင် တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့

၂၈-၀၁-၂၀၁၃

Mr. Terry Mills (Chief Minister-NT)
 ၂၇၅၂ တွင်ကျရောက်သော ကရင်နှစ်သစ်ကူးပွဲတော်ကို Australia နိုင်ငံ ဒါဝင် (Northern Territory) တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့က Casuarina Baptist Church တွင် ဧည့်သည်တော်များနှင့်  ဒါဝင်ရှိကရင်အမျိုးသားတို့ စုစုပေါင်း လူဦးရေး ၂၀၀ ကျော်ခန့်တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ဧည့်သည်တော်များဖြစ်ကြသော Mr. Terry Mills(Chief Minister- Northern Territory) ကိုယ်တိုင်မိန့်ခွန်း
ပြောကြားခြင်း၊ Ms. Dorthy Fox(Elders of the Larakia Nation)မှ အဖွင့်အမှာစကားပြောကြားခြင်းအပြင် Ms. Delia (အတိုက်အခံပါတီခေါင်းဆောင်(NT), ဒုတိယ ဒါရိုက်တာ (Department of Immigration and Citizenship of NT)Mr. Gary(မြို့တော်ဝန်(NT), မန်းအော်လန်းဒို (Vice National President of AKO)နှင့် ဒါဝင်မြို့ခံ  နော်ကလိုစေးစိုး (Chair Person of AKO- NT) တို့ အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

Mr. Terry Mills (Chief Minister) ၏ မိန့်ခွန်းတွင် "ကရင်လူမျိုးနှင့် အလွန်ရင်းနှီးခဲ့ကြောင်း၊ ကရင်လူမျိုး
တို့၏ ဧည့်ဝတ်ကျေပွန်မှုကို ၎င်းအနေနှင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း၊ လွန်ခဲ့သော အနှစ် (၃၀)ခန့်
က ၎င်းမှာ ဘိတ်၊ ထားဝယ် (ထီးထာရွာ)တွင် လုပ်အားပေးအနေဖြင့် အင်္ဂလိပ်စာကို (၁)လခန့် သွားရောက်
သင်ကြားဘူးကြောင်း၊ သူပြန်မလာခင် ထီးထာရွာမှ ကရင်သင်တိုင်းနှင့် ကရင်အလံငယ်ကို လက်ဆောင်
ရရှိခဲ့ကြောင်းနှင့် သူပြန်လာဦးမည်ဟု ဂတိပေးခဲ့ကြောင်း၊ သို့သော် ယနေ့တိုင် ပြန်မရောက်သေးကြောင်း
နှင့် သူစာသင်ကြားခဲ့သော ထီးထာရွာကျောင်းမှာ ယခု မြန်မာအစိုးရမှ မီးရှို့လိုက်ကြောင်းကို ၀မ်းနည်းစွာ ကြားသိခဲ့ရကြောင်းနှင့် ယခု ဒါဝင်သို့ရောက်ရှိလာကြသော ကရင်အမျိုးသားများက ၎င်း နှင့်ဆက်သွယ် သည့်အတွက်ဝမ်းမြောက်ရပါကြောင်းနှင့်လိုအပ်သလိုအကူအညီပေးသွားမည်ဖြစ်ကြောင်း"  ပြောကြားသွား
ခဲ့သည်။ ထို့အပြင် ထီးထာရွာမှ ၎င်းရရှိခဲ့သော ကရင်သင်တိုင်းနှင့် ကရင်အလံငယ်ကို ထိုအခန်းအနားသို့ ယူဆောင်လာခဲ့ပြီး  မိန့်ခွန်းပြောကြားစဉ် ပရိတ်သတ်အားပြသခဲ့သေးသည်။

ဒါဝင်တွင် ကရင်နှစ်သစ်ကူးကို ယခုအကြိမ်နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ထိုဒေ
သသို့ ကရင်အမျိုးသားဦးရေ ၁၅၀ ကျော်ခန့်် အချေချနေထိုင်လျှက်ရှိကြသည်။


































No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)