Tuesday, February 19, 2013

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဦးလှဆွေ

ဖေဖော်ဝါရီ၊ ၁၉၊ ၂ဝ၁၃
 











ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင်နိဂုံးချုပ်သွားမည်ဟု ကချင်ဘင်လာဒင်အမည်ဖြင့်အသက်အန္တရာယ်ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။ 
ကချင်အရေးလွတ်တော်အတွင်းပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက် နေ့စွဲဖြင့် မြစ်ကြီးနားစာတိုက်မှ ခြိမ်းခြောက်စာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး စာပေးပို့သူ၏အမည်ကို ကချင်ဘင်လာဒင်ဟု ရေးသားထားကာဦးလှဆွေအား ဆွေစဉ်မျိုးဆက်အထိ ရန်သူအဖြစ်သတ်မှတ်ကြောင်းအဆိုပါခြိမ်းခြောက်စာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
''ငြိမ်းချမ်းရေးရဖို့အတွက် ကျွန် တော်အသက်ပေးဖို့ ဝန်မလေးဘူး။ ကချင် ဘင်လာဒင်ဆိုပြီး အမည်ခံထားတဲ့ ဒီပုဂ္ဂိုလ် ဟာ အကြမ်းဖက်သမားစိတ်ဓာတ်ရှိတယ် ဆိုတာ ပေါ်လွင်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ရဲ့ ပြောစကားကိုအရေးတယူလုပ်ပြီး တော့ဂရုစိုက်နေရင်အိပ်ရေးပျက်တယ် ''ဟု ၄င်းက ပြောသည်။
အဆိုပါ ခြိမ်းခြောက်စာထဲတွင် ''ခင်ဗျားနဲ့ ခင်ဗျားရဲ့သားစဉ်မြေးဆက် မျိုးဆက်အားလုံးကို ကျုပ် ကချင်အမျိုးသားတစ်ဦးနေနဲ့ ရာသက်ပန်ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့သား စဉ်မြေးဆက်အတိုင်း ဆက်လက်ပြီး ရန်သူ အဖြစ် သတ်မှတ်ထားလိုက်တယ်''ဟု ပါရှိကြောင်း သိရသည်။
''ကျွန်တော်ကတော့ မှန်တဲ့အတိုင်း ဆက်သွားမှာပဲ။ ဘယ်နတ်ဘုရားမှ ကျွန် တော့်ကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် တို့ မကျေနပ်တဲ့ သူတွေကအများကြီး။ ခရိုနီ၊ အစိုးရ၊ တိုင်းဒေသကြီး၊ အာဏာ ပိုင်အဖွဲ့အစည်းတွေကတော့ ကျွန်တော့် ကို မကျေနပ်ဘူး။ ကျွန်တော်ပြောလိုက်ရင် သူတို့ဌာနတွေက နည်းနည်းနာသွားတာ တွေရှိတယ်။ အခု ကချင်ဘင်လာဒင်က လည်း အခဲမကျေဘူး''ဟု ဦးလှဆွေက ပြောသည်။


Source: http://www.facebook.com/permalink.php?story_fbid=479686308759353&id=127099574018030
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)