ဖဒိုမန်းငြိမ်းမောင်က ''အခု နှစ် နှစ်ဆန်းပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့စပြီးတွေ့တယ်။ သူက ပထမအကြိမ် KNU နဲ့တွေ့ဆုံ တုန်းက ယုံကြည် မှု က ရာခိုင်နှုန်း ရဝ ပဲရှိ တယ်။ အခု တတိယအကြိမ်တွေ့ တော့ ယုံကြည်မှုတည်ဆောက် တာက ၉၉ဒသမ၉၉ရာခိုင်နှုန်း ရှိလာပြီဆိုပြီးတော့ ပြောတယ်။ တော်ရုံတန်ရုံကိစ္စတွေဆို နားလည် မှုရှိလာပြီလို့ ပြောတယ်။ နှစ်ဦး နှစ်ဖက်တွေ့ ဆုံတာ သုံးကြိမ်ရှိပြီ ဖြစ်တဲ့အတွက် ဆက်ဆံရေးက တိုးတက်လာတယ်''ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အမျိုးသားအစည်းအရုံး ခေါင်းဆောင်များနှင့် နေပြည် တော်တွင် စက်တင်ဘာ၂၈ရက် က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တချို့နှင့် ပဋိပက္ခတချို့ဖြစ်ပေါ် နေခြင်းမှာ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ထားရှိသည့် ကတိ ကဝတ်များအား တိုင်းရင်းသား လက်နက်ကိုင်များမှ လက်တွေ့ဖော် ဆောင်မှုတွင် အားနည်းချက်များ ရှိခြင်းကြောင့် ဖြစ် ကြောင်း KNU နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး သည့်နောက်ပိုင်း ယင်းကဲ့သို့ပဋိ ပက္ခများမရှိတော့ကြောင်း၊ ယင်း မှာ KNU မှ တပ်ဖွဲ့ဝင်များမှာ တပ်၏ညွှန်ကြားချက်အား လိုက် နာခြင်းကြောင့်ဖြစ်ကြောင်း ကာ ကွယ်ရေး ဦးစီးချုပ် က ပြောဆို ခဲ့ ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
လင်းအောင် - Yangon Media Group