Wednesday, October 23, 2013

ငြိမ်းချမ်းရေးကိစ္စ ကရင်လူထုနဲ့ ကေအဲန်ယူ တွေ့ဆုံမည်



Tuesday, October 22, 2013


ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံကရင်တိုင်းရင်းသားတွေရဲ့ သဘောထားကို သိနိုင်ဖို့အတွက် လာမယ့်အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
အဲဒီလို သဘောထားဆန္ဒရယူဖို့အတွက် ကရင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့ထားတဲ့ ကရင်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကတဆင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို မေးမြန်းဆွေးနွေးသွားမှာဖြစ်တယ်လို့ တက်ရောက်ဖို့ဖိတ်ကြားခံထားရတဲ့ မွန်ပြည်နယ်အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောကျော်အောင်သိန်းက ပြောပါတယ်။

"အဓိကကတော့ ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲပေါ့နော်၊ အဆိုပြုထောက်ခံမှုလေးတွေကနေပြီးတော့ အတည်ပြုပေါ့နော်၊ ဒေသခံတွေရဲ့ တစ်ဦးချင်းတင်ပြချင်တဲ့ဟာလေးတွေ တစ်ဖက်နဲ့တစ်ဖက် ဆန္ဒသဘောထားလေးတွေ တွေ့ဆုံပြီးပြောကြဆိုကြပြီးတော့မှ ညှိနှိုင်းကြပေါ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝထောက်ခံတယ်ဆိုတဲ့ ပုံစံလေးမျိုးပေါ့"

အဲဒီပွဲကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ အခုနှစ် ဧပြီလကကျင်းပခဲ့တဲ့ ကရင့်ရေးရာအစည်းအဝေးမှာ ကရင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကရင်နိုင်ငံရေးပါတီတွေက ပါတီဝင်တွေ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေစုပေါင်းပြီး ကရင်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

RFA Burmese  
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)