E-mail ထဲရောက်လာတဲ့စာစောင်ပါ။ အားလုံးကိုဝေမျှလိုပါတယ်။
လောက်ကောင်
October 20, 2013 at
12:59pm
မန်းငြိမ်းက သစ္စာဖောက်ထပ်လုပ်ပြန်ပြီ။ ရန်ကုန်က
ငြိမ်းချမ်းရေးစင်တာမှာနေ၊ ခရိုနီတွေနဲ့ပေါင်းပြီး သခင်အားရအောင်ဖမ်းထားတဲ့
ကရင်တွေကို သူတို့လူဖြစ်အောင် ပြလိုက်ပြီ။
တကယ်တော့ မန်းငြိမ်းကြောင့် ကေအန်ယူပြိုကွဲပြီးစေ့စပ်လိုက်ရတယ်။
ကေအန်ယူထဲမှာ ဘယ်သူအမာ ဘယ်သူ အပျော့ဆိုတာပြောပြီး ထောင်ထဲက
လွတ်ရေးကိုလဲလှယ်လိုက်တယ်။ ကျွန်းပြန်ရဲ့ဖောက်ပြန်ချက်ကတော့ နောက် လူတွေ
သိအုန်းမယ် မထင်သေးဘူး၊ ကရင်ခေါင်းဆောင်ကြီးလို့ ထင်နေကြတာ။
မန်းငြိမ်းနဲ့သူသားဟာ ရန်ကုန်မှာနေ ငြိမ်းချမ်းရေးစင်တာမှာ
ခရိုနီကြီးကြီးတွေနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတာပါ။
အခုကသူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တဲ့သူတွေကို ထိုးချလိုက်တဲ့လုပ်ရပ်ဖြစ်တယ်။
အောင်မင်း-ရဲထွတ်အုပ်စုဟာ ကေအန်ယူ ကို
မပြောရဲတာကငြိမ်းချမ်းရေးအကြေင်းပြပြီးစားထားတဲ့ စားခွင်တွေ ပျက်သွားမှာစိုးတာပဲ။
မန်းငြိမ်းဟာ သတင်းစာရှင်းလင်းပွဲမှာ ပထမဦးဆုံး
သူ့လူတွေဖြစ်ရင် အရေးယူပေးမယ်ပြော၊ အသံကောင်းဟစ်ပြီး တပ်မဟာ ၅ ကို
ထိုးချဖို့ကြိုးစားခဲ့တာပဲ။ ရဲချုပ် ရဲမှူး သတင်းစာ ဂျာနယ်တွေမှာပြောနေတာတွေက
ကေအန်ယူလို့ ပြောပြီး သတင်းစာရှင်း လင်းတော့ရဲမှူးမြင့်အေးက အခု
ရှင်းလင်းတဲ့အကြောင်းကို အစထုတ်နေပြီ။ သတင်းစာမရှင်း လင်းခင်ကတည်းက မြင့်အေးပြော
တာက ဆီးဂိမ်းကိုလည်းလုပ်တာမဟုတ်၊ အာစီယံဥက္ကဌဖြစ်တာကိုလည်း လုပ်တာ မဟုတ်လို့
ကာကွယ်ပြီး စီးပွားရေးအရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကြောင့်ဆိုတယ်။
ဒီအတိုင်းပဲသတင်းစာရှင်းလင်းတော့ အဲဒီအတိုင်းရှင်းသွားတယ်။ တကယ်တော့တပ်မဟာ ၅ က
လူတွေ ဖြစ်မဖြစ၊် ဘယ်ကောင်လက်ချက်ဖြစ်တယ် ဆိုတာကိုဖော်ပြပေးတာ
မန်းငြိမ်းလောက်ကောင်သာဖြစ်တယ်။
ဧရာဝတီသတင်း မေးတော့ မန်းငြိမ်းက လူလည်၊
သူမဟုတ်ပါဘူးပြောတယ်။ လာစစ်တဲ့လူက မန်းငြိမ်းမဟုတ်ရင်ဘယ်သူလဲ။ AFP သတင်းမှာကျတော့ အမည်မဖော်လိုသူ
အရာရှိလို့ဆိုတယ်။ ကျန်တဲ့သူကငြင်းနေချိန်မှာသူက ဖော်နေတဲ့ကောင်ဖြစ်တယ်။
မန်းငြိမ်းဟာ သူ့အကျိုးစီးပွားအတွက်
ကေအန်ယူကိုရောင်းစားခဲ့ပြီးပြီ။ ကျွန်းပြန်ဆိုပြီး အထင်ကြီးနေပြီး သူရဲကောင်း လို
ထင်နေသူတွေမှားလိမ့်မယ်။
သူက မုဒိန်းကောင်လည်း ဖြစ်ခဲ့ဖူးတယ်။ သူက
မိန်းမဖြစ်သူရဲ့တူမဖြစ်သူ ၁၅ နှစ် သမီးကို မုဒိန်းကျင့်လို့ကေအန်ယူက
အရေးယူခံရဖူးတယ်။ တခြားမိန်းမနဲ့ပတ်သက်ပြီး ဘာမှအလွတ်မပေးတဲ့ စိတ္တဇ
မုဒိန်းကောင်သာဖြစ်တယ်။ သူ့ချွေးမ suicide လုပ်သွားတာလည်းမသင်္ကာစရာအကြောင်းတွေ အများကြီးပဲ။
အရင်တုန်းက ရန်သူ့လူဆိုပြီး သူသတ်ပစ်လိုက်သူ
အများကြီးရှိတယ်။ လက်ယဉ်နေတဲ့ လူသတ်သမားလည်း ဖြစ်တယ်။ သတ်ခံရတဲ့ ထဲမှာ
ဒေါက်တာဇော်ထွန်း၊ စွမ်းအားမြင့်ဂျော်နီတို့ကထင်ရှားတဲ့လူတွေ။ မထင်မရှား သတ်တာ တွေ
အများကြီးရှိသေးတယ်။ လူလိမ် ကလိမ်မုဒိန်းသမား၊ အခုတော့
သစ္စာဖောက်လောက်ကောင်သာဖြစ်တယ်။သူဟာ သူနဲ့မတည့်သူတွေကို သတ်ဖို့နဲ့ နိုင်ငံရေးသတ်ဖို့
ကြိုးစားခဲ့တယ်။
သူ့ကို ကေအန်ယူက ထုတ်ပယ်ထားပြီးမှ အခုမှ
ဗဟိုကော်မတီပြန်ဖြစ်တာ။ သူ့ကိုဖမ်းမိတာက ၀ တွေဆီက လက်နက် သွားဝယ်ဖို့ကိစ္စ
အကြံအဖန်လုပ်ရင်း တရုပ်ပြည်ကနေ သူ့ကိုပြန်ပို့လိုက်တာ။ ဒီတော့ ထောင်ထဲမနေချင်တော့
အပေး အယူလုပ်တယ်။ အပေးအယူက ကေအန်ယူလိုအင်အားကြီး စေ့စပ်အောင် အုပ်စု သွေးခွဲပြီးလုပ်တယ်။
မူတူး ဘာလဲ၊ ဂျော်နီ ဘာလဲ၊ သူပိုသိတယ်။
အမာအုပ်စုဖြစ်တဲ့စီဖိုရာစိန်ကိုနေရာမပေးချင်ခဲ့ဘူး။ အမာတွေကိုဖြိုတဲ့နေရာမှာ
ကေအန်ယူညီလာခံဟာ ရွေးကောက် တင်မြှောက်ခံရသူတွေပါဆိုပြီး မဲလိမ်ခဲ့တယ်။ မဲတွေကို
စစ်ဆေးတဲ့အဖွဲတွေက စစ်မယ်ဆိုတော့ မဲတွေကို မီးရှို့လိုက်ပြီဆိုတယ်။
အဲဒီမှာမီးရှို့သူကတော့မန်းမျိုးမြင့်ဆိုတဲ့ငနဲ။ သူကတော့ သူ့ဦးလေး
ဖဒိုအားတိုးရဲ့စားကွက်အတွက် ဂွင်ဆင်တဲ့ ညီလာခံက အဖြည့်ခံတဦးပါ။ လက်ရှိ ဘားအံမှာ
အိမ်ဆောက်ဖို့ပြင်နေပြီ။ မန်းငြိမ်း-မူးတူးတို့ရဲ့ မဲလိမ်ပြီး
ဥက္ကဌတက်လုပ်တဲ့ညီလာခံကို အာဏာရှင်စောင့်ကြည့်ရေးအဖွဲရဲ့အစီရင်ခံစာ (http://www.dictatorwatch.org မဲလိမ်ညာမှုကြီး)
မှာပါတာကိုတွေ့နိုင် တယ်။
မန်းငြိမ်းဟာ သူ့ကိုယ်သူ ကွန်မြူနစ်လိုလားသူ မတ်ဝါဒယုံကြည်သူအဖြစ်
တရုတ်နယ်စပ်က ဗကပငတုံးတွေကို အယုံသွင်းပြီး ဗကပယူဂျီအဖြစ်နဲ့
ဗကပတွေကိုလည်းတလျှောက်လုံးလိမ်စားခဲ့တယ်။
မန်းငြိမ်းဟာ စေ့စပ်ပြီးကတည်းကနယ်စပ်ကိုပြန်မလာတော့ဘဲ
ရန်သူ့အကြိုက်ပွဲကို ကရင်ပြည်နယ်နဲ့ဧရာဝတီတိုင်း မှာ လုပ်တယ်။ သူ့ကို
အကြောင်းသိတဲ့ကရင်တွေက မဖိတ်တော့ အစိုးရမွေးထားတဲ့ကရင်တွေနဲ့ ပွဲလုပ်ပြီး
သူ့ကိုယ်သူ သူရဲကောင်းအဖြစ် ဘိသိက် ခံတယ်။အတွင်းက သတင်းသမားတွေက သူ့ကို
ကေအန်ယူပြောခွင့်ရလို့ထင်နေတယ်။ တကယ်တော့ ကေအန်ယူမှာ သူဟာ
သစ္စာဖောက်လောက်ကောင်အဖြစ်သာ သိတယ်။ မန်းငြိမ်းအကြောင်းသိချင်ရင် ကေအန်ယူမှာအတွင်းကျကျ
လေ့လာပါ။
မန်းငြိမ်းဟာ စောဂျော်နီကို စစ်ဦးချုပ် လုပ်စေချင်တာက
သူကိုင်တွယ်ရလွယ်လို့ပါ။ ဒုစစ်ဦးချုပ်ဖြစ်တဲ့ ဘောကျော်ဟဲ က သူကိုင်တွယ်ရခက်တယ်။
ပြီးတော့ တပ်မဟာ ၅ နယ်မြေကတပ်ဖွဲ့ဝင်တွေကို သူကိုင်တွယ်ရခက်တဲ့အတွက်
ကလိမ်ဉာဏ်နဲ့လုပ်တဲ့ ထိုးချတဲ့သတင်းစာရှင်းလင်းပွဲမှာ
သူ့ကိုတောင်အောက်လမ်းနဲ့သာရှင်းနေပြီး ထုတ်မရှင်းရဲတဲ့ မုဒိန်းကောင်သာဖြစ်တယ်။
သူဟာ နယ်စပ်ကို ပြန်မလာတာကြာပြီဖြစ်သလို တပ်နဲ့လည်းကင်းကွာပြီး ငြိမ်းချမ်းရေး
စင်တာမှာ တထီးတနန်းနဲ့နေခွင့်ရ၊ ပါမစ်လိုင်စင်တွေ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေနဲ့
ကရင်ခရိုနီဖြစ်နေတာ လူတိုင်းသိပါတယ်။ ကရင်ခရိုနီမန်းငြိမ်းဟာ သူ့ရဲ့စားခွင်ကို
ဖျက်ဆီးနိုင်သူမှန်သမျှကိုရှင်းတဲ့နေရာမှာ အရင်က လူသတ်တဲ့နည်း အတိုင်းပါပဲ။
ရန်သူ့လူအဖြစ်စွတ်စွဲခံရပြီး မန်းငြိမ်းသတ် တဲ့လူတွေ မနည်းပါ။ တာရှီးဆိုတာ
မန်းငြိမ်းလိုပဲ ဗိုလ်မြတပည့် တယောက်ပါ။ သူလည်း သေပန်းမလှခဲ့ဘူး။
ဒုက္ခသည်စခန်းအနီးမှာပဲပစ်သတ်ခံလိုက်ရတယ်။
လက်ရဲဇက်ရဲ မန်းငြိမ်းဟာ ဘုမသိ ဘမသိနဲ့
ဗုံးသမားအဖြစ်စွတ်စွဲခံရသူတွေကို သူ့အကျိုးစီးပွားအတွက် ကရင် ဘာသာလိုမေးပြီး
အတင်းဝန်ခံခိုင်းတယ်လို့ဆိုတယ်။ သတင်းစာရှင်းလင်းပွဲရဲ့ဇတ်လမ်းဇာတ်ကွက်ထဲမှာ
မန်းငြိမ်းနဲ့ ငြိမ်းချမ်းရေးစင်တာတို့ က
အောင့်သက်သက်တင်ဆက်ရတဲ့ပွဲလို့ဆိုနိုင်ပြီး မဆိုင်သူတွေကို ထိုးချသွားမှာ ဖြစ်တယ်။
မန်းငြိမ်း ဘယ်သူဆိုတာကို ကရင်အမျိုးသားကိုချစ်သူတိုင်း
အမှန်တရားကိုဖော်ထုတ်ကြ။
။