Friday, February 14, 2014

စစ်သင်တန်းတွင် သံဃာတချို့ကို တွေ့ရမှု မဖြစ်သင့်ဟုဆို

By 13 February 2014

ကချင်ပြည်နယ်ထဲမှာ ပေးနေတဲ့ ပြည်သူ့စစ်သင်တန်းတွေမှာ သံဃာတော်တွေ ပါဝင်တက်ရောက်တာကို တွေ့ရှိရမှုဟာ မဖြစ်သင့်ဘူးလို့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောဆိုပါတယ်။
monk military training in Shanကချင်ပြည်နယ်တွင်းက ရွာသားတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သင်တန်းတွေ ပေးနေတာ နှစ်နှစ်ကျော်ရှိနေပြီဖြစ်တယ်လို့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။

“သံဃာတွေကို စစ်သင်တန်းပေးတာတော့ လုံးဝမဟုတ်ဘူး။ ဒုလ္လဘလုပ်တဲ့ ကိုယ်ရင်တွေက ၀င်ကစားတာ ဖြစ်လိမ့်မယ်။ တာလောကြီးကတော့ မဟုတ်ဘူးနော်။ ကိုရင်ဆိုတာလည်း ခဏတဖြုတ်ဝတ်တာလေ။ ကိုရင်တွေက ဆိုင်ကယ်တွေ့ရင်လည်း ဆိုင်ကယ် တက်စီးတယ်။ သူတို့အကျင့်က အဲလိုပဲ။ ဒီဟာကတော့ မဖြစ်သင့်ပါဘူး။ သာသနာတော်ကိုလည်း ညှိုးနွမ်းစေတယ်။”
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပြည်သူ့စစ်အသွင်နဲ့ သင်တန်းတွေတက်နေရာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းလောက်ကလည်း မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ မွမ်းမံသင်တန်း တခု ရှိခဲ့သေးတယ်လို့ ပြောပါတယ်။
တာလောကြီးကျေးရွာမှာ ပြည်သူ့စစ်မရှိခင်က ကေအိုင်အေတပ်က ကြုံသလိုဆွဲခေါ်ပြီး တပ်သား သစ်စုဆောင်းတာ၊ ဆက်ကြေးကောက်တာတွေ ခံခဲ့ရပြီး ပြည်သူ့စစ်ဖွဲ့ပြီးတဲ့နောက်ပိုင်း မှာတော့ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နိုင်ပြီလို့ သူကဆက်ပြောပါတယ်။
ချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဟာ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ကချင်ပြည်နယ် ထဲက ရှမ်းနီလူမျိုးတွေအတွက် ပြည်သူ့စစ်ဖွဲ့စည်းရေးကိစ္စကို စဉ်းစားနေတယ်လို့ ပြောဆိုခဲ့ဖူးပါ တယ်။
ဒီကနေ့မှာတော့ အင်တာနက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ယူနီဖောင်းဝတ်ဆင်ထားတဲ့ တပ်ကြပ်တဦးက ရွာသားတွေကို ပြည်သူ့စစ်သင်တန်း ပေးနေတဲ့ ဓာတ်ပုံ ပါရှိလာပါတယ်။ ဒီဓာတ်ပုံမှာ ထူးခြားချက်အဖြစ် ရဟန်းသံဃာသုံးပါးက သေနတ်ပစ်လေ့ကျင်နေတဲ့ပုံ ဖြစ်ပါတယ်။
ဒီပုံကို အင်တာနက်ပေါ်ကို တင်သူဟာ ဘာရည်ရွယ်ချက်မှန်း မသိပေမယ့် ဒီပုံပါ သံဃာတွေ ပါဝင်တဲ့ကိစ္စကိုတော့ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
ဗုဒ္ဓဘာသာအပေါ်မှာ အခြားဘာသာဝင်တွေ အထင်လွှဲမှားမှု မဖြစ်စေဖို့ သူ့အနေနဲ့လည်း လက်လှမ်းမီရာ ကျောင်းတိုက်တွေကို ဆက်သွယ်အသိပေးသွားမယ်လို့ ဦးစန်းဝေက ပြောသွားပါတယ်။
လက်ရှိမြစ်ကြီးနားမြို့နယ်ထဲမှာ ပြည်သူ့စစ် စုစုပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကေအိုင်အေက ရွာသားတွေပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ ပြည်သူ့စစ်တွေ ဒီထက်ပိုများလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)