မန်းရှာစလားဖန်း
=========
မန်းရဲ့ ကောင်းကင် မန်း ခြယ်သခဲ့တယ်
မန်းရဲ့ သမိုင်း မန်း ရေးခဲ့တယ်
မန်းရဲ့ လူမျိုး မန်း ချစ်ခဲ့တယ်
ဒါပေမယ့်..........
မတန်မရာဖြစ်ဖွယ် မန်း ကြွေလွင့်ခဲ့ရတယ်......
အဖုအထစ်တွေ ပေါများတယ်
တော်လှန်ရေးဆိုတာ ကြမ်းတမ်းတယ်
ချစ်သော လူမျိုးနဲ့ ခရီး တစ်ခုစီရောက်အောင် လျောက်ခဲ့ရင်း
နာမည်တစ်ခုကို မန်း ရအောင် ယူသွားတယ်.......
လူကို ခွေးသတ်
မတန်ပါဘူး
မန်းကြွေလွင့်သွားရတာ
မတန်ပါဘူး မန်း
အဲ့ဒီနေ့က
ရိုးမတောင်တန်းက အိပ်တန်းဆောင်ငှက်တွေ
အိပ်တန်းပျောက်သွားခဲ့တယ်
ဒေါနတောင်က ဒေါနပန်းတွေ
အရိုင်းအရိုင်းလို့ တပ်တပ်ခေါ်ခံရတဲ့
အရိုင်းပင်လေးတွေ
နင်းခြေခံလိုက်ရတယ်
မန်းဆိုတဲ့ သူတို့ကောင်းကင်
ပြိုကျသွားခဲ့လို့လေ.........
အဲ့ဒီနေ့က
ရှာ ဆိုတဲ့ ကြယ်စင်
ကြွေကျခဲ့တယ်
လှားဆိုတဲ့ လမင်း
မှေးစက်သွားတယ်
မေ့လို့တော့ မရဘူး
မေ့လိုက်လို့တော့ မဖြစ်ဘူး
အဲ့ဒီနေ့က ....အဲ့ဒီနေ့က
ကော်သူးလေ ရင်ခွင်ကနေ မန်းကို
ခွေးတစ်စုက ဆွဲချီသွားခဲ့တယ်.......
ကျနော်တို့ သမိုင်း
ကျနော်တို့ရင်မှာ
မန်းဆိုသူက.......လူသားဆန်ခဲ့တယ်
မန်းဆိုသူက.......နှလုံးသား လှခဲ့တယ်
မန်းဆိုသူက.......အမှန်တရားလည်းဖြစ်ခဲ့တယ်
မန်းဆိုသူက.......နောက်လိုက်ကောင်းနဲ့
ခေါင်းဆောင်ကောင်းလည်း ဖြစ်ခဲ့တယ်
14/2/2008
ကျွန်ုပ်ချစ်သော ကရင်လူမျိုး
.....
စလားဖန်း.....
=========
မန်းရဲ့ ကောင်းကင် မန်း ခြယ်သခဲ့တယ်
မန်းရဲ့ သမိုင်း မန်း ရေးခဲ့တယ်
မန်းရဲ့ လူမျိုး မန်း ချစ်ခဲ့တယ်
ဒါပေမယ့်..........
မတန်မရာဖြစ်ဖွယ် မန်း ကြွေလွင့်ခဲ့ရတယ်......
အဖုအထစ်တွေ ပေါများတယ်
တော်လှန်ရေးဆိုတာ ကြမ်းတမ်းတယ်
ချစ်သော လူမျိုးနဲ့ ခရီး တစ်ခုစီရောက်အောင် လျောက်ခဲ့ရင်း
နာမည်တစ်ခုကို မန်း ရအောင် ယူသွားတယ်.......
လူကို ခွေးသတ်
မတန်ပါဘူး
မန်းကြွေလွင့်သွားရတာ
မတန်ပါဘူး မန်း
အဲ့ဒီနေ့က
ရိုးမတောင်တန်းက အိပ်တန်းဆောင်ငှက်တွေ
အိပ်တန်းပျောက်သွားခဲ့တယ်
ဒေါနတောင်က ဒေါနပန်းတွေ
အရိုင်းအရိုင်းလို့ တပ်တပ်ခေါ်ခံရတဲ့
အရိုင်းပင်လေးတွေ
နင်းခြေခံလိုက်ရတယ်
မန်းဆိုတဲ့ သူတို့ကောင်းကင်
ပြိုကျသွားခဲ့လို့လေ.........
အဲ့ဒီနေ့က
ရှာ ဆိုတဲ့ ကြယ်စင်
ကြွေကျခဲ့တယ်
လှားဆိုတဲ့ လမင်း
မှေးစက်သွားတယ်
မေ့လို့တော့ မရဘူး
မေ့လိုက်လို့တော့ မဖြစ်ဘူး
အဲ့ဒီနေ့က ....အဲ့ဒီနေ့က
ကော်သူးလေ ရင်ခွင်ကနေ မန်းကို
ခွေးတစ်စုက ဆွဲချီသွားခဲ့တယ်.......
ကျနော်တို့ သမိုင်း
ကျနော်တို့ရင်မှာ
မန်းဆိုသူက.......လူသားဆန်ခဲ့တယ်
မန်းဆိုသူက.......နှလုံးသား လှခဲ့တယ်
မန်းဆိုသူက.......အမှန်တရားလည်းဖြစ်ခဲ့တယ်
မန်းဆိုသူက.......နောက်လိုက်ကောင်းနဲ့
ခေါင်းဆောင်ကောင်းလည်း ဖြစ်ခဲ့တယ်
14/2/2008
ကျွန်ုပ်ချစ်သော ကရင်လူမျိုး
.....
စလားဖန်း.....
