ရှေ့နေအောင်ထူး
မကွေးတိုင်း ပေါက်မြို့ နယ်တွင် စစ်အစိုးရ တည်ထောင်ထားသော လက်နက်စက်ရုံသတင်း ကို
ယူနီတီ ဂျာနယ်တွင် ဖေါ်ပြခဲ့သဖြင့် သတင်းထောက်ကိုလူမော်နိုင်အား ဖမ်းဆီးပြီး
တရားဝင်လျှို့ ဝှက်ချက် ဥပဒေအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အရေးလိုက်သည့်အပြင်
အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နှင့် အခြားသတင်းထောက် သုံးဦး တို့ အား ဆက်လက်
ဖမ်းဆီးထားသည့် မှုခင်းနှင့် စပ်လျှဉ်း၍[1]
ဥပဒေကြောင်းအခြေခံမှလည်းကောင်း၊ လူတဦး ချင်းစီ၏ အခြေခံအခွင့်အရေးဖြစ်သည့်
လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှုဒေါင့်နှင့် တိုင်းပြည်၏ အကျိုးဖြစ်သည့် တရားဝင်
လုံခြုံမှု ရှုဒေါင့် တို့ မှ လည်းကောင်း ချဉ်းကပ်သုံးသပ်ပါမည်။
ထိုကဲ့သို့ သတင်းစာဆရာများအား အရေးယူလိုက်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို
ဆုံရှုံးစေ သဖြင့် ဒီမိုကရေစီကို ထိခိုက်စေသည်ဟူ၍လည်းကောင်း၊
အဆိုပါသတင်းစာဆရာများသည် တိုင်းပြည်၏ လျှို့ ဝှက် ချက်ကို ဖေါ်ထုတ်လိုက်သဖြင့်
တည်ဆဲဥပဒေကို ချိုးဖေါက်လိုက်ခြင်းဖြစ်သည် ဟူ၍လည်း ကောင်း အလွယ်တကူ
နိဂုံးမချုပ်သင့်ပါ။ ပထမ တခုသည် လူတဦးချင်းစီ၏ အခွင့်အရေးကို အဓိက ထားသည်။ ဒုတိယ
တခုသည် လူ့ အဖွဲ့  အစည်းတရပ်လုံး၏ အကျိုးစီးပွားကို အဓိကထားသည်။ ဤနှစ်ခုကို
မှန်ကန်စွာ ပေါင်းစပ်နိဂုံးချုပ် အဖြေရှာရန် လိုအပ် လာသည်။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်သည် လူ့ အဖွဲ့ အစည်း၏ အသက်သွေးကြောဖြစ်သည်။ သို့ ရာ တွင်
လွတ် လပ်စွာထုတ်ဖေါ်ခွင့်သည် အကန့် အသတ်မဲ့ မဟုတ်ပါ။ အကန့် အသတ်နှင့် ကျင့်သုံးရသည်။
တချိန်တည်း၌
ကန်
့ သတ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားရသည်။[2] ကန်
့သတ်မှု နည်းလေလေ၊ လွတ်လပ်မှု ပိုရလေလေဖြစ်သည်။ ရှိသင့် သော အကန်
့အသတ်အောက်တွင် ယူနီတီဂျာနယ်မှသတင်းစာဆရာများအား အရေးယူလိုက်ခြင်းဖြစ် သလား၊ သို
့မဟုတ် ကျယ်ပြန့် ပြီး ဒီမိုကရေစီ၏ အနှစ် သာရ ကို ထိပါးစေနိုင်သည့် အကန်
့အသတ်အောက်တွင် အရေးယူခံရ သလား ဟူသည်ကို ဆန်းစစ်ရန်
လိုအပ်လာသည်။
ဥရောပ တိုက်၏ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံစာရင်း ၀င်အဖြစ်သို့  နှစ်ပေါင်း ရှစ်ဆယ်မျှအတွင်းပြောင်းလဲ သွားခဲ့သောဆွီဒင် နိုင်ငံတွင် လွတ်လပ်ထုတ်ဖေါ်ခွင့်ကို ကိုင်စွဲ၍ ဒီမိုကရေစီကို ဖေါ်ဆောင်ကြောင်း ကျေညာကျင့်သုံးသည်။ အကျိုးဆက်အနေဖြင့် ရှင်းရှင်းလင်း လင်းရှိမှုကို ဆန်းစစ်ဖေါ်ထုတ်သော နိုင်ငံတကာအဖွဲ့ အစည်း[3] ၏ အကဲဖြတ်ချက်အရ ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ် စားမှု အရှင်းလင်းဆုံးနိုင်ငံ များစာရင်းတွင် ထိပ်ဆုံးပိုင်းမှ ပါလေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဖင်လန် နိုင်ငံနှင့် ပူးတွဲ ၍ တတိယ နေရာတွင် ရှိသည်။ လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများအနက် ပထမ နေရာတွင် ပူးတွဲရှိနေသူ များမှာ ဒိန်းမတ် နှင့် နယူးဇီလန် တို့  ဖြစ်သည်။
ဥရောပ တိုက်၏ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံစာရင်း ၀င်အဖြစ်သို့  နှစ်ပေါင်း ရှစ်ဆယ်မျှအတွင်းပြောင်းလဲ သွားခဲ့သောဆွီဒင် နိုင်ငံတွင် လွတ်လပ်ထုတ်ဖေါ်ခွင့်ကို ကိုင်စွဲ၍ ဒီမိုကရေစီကို ဖေါ်ဆောင်ကြောင်း ကျေညာကျင့်သုံးသည်။ အကျိုးဆက်အနေဖြင့် ရှင်းရှင်းလင်း လင်းရှိမှုကို ဆန်းစစ်ဖေါ်ထုတ်သော နိုင်ငံတကာအဖွဲ့ အစည်း[3] ၏ အကဲဖြတ်ချက်အရ ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ် စားမှု အရှင်းလင်းဆုံးနိုင်ငံ များစာရင်းတွင် ထိပ်ဆုံးပိုင်းမှ ပါလေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဖင်လန် နိုင်ငံနှင့် ပူးတွဲ ၍ တတိယ နေရာတွင် ရှိသည်။ လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများအနက် ပထမ နေရာတွင် ပူးတွဲရှိနေသူ များမှာ ဒိန်းမတ် နှင့် နယူးဇီလန် တို့  ဖြစ်သည်။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ကျင့်သုံးခွင့်အများဆုံးရနေသော ဆွီဒင်နိုင်ငံမှာပင်
လက်နက် စက်ရုံ ပေါင်း မြောက်များစွာရှိသည်။ လက်နက်များ၊ လက်နက်ထုတ်လုပ်ရေး
နည်းပညာများ ကို အခြားနိုင်ငံ များသို့ ရောင်းချ ကာ ၀င်ငွေရှာသည်။ ယင်းတို့ သည်
နိုင်ငံ၏တည်ဆဲဥပဒေအရ[4]
ယေဘုယျအားဖြင့် လျှို့ ဝှက်သတင်း[5]
များဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖေါ်ပြ ပုံနှိပ်ထုတ်ဝေ ဖြန်
့ချီ ခွင့်မရှိ။ ဥပဒေအရ အရေးယူ အပြစ်ပေးခံရပေမည်။ သူလျှိုလုပ်မှု[6]
သို့ မဟုတ် သူလျှိုလုပ်ရန် အားထုတ်မှုသည် ကြီးလေးသည့် ရာဇ၀တ်မှု
ကျူးလွန်ရာရောက်သည်။
၂၀၁၂ ခုနှစ်မတ်လတွင် ဆွီဒင်နိုင်ငံမှ လက်နက်ထုတ်လုပ် သည့် နည်းပညာများကို အသုံးချ
ကာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်ပြီး လက်နက်စက်ရုံတည်ပေးရန် ဆွီဒင်
အစိုးရ၏ အားထုတ်မှုကို ဆွီဒင် ရေဒီယိုသတင်းထောက်သုံးဦး[7] က
ဖေါ်ထုတ်ရေးသားခဲ့သည်။ ယင်းမှာ အစိုးရ၏ ကာကွယ်ရေးမူဝါဒ[8] နှင့်
ဆိုင်သော လျှို့ ဝှက်သတင်းဖြစ်သည်။ သတင်းထောက်များမှာ
သူလျှိုလုပ်မှုဖြင့်အရေးယူမခံ ရသည့် အပြင် ၂၀၁၃ ခုနှစ် ဧပြီလ
တွင် စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံသည့် သတင်းပညာဆု[9]
ရရှိသွားကြသည်။[10]
ယူနီတီ ဂျာနယ်မှ သတင်းထောက်အပေါ် စွဲဆိုထားသည့် တရားဝင်လျှို့ ဝှက်ချက် ဥပဒေ[11] ပုဒ်မ ၃
(၁) မှာ သူလျှိုလုပ်မှု[12]
ဖြစ်သည်။ ပုဒ်မ (၉) သည် အားထုတ်မှုဖြစ်သည်။ ဗြိတိသျှအုပ်စိုးသည့် ခေတ် ၁၉၂၃
ခုနှစ်တွင် ယင်းဥပဒေကို အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံ လုံးတွင်
ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျင့်သုံးပုံခြင်း အတူ တူ လူ့ အဖွဲ
့အစည်းနောက်ခံကွာခြားသော အခါ အိန္ဒိယ နိုင်ငံက
မြန်မာနိုင်ငံထက်များစွာသာလွန်ေ ကြာင်းတွေ့ နိုင်သည်။ အိန္ဒိယတွင်
ဒီမိုကရေစီကိုတန်ဘိုးထားသည့်အြ ပင် လွတ်လပ်သော တရားစီရင်ရေးစနစ်
လွန်စွာအားကောင်းသည်။ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ ကို ချိုး ဖေါက်ကြောင်းဖြင့်
အိန္ဒိယ အစိုးရက သတင်းထောက် ဂီလာနီ ဆိုသူအား ၂၀၀၂ ခုနှစ် ဇွန်လတွင် တရား
စွဲခဲ့သော်လည်း ခုနှစ်လခန့် အချုပ်နှင့်ရင်ဆိုင်ခဲ့ရပြီးေ နာက် အမှုကို
ပြန်လည်ရုပ်သိမ်းပေး လိုက်သည်။[13]
“တရားဝင်လျှို့ ဝှက်ချက် ဥပဒေဟာ အလွန်ရှေးကျလွန်းတယ်။ လျှို့ ဝှက်ချက် ဆိုတာကို
အဓိပ္ပါယ် ဖွင့်ဆိုချက် မရှင်းလင်းဘူး။ ဗြိတိန်မှာ ၁၉၈၉ ခုနှစ်မှာ အဲဒီဥပဒေကို
ဖျက်သိမ်း ခဲ့ပြီး လုံးဝ ကွဲပြားတဲ့ဥပဒေကို ကျင့်သုံး နေပြီ။ ဒီဥပဒေကို အိန္ဒိယမှာ
တစစီဖျက်ပစ်သင့်နေပြီ” ဟု ဂီလာနီက ပြောခဲ့သည်။[14]
မြန်မာနိုင်ငံတွင်လည်း အလားတူ သုံးသပ်ရမည် မုချဖြစ်သည်။
ဗြိတိန်ုနိုင်ငံတွင်
အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ ကို ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့ သည်။[15]
၎င်းအရ ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှုနှင့်  ရာဇ၀တ်ပြစ်မှု စသည်တို
့နှင့် စပ်လျှဉ်း၍ ဖေါ်ထုတ် ခြင်းအား အကာအကွယ်ပေးကြောင်း ပြဌာန်းထားသည်။
ယင်းဥပဒေတွင် ပုဂ္ဂိုလ်ရေး အကာအကွယ်ပေးမှုများနှင့် စပ်လျှဉ်း၍
အငြင်းပွားမှုများရှိခဲ့သဖြင့် ပြင်ဆင်မှုများပြုခဲ့ရသော်လည်း ဥပဒေ အရ တာဝန်ရှိမှုကို
ချိုးဖေါက်ခြင်းကဲ့သို့  သော အများ ပြည်သူအကျိုးစီးပွားကို ဦးတည်သည့်
ဖေါ်ထုတ်မှုကိုမူ ဆက်လက်အတည်ပြုပြဌာန်းထားသည်။[ 16]
မြန်မာနိုင်ငံ၏ တည်ဆဲ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ၏ မိခင်ဖြစ်သည့် ဗြိတိန်
နိုင်ငံတွင် ယင်းဥပဒေ ထက်များစွာပိုကောင်းသော 1989 ခုနှစ် ဥပဒေ[17] ကိုသာမက
အများပြည်သူ အကျိုးစီးပွားဖေါ် ထုတ်ခွင့်ဥပဒေ ကိုပါ ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့သည်။
ယင်းကို ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၂၉ ရက်နေ့ တွင်နောက်ဆုံး ပြင်ဆင်ခဲ့သည်။ ထို့ အပြင်
၂၀၀၀ ခုနှစ်တွင် သတင်း လွတ်လပ်မှုဥပဒေကိုပါ ပြဌာန်းခဲ့ပြန်သည်။[18] ယင်းသို
့ဖြင့် လွတ်လပ် စွာ ထုတ် ဖေါ်ခွင့်သည် ပို၍ အားကောင်းလာခဲ့သည်။ အိမ်နီးခြင်း
ဖြစ်သည့် ထိုင်းနိုင်ငံမှာပင် ၂၀၁၀ ခုနှစ် တရားဝင်သတင်း ဆိုင်ရာ
ဥပဒေပေါ်ပေါက်လာခြင်းဖြင့် ပြည်သူလူထု၏ သိရှိခွင့်[19] ကို
များစွာပို၍ အားဖြစ်စေသည်။
မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၉၁ နှစ်က ပြဌာန်းခဲ့သည့်
ဥပဒေဟောင်းကြီးကို ယနေ့ တိုင် သုံးစွဲ နေဆဲ ဖြစ်သည်။ ဗြိတိန်နိုင်ငံကဲ့သို့ 
အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ သာ ရှိမည်ဆိုပါက ဓါတု လက်နက်များ
ထုတ်လုပ်နေသည်ဟု ယူဆနိုင်သည့် လက်နက်စက်ရုံ အကြောင်း ဖေါ်ထုတ်ရေးသားသော
ယူနီတီ
ဂျာနယ်မှ သတင်းထောက်များသည် ဆွီဒင်ရေဒီယိုမှ သတင်းထောက်များ ဆုရသကဲ့သို့  စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့် သတင်းပညာဆု ရရှိကြပေမည်။ ဦးသိန်းစိန်အစိုးရ အနေဖြင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိမှုအပေါ် လိုက်နာမှုရှိမရှိ စုံစမ်းစစ်ဆေး ဖေါ်ထုတ်နိုင်ရန် ကြိုးစား သောကြောင့်ဖြစ်သည်။ ယင်း မှာ အဘယ်နည်း။
ဂျာနယ်မှ သတင်းထောက်များသည် ဆွီဒင်ရေဒီယိုမှ သတင်းထောက်များ ဆုရသကဲ့သို့  စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့် သတင်းပညာဆု ရရှိကြပေမည်။ ဦးသိန်းစိန်အစိုးရ အနေဖြင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိမှုအပေါ် လိုက်နာမှုရှိမရှိ စုံစမ်းစစ်ဆေး ဖေါ်ထုတ်နိုင်ရန် ကြိုးစား သောကြောင့်ဖြစ်သည်။ ယင်း မှာ အဘယ်နည်း။
ဓါတုလက်နက် ထုတ်လုပ်မှုကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည်။[20] ဤသည်ကို
တကမ္ဘာ လုံးရှိ နိုင်ငံအားလုံးလိုက်နာကြရသည်။ သို့ ဖြစ်၍ ယင်းနှင့်စပ်ဆိုင်သည့်
သတင်းအား တိုင်းပြည် ၏ တရားဝင်လျှို့ ဝှက် ချက် အနေဖြင့်လည်းကောင်း၊
တိုင်းပြည်ကာကွယ်ရေး နှင့် သက်ဆိုင်သည့် သတင်း အနေဖြင့်လည်းကောင်း ဖုံးကွယ်
ထားခွင့်မရှိပါ။ ယင်းသို့ ဖြစ်ပါက နောင်နှစ်ပေါင်းများစွာကြာပြီးေ နာက်တွင်
ဆီးရီးယားနိုင်ငံတွင် အာဆတ်အစိုးရ ထုတ် လုပ် ခဲ့သည့် ဓါတုလက်နက်စက်ရုံများအား
ကုလသမဂ္ဂက ကြီးကြပ်ပြီးဖျက်ဆီးပစ်ရသည့် အနေအထားမျိုးကဲ့သို့  ရောက်သွားနိုင်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးရံပုံငွေ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်သည်
မည်သည့် အဖွဲ့ အစည်း၏ စာရင်းစစ်ဆေးမှုမျှ ခံယူစရာမလိုဘဲ တိုင်းပြည်ဘဏ္ဍာငွေများအား
ထင်သလို အသုံးချခွင့်ရနေသည်။ ယင်းငွေများကို ဓါတုလက်နက်
စက်ရုံအတွက်သုံးနေမည်ဆိုလျှင် လည်း မည်သူမျှ မသိနိုင်။ လူ့ အဖွဲ့ အစည်းနောက်ခံ သည်
အမှောင်ဖုံးနေဆဲဖြစ်သဖြင့် အမှန်တရားဖေါ်ထုတ်ရန်ကြိုးပမ်းမှု များ ရှိနေသည်မှာ
သဘာဝကျသည်။
ယူနီတီ ဂျာနယ်မှ သတင်းထောက်များသည် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို လူတဦးချင်း
အနေဖြင့် ရိုးရိုးကျင့်သုံး နေခြင်း မဟုတ်။ Investigative Journalism ဟုခေါ်သည့်
စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်း ပညာ ကို အသုံးပြု ကာ တိုင်းပြည်လူထု
အကျိုးစီးပွားကို ဖေါ်ဆောင်ရန်ကြိုးပမ်း နေကြခြင်းဖြစ်ပုံရသည်။ ယင်းသို့ ဖြစ် ပါက
ယူနီတီ ဂျာနယ်သည် သတင်းခေတ်တခေတ်ကို စတင်ဦးဆောင် နေခြင်းဟု အသိအမှတ်ပြုရပါမည်။
စုံစမ်းစစ် ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို လိုက်စားသော
နိုင်ငံသားသတင်းသမားများ[21]
အမြောက်အများပေါ်လာ ပါက လူ့ အဖွဲ့ အစည်းအပြောင်းအလဲကို ကြီးမားစွာ
အထောက်အပံ့ဖြစ်ပါမည်။
၂၀၀၈ ဖွဲ့ စည်းပုံပေါ်အခြေခံတည်ဆောက်ထားေ သာ လွှတ်တော်မှာမူ လူ့ အဖွဲ့ အစည်းကို
စစ်မှန် သော လမ်းကြောင်းသို့ ဦးတည်ပြောင်းလဲနိုင်စွမ်း
ရာနုန်းပြည့်ကင်းမဲ့လျှက်ရှိသည် ။ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေအပါအ၀င်
စစ်အာဏာရှင်အစိုးရအဆက်ဆက် ပြဌာန်းခဲ့သည့် မည်သည့် မတရားဖိနှိပ်သည့် ဥပဒေတခု တလေ ကို
မျှ မရုပ်သိမ်းနိုင်။ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သော အခြေခံလွတ်လပ်မှု
အခွင့်အရေးသုံးရပ် (လွတ်လပ် စွာထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စုဝေးခွင့်၊ အသင်းအဖွဲ
့ဖွဲ့  စည်းခွင့်) တို့ ကိုအာမခံပေးနိုင်သည့် ဥပဒေများအား မပြ ဌာန်း နိုင်ရုံသာမက
၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကဲ့သို့  ဗြိတိသျှကိုလိုနီခေတ်က ကျန်ရစ်ခဲ့ သည့်
ဥပဒေအမွေ ကောင်းများကို ဖျက်ပစ်ခဲ့သည်။ လွတ်လပ်ရေးရစခေတ်က စည်းရုံးခွင့်၊
စုဝေးခွင့်များအား အောင်မြင်စွာကျင့်သုံးခွင့်ရ ခဲ့ သည့် ရဲဥပဒေများအား
ချောင်ထိုးထားပြီး မတရားဖိနှိပ်သည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်
စီတန်းလှည့်လည် ခွင့် ဥပဒေကို ပြဌာန်းခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို
အထောက်အပံ့ဖြစ်စေရန် တရားဝင် သတင်းဆိုင်ရာ ဥပဒေ မျိုးကို ပြဌာန်းပေးရန် မည်သည့်
လွှတ်တော်အမတ်ကမျှ မမြွက်ဟကြရုံသာမက ဗြိတိသျှကိုလိုနီခေတ်က ကျန်ခဲ့ သည့်
ဥပဒေအမွေဆိုးဖြစ်သော ၁၉၂၃ ခုနှစ် တရားဝင် လျှို့ ဝှက်ချက် ဥပဒေကို
ပယ်ဖျက်ရုပ်သိမ်းရန် သို့ မဟုတ် အစားထိုးရန် မည်သူကမျှ
အဆိုတင်သွင်းခြင်းမရှိ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လူထုထံမှ အကြံပေးစာ
များ ရရှိသည်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံသည် ဖက်ဒရယ်အခြေခံလမ်းကြောင်းနှင့်
ကင်းလွတ်လျှက်ရှိကြောင်း မည်သည့် လွှတ်တော်အမတ်မျှ မဆွေးနွေးရဲကြ။ ၂၀၁၂ ခုနှစ်
နိုဝင်္ဘာလ (၂) ရက်နေ့ တွင် ဖက်ဒရယ် ဥပဒေရေးဆွဲရန် ဦးတီခွန်မြတ် နှင့်
ဒေါ်နန်းဝါနုတို့ အား တာဝန်ပေးကြောင်း မိန့် မိန့် ကြီး ကြေငြာခဲ့သည့် လွှတ်တော်ဥက္ကဌ
ဦးရွှေမန်း သည် မသိခြင်ယောင်ဆောင်လျှက်ရှိသည်။ ဖက်ဒရယ် ဥပဒေသည် ဘယ်ရောက်နေသည် မသိ။
ဥပဒေ အထက်မှာ လွှတ်တော် ရှိတယ် ဟူ၍ ကလိရုံမျှ ကလိခဲ့သည့် ဒေါက်တာဆိတ်ဖွား ဆိုသူအား
ရှူးရှူးရှားရှားလုပ်ကာ ခုတ်မယ်၊ ထစ် မယ်၊ ပါးပါးလှီးမယ် ကြိမ်းဝါးခဲ့ကြသော
လွှတ်တော်သည် ယခုတော့ သူတို့ နှင့် မဆိုင်သယောင်ပြုနေသည်။
“ဘယ်နိုင်ငံရေးပါတီကိုမျှ ဂရုမစိုက်၊ အစိုးရကို အတိုက်အခံလုပ်တဲ့
နိုင်ငံရေးသမားတွေကို ထောင်ချ ပစ်မယ်။” ဟူ၍ အသားလွတ် ကြိမ်းမောင်းခြိမ်းခြောက်နေသော
နယ်လှည့်ပါးရိုက်ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအုန်းမြင့် အား အရေးယူရန် ဝေးစွ။
လွှတ်တော်က မသိယောင်ပြုလျှက်ရှိသည်။ အနည်းအပါး ဝေဘန်ပြောဆိုမည်လားဟူသော
မြှော်မှန်းချက်ကလေးဖြင့် ဒီဗွီဘီ သတင်းထောက်က အင်တာဗျူးသောအခါ လွှတ်တော်အမတ်တဦးက
“ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါတယ်။” ဟူ၍ မခို့ တရို့ အပြုံးဖြင့်
ပြန်ကြားခဲ့သည်။
လွှတ်တော်အမတ်ဟူသည် ပုဂ္ဂိုလ် တဦးအနေဖြင့် မိမိ၏ ခံစားချက်ကို ရှေ
့တန်းတင်ပြောရန်မဟုတ်။ လူ့ အဖွဲ့ အစည်း လျှောက်သင့်သည့် လမ်းကြောင်း ကို ဦးတည်၊
လူထု၏ နစ်နာမှုကို ကိုယ်စားပြုဖွင့်ချကာ၊ တရားမှု အတွက် တိုက်ပွဲဝင်ရန် တာဝန်ရှိသည်။
ဗိုလ်ချုပ် ဟောင်းအုန်းမြင့် သည် ဒီမိုကရေစီကို အတိအလင်း စော်ကားနေ ခြင်းဖြစ်သည်။
ယင်းမှာ လူထုကို စော်ကားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို တလွဲ
အသုံးချနေခြင်း လည်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် လွတ် လပ်စွာ ထုတ်ဖေါ်ခွင့်
ဆိုသည်မှာ အစိုးရအာဏာပိုင် များထံတွင်သာ ရှိကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဤသည်ကို
မဖေါ်ထုတ်ဘဲ “ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါ တယ်။” ဟူ၍ ခေါင်းစင်းခံပေးနေသော
လွှတ်တော်အမတ်များသည် စနစ်ဟောင်းကို ပြောင်းနိုင်ဘွယ်မရှိပါ။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ ပြဌာန်းပေးရန် ဝေး၍
မတရားဥပဒေဖြင့် အရေးယူခံနေရသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များမှုခင်းကိုလည်း
လွှတ်တော်အတွင်း မည်သည့် ဆွေးနွေးမှုမျှမပြု။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင်
ဦးရွှေမန်းခေါင်းဆောင်လျှက်ရှိ သော လွှတ်တော်သည် မည်သို့ လျှင် လူ့ အဖွဲ့ အစည်းကို
ပြောင်းလဲနိုင်မည်နည်း။
၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ သို့ ပြောင်းသွားခြင်းမှာ
လွှတ်တော်က ဦးဆောင်စတင် ခဲ့ခြင်း မဟုတ်ပါ။ အစိုးရ၏ လူ
့အခွင့်အရေးချိုးဖေါက်မှုများကို လူထုအသင်းအဖွဲ့ များက ဖေါ်ထုတ်ရာတွင် သတင်းမီဒီ
ယာများက တက်တက်ကြွကြွပူးပေါင်းဆောင်ရွက် ကြသည်။ အမှန်တရားကို ဖေါ်ထုတ်ကြသည်။
ဥပဒေရေးရာ အဖွဲ့  အစည်းများက ပံ့ပိုးပေးကြသည်။ ယင်း၏ အကျိုးဆက်အနေဖြင့်
ကျောင်းသားများ၊ အခြေခံလူထုများ၊ နိုင်ငံရေး အင်အားစုများ ပါဝင်သည့်
လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်သည် ။ ဆယ်ဂဏန်းတချို့ မျှ အရေအတွက်
ရှိသည့် စစ်ဗိုလ်များ အင်ဒိုနီးရှားလွှတ်တော်မှ ထွက်တော်မူ နန်းကခွါခဲ့ရသည်။ လတ်တလော
မြန်မာနိုင်ငံ အခြေအနေ တွင် သတင်းမီဒီယာများသည် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့်
သတင်းပညာ ကို ယခုထက်ပို၍ အသုံးပြုလာကြ မည်ဆိုလျှင် ယင်းသို
့မြှော်လင့်ဘွယ်ရှိလာနိုင်သည်။
ယခုအငြင်းပွားသည့် လက်နက်စက်ရုံမှာ လက်ရှိသမတ ဦးသိန်းစိန် က နအဖစစ်အစိုးရ၏ ၀န်ကြီး
ချုပ်အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ထားခဲ့သည့် စက်ရုံဖြစ်သည်။
ယူနီဖေါင်း ချွတ်၊ အရပ်ဝတ် ပြောင်းကာ သမတ တာဝန်စတင်ယူခဲ့စဉ်က
ရှင်းရှင်းလင်းလင်းရှိမှု [22] နှင့်
တာဝန်ခံမှု [23] ဟူ သော
စကားလုံးများကို ရွှန်းရွှန်းဝေအောင် သုံးခဲ့သူဖြစ်၏။ သို့ ဖြစ်ပါလျှက် ၄င်းသည် လူ
့အဖွဲ့ အစည်း ရှင်းရှင်းလင်းလင်း ရှိစေရန် ပံ့ပိုးကူညီ နေသော ယူနီတီ ဂျာနယ်မှ
သတင်းထောက်များကို အဘယ်ကြောင့် အရေးယူနေသနည်း။ အပြောတခြား၊ အလုပ် တလွဲဖြစ်သည်။
အရပ်ဝတ်ပြောင်းထားခြင်းမှာ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ သို
့ထည့်ထားခြင်းသာဖြစ်ကြောင်း ပို၍ထင်ရှားလာသည်။ ယင်းသို့ မဟုတ်ဟု ဆိုပါက
ယူနီတီဂျာနယ်မှ သတင်းထောက်များအား ဖမ်းဆီး အရေးယူထား ရာမှ ချက်ခြင်းလွှတ်ပေးပြီး
အငြင်းပွားလက်နက်စက်ရုံမှာ ဓါတုလက်နက် စက်ရုံမဟုတ်၊ ရိုးရိုး စက်ရုံသာဖြစ်ကြောင်း၊
မယုံလျှင် နိုင်ငံတကာမှ အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန်
လိုက်ရုံမျှ နှင့် ဤပြသနာပြီးဆုံး သွားပါမည်။
မြန်မာနိုင်ငံသည် အမှောင်ဖုံးနေသည့် စစ်အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ် ငါးစုကျော်
ဖြတ်သန်းခဲ့ ရသော နိုင်ငံဖြစ်သည်။ အလင်းခေတ်ကို ရောက်ရန် သတင်းထောက်များအပါအ၀င်
အခြေခံလူထုများသည် နည်း ပေါင်းစုံနှင့် ဆက်လက်ကြိုးပမ်း နေ ကြဆဲဖြစ်သည်။
အလင်းခေတ်ကို မရောက်သေးသည်မှာ အတိအကျဖြစ်သည်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု
ဟူသည်မှာ အမည်ခံမျှသာ ဖြစ်နေပြီး ယင်းအောက်တွင် စစ်အာဏာ ရှင်စနစ် ကြီးထွားအောင်သာ
ဖေါ်ဆောင်ခြင်း ခံနေရသည်။ သာဓက ဖြစ်ရပ်အတော်များများကို ထောက်ပြ လျှက် “သတင်းစာ၊
ဂျာနယ်တွေ လွတ်လပ်ခွင့်ရလာ တယ်ဆိုတာ အာဏာပိုင်တွေ ကြိုက်တာတွေ ရေးနေ ကြလို့ ပါဗျာ။”
ဟူ၍ လက်ရှိ ပြည်တွင်းသတင်းထောက် တဦးက ပြောဘူးသည်။
မည်သို့ ပင်ဖြစ်စေ၊ ရေးခွင့်ရ ပြောခွင့်ရသမျှလေးကို အသုံးချလျှက်
ရိုးရိုးသတင်းများကို လိုက်လံစု ဆောင်းဖေါ်ပြနေရာမှ တဆင့်မြှင့်ပြီး စုံစမ်းစစ်ဆေးမှု
အပေါ် အခြေခံသည့် သတင်းပညာကို အသုံးချကာ ရှင်းရှင်းလင်း လင်း ရှိသည့် လူ့ အဖွဲ
့အစည်းဖြစ်လာနိုင်ရေးအတွက် ပိုင်းခြားဝေဘန်သုံးသပ်ချက်များ တိတိပပ လုပ်လာသည့် သတင်း
သမားများအား လေးစားရပါမည်။
ရှင်းရှင်းလင်းလင်းရှိမှုကို စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာ အဖွဲ့ အစည်းကြီးက
ဖေါ်ပြသည့် ၂၀၁၃ ခုနှစ်အတွက် လာဘ်စားမှု အကင်းစင်ဆုံးနိုင်ငံများစာရင်း တွင်
ဒိန်းမတ်နိုင်ငံနှင့် ယှဉ် တွဲ၍ ပထမနေရာရ သည် မှာ နယူးဇီလန်နိုင်ငံဖြစ်သည်။
ယင်းနိုင်ငံတွင်
စုံစမ်းစစ်ဆေးမှု
အပေါ် အခြေခံသည့် သတင်းပညာ အားကောင်းသည်။ နစ်ကီ ဟေဂါ [24] ကဲ့သို
့ သတင်းထောက်များနံမည်ကြီးသည်။ မြန်မာနိုင်ငံကဲ့သို့ ပင် နယူးဇီလန်နိုင်ငံတွင်
(၁၉၅၁ ခုနှစ်) တရားဝင်လျှို့ ဝှက်ချက်ဥပဒေ မျိုးရှိသော်လည်း ၁၉၈၂
ခုနှစ်၌
တရားဝင်သတင်း
ဆိုင်ရာ ဥပဒေပြဌာန်းပြီးနောက်တွင် လွတ်လပ်စွာ ထုတ်ဖေါ်
ခွင့်
အဆများစွာ ပိုရလာခဲ့သည်။ မြန်မာနိုင်ငံကဲ့သို
့အာဏာပိုင်များလာဘ်စားရာတွင် ထိပ်ဆုံး တန်းနေရာတွင်ပင် ရှိနေ သေးသည့်
တိုင်းပြည်၌
စုံစမ်းစစ်ဆေးမှု
အပေါ် အခြေခံသည့် သတင်းပညာ[25] ဖွံ
့ဖြိုးလာမှသာ ဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်စေပြီး စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်အောင် စီမံလုပ်ဆောင်နေမှုများ၊ အာဏာအလွဲသုံးစား မှုများ၊ လာဘ်စားမှုများ
တဖြေးဖြေးလျော့ပါးသွားစေကာ ရှင်းရှင်းလင်းလင်း ရှိသည့် အလင်း ခေတ်သို့ တည်နိုင်ပါ
မည်။
ယင်းအတွက် မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသောယူနီတီဂျာ နယ်မှ ဖမ်းဆီးအရေးယူခံ
သတင်း သမားများ အားလုံးအား ချွင်း ချက်မရှိ ပြန်လွှတ်ပေးရန် အာဏာပိုင်များ အား
ဥပဒေအထောက်အကူပြုကွန်ယက်က တောင်းဆိုလိုက်သည်။
၎င်းတို့ လွတ်မြောက်လာရေးအတွက် အောက်ပါ အင်အားစုများအနေဖြင့် တခဲနက် စုပေါင်း
လှုပ်ရှားကြရန်လည်း အလေးအနက် မေတ္တာရပ်ခံပါသည်။
(၁) တိုင်းရင်းသားလက်နက်ကိုင်တော်လှ န်ရေး အဖွဲ
့အစည်းများ။
စစ်အစိုးရများသည် ဓါတု လက်နက် ထုတ်လုပ်သုံးစွဲခဲ့သည့် သာဓကများအား ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ် တိုက်ပွဲများအတွင်း တစုံတရာ တွေ့ ကြုံခဲ့ရသည်။ စစ်အစိုးရအဆက်ဆက်သည် မည်သည့် နိုင်ငံခြား တိုင်းပြည်နှင့်မျှ စစ်ခင်းခဲ့ခြင်းမရှိ။ စစ်ခင်းနိုင်ဘွယ်အခြေအနေလည်း မရှိ။ ဓါတု လက်နက်ထုတ်လုပ်သည့် သတင်းမှန်လျှင် ယင်းလက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများကို ချေမှုန်းရန်မှ တပါး အခြားမရှိ။
ယူနီတီ ဂျာနယ်မှ သတင်းထွက်ပေါ်လာခြင်းဖြင့် ယင်းလုပ်ငန်းစဉ် စီမံချက်ကို တစုံတရာ အဟန့် အတားဖြစ်စေ နိုင်သည်။
စစ်အစိုးရများသည် ဓါတု လက်နက် ထုတ်လုပ်သုံးစွဲခဲ့သည့် သာဓကများအား ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ် တိုက်ပွဲများအတွင်း တစုံတရာ တွေ့ ကြုံခဲ့ရသည်။ စစ်အစိုးရအဆက်ဆက်သည် မည်သည့် နိုင်ငံခြား တိုင်းပြည်နှင့်မျှ စစ်ခင်းခဲ့ခြင်းမရှိ။ စစ်ခင်းနိုင်ဘွယ်အခြေအနေလည်း မရှိ။ ဓါတု လက်နက်ထုတ်လုပ်သည့် သတင်းမှန်လျှင် ယင်းလက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများကို ချေမှုန်းရန်မှ တပါး အခြားမရှိ။
ယူနီတီ ဂျာနယ်မှ သတင်းထွက်ပေါ်လာခြင်းဖြင့် ယင်းလုပ်ငန်းစဉ် စီမံချက်ကို တစုံတရာ အဟန့် အတားဖြစ်စေ နိုင်သည်။
(၂) ဒီမိုကရေစီ
အင်အားစုများ
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်သည် ဒီမိုကရေစီ ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံတကာ ဥပဒေ၏ စိုးမိုးမှုအောက်တွင် ဓါတုလက်နက်ကင်းစင်သော နိုင်ငံအနေဖြင့် ရပ်တည်နိုင်ရန် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကို သုံးစွဲကာ အမှန်တရားကို ဖေါ်ထုတ်ရန် ကြိုးစားသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များ ချွင်းချက်မရှိ လွတ် မြောက်လာရေး အတွက် ကြိုးပမ်းပေးသင့်ပါသည်။
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်သည် ဒီမိုကရေစီ ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံတကာ ဥပဒေ၏ စိုးမိုးမှုအောက်တွင် ဓါတုလက်နက်ကင်းစင်သော နိုင်ငံအနေဖြင့် ရပ်တည်နိုင်ရန် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကို သုံးစွဲကာ အမှန်တရားကို ဖေါ်ထုတ်ရန် ကြိုးစားသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များ ချွင်းချက်မရှိ လွတ် မြောက်လာရေး အတွက် ကြိုးပမ်းပေးသင့်ပါသည်။
(၃) ဥပဒေပညာရှင်များ နှင့် လူထုအသင်းအဖွဲ
့များ
ဤမှုခင်းမျိုးအား လူ့ အလွှာအလိုက် အကျိုးသက်ရောက်စေနိုင်သည့် မှုခင်း[26] ဟူ၍ နိုင်ငံတကာ တွင် သတ်မှတ်ကြပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ အချက်အခြာကျသည့် မှုခင်းဖြစ်ရပ်တခုအား ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်လျှ င် ယင်းနှင့်
သက်ဆိုင်သော အလွှာတခုလုံးအတွက် သက်သာခွင့်ရစေမည် ဖြစ်သည့် အပြင် မိမိတို့ နောက်တွင်
လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေပညာရှင်များ၊ ဥပဒေရေးရာ အဖွဲ့ အစည်းများ၊ လူထု
အသင်းအဖွဲ့ များ ရှိပါကလား ဟူ၍ စိတ်အားတက်ကြွလာစေခြင်းဖြင့် လူ့ အဖွဲ့
အစည်းအပြောင်းအလဲအတွက် ထိ ရောက်သည့် အားဖြစ်စေပါမည်။ စုံစမ်းစစ်ဆေးမှု
အပေါ် အခြေခံသည့် သတင်းပညာကို
ကျင့်သုံးသော သတင်းမီဒီယာ လောက အားကောင်းလာစေသင့်သည်။
ဤမှုခင်းမျိုးအား လူ့ အလွှာအလိုက် အကျိုးသက်ရောက်စေနိုင်သည့် မှုခင်း[26] ဟူ၍ နိုင်ငံတကာ တွင် သတ်မှတ်ကြပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ အချက်အခြာကျသည့် မှုခင်းဖြစ်ရပ်တခုအား ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်လျှ
ဥပဒေအထောက်အကူပြုကွန်ရက်
ဖေဖေါ်ဝါရီလ (၄) ရက် ၂၀၁၄ ခုနှစ်
အသေးစိပ်သိလိုပါလျှင်
ဦးအောင်ထူး
(ရှေ့နေ)ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
ဆက်သွယ်ရန် ဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅