Friday, February 7, 2014

ငါ…ယူနီဖေါင်းပြန်ဝတ်မယ်

 07-02-2014
“ငါ…ယူနီဖေါင်းပြန်ဝတ်မယ်”

ဒီကနေ့ နေပြည်တော်က သတင်းဝင်လာတယ်၊၊ ဦးသန်းရွှေက လက်ရှိသမ္မတ ဦးသိန်းစိန်အားတယ်လီဖုန်းဖြင့် တိုတိုတုတ်တုတ် ဆက်သွယ် စကားပြောပါတယ်..
“ဟေ့ …ဗိုလ်သိန်းစိန်…မင်းက ..အုန်းမြင့်ကို ဖယ်တာ ဖြုတ်တာ လုပ်ရင်..ငါ..ယူနီဖေါင်းပြန်ဝတ်မယ်” ဟု ခက်ထန်သွာ ဆိုပါသည်။

“ဟုတ်ကဲ့ ဘဘ ကျနော်တို့ အာလုံးဖြေရှင်းပြီးပါပြီ လွှတ်တော်မှာလဲ …နည်းလမ်းနဲ့ အညီ ဖြေရှင်းပြီးပါပြီ..ဖြုတ်စရာ ဖယ်စရာလဲ မလိုပါဘူး..၀န်ကြီးတွေမှာလဲ ထပ်အစားထိုးဖို့ သူ့လို သင့်တော်သူနောက်တယောက် ကျနော်တို့မှာ မရှိပါဘူး..” ဟု နိုင်ငံတော် သမ္မတ မှ တုန်ရင် ဖြေးလေးစွာ ဆိုပါသည်။

ထိုနောက် ဦးသန်းရွှေ ဘက်မှ “ဒါဆိုလဲ ပီးရော…စနေနေ့ AT ကိုတော့ မင်းမမေ့နဲ့ ငါစောင့်နေမယ်” ဟု ထပ်မံပြောဆိုသွားပါသည်။
သမ္မတ ဦးသိန်းစိန်မှ “ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျ “ ဟု ပြန်လည် ပြောဆိုနေရင်းတဖက်မှ ဖုန်းချသွား၏။

မှတ်ချက် ….AT ဆိုသော တယ်လီဖုန်းပေါ်မှ ဦးသန်းရွှေ၏ ပြောကြားချက်သည် Appointed Time ကို ဆိုလိုကြောင်း သမ္မတရုံးနှင့် နီးစပ်သော ရပ်ဝန်းမှ သိရသည်။

အားလုံးကို ခြုံကြည့်သော် လက်ရှိ ဟန်ဆောင်ပြုပြင်ပြောင်းလဲရေးမှာ အမှန်ပြုပြင်ပြောင်းလဲခြင်းမဟုတ်ကြောင်းနှင့် အမှန်တကယ် ပြုပြင် ပြောင်းလဲရန် ဖြစ်နိုင်သော အခြေနေမှာ လက်ရှိ အနားယူနေသူ ဦးသန်းရွှေ၏ လက်ထဲတွင် ရှိနေသော သော့တချောင်း ဖြစ်နေလေသည်။ ဦးသန်းရွှေမှ အရာရာအားလုံး သဘောတူ ခွင့်ပြုမှသာလျင် အမှန်တကယ် ပြည်သူ သန်း ၆၀ လုံးလိုလားသော စစ်မှန်သည့် ဒီမိုကရေစီစနစ် တခုသို့ သွားခွင့်ရကြလိမ့်မည်ဖြစ်ပါသည်။

ထိုသို့ ဆိုပါလျင် အမှန်တကယ် ပြောင်းလဲရန်အတွက် ဦးသန်းရွှေနှင့် ၄င်း၏ မိသားစုဝင်များအား ဆက်သွယ်မှုပြင်ပ ဧရိယာနယ်ပယ် တခုခုဖြစ်သော Confinement အဖြစ် ပြောင်းလဲမှုများပြုလုပ်နေစဉ်ကာလအတွင်း ထူးခတ် ထိန်းသိမ်းထားနိုင်ကြမည်ဆိုလျင်….
အမှန်တကယ်ပြောင်းလဲမှု အရသာကိုခံစားရနိုင်မည် ဖြစ်ကြောင်းပါ……

ဂိုလ်ရှယ်လေး

သတင်းအမှန် ကြိုက်လောက်ရှယ်ပါ
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)