Thursday, April 10, 2014

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး



သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ
ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါအချက်အလက်များပါဝင်သည့် ရုပ်သံမှတ်တမ်းကို ဗြိတိန်နိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ ခရစ်စတိုဖာ အိုဂီရေတီ၏ "Mad Dog: Inside the Secret World of Muammar Gaddafi" ဆိုသည့် ရုပ်သံ မှတ်တမ်းသစ် တွင်ဖော်ပြထားခြင်းဖြစ်သည်။၎င်းဗီဒီယိုမှတ်တမ်းတွင် ဂဒါဖီ၏ ကြေးစားလူသတ်သမားအဖြစ်လုပ်ဆောင်ခဲ့ဖူးသော CIA သစ္စာဖောက် ဖရက်တာပဲ နှင့်တွေ့ဆုံမေးမြန်းထားသောအင် တာဗျူးလည်းပါဝင်လာခဲ့သည်။ ဖရက်တာပဲ၏ အင်တာဗျူးတွင်ဖြေကြားချက်များအရ ဂဒါဖီက သူ့ကို လူတစ်ယောက်၏ ဦးခေါင်းကိုဖြတ်ကာ သူ့ထံသို့ ပြန်လည်ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ တစ်သန်းပေးမည်ဟု ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က လစ်ဗျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသော ဂဒါဖီက ထိုလူ၏ ဦးခေါင်းပြတ်ကို ရေခဲသေတ္တာထဲတွင်အခြားသော လူသေ အလောင်းများနှင့်အတူ သိမ်းဆည်း ထားခဲ့သည်။ ဖရက်တာပဲ၏ ပြောကြားချက်အရ "ကျွန်တော်က ဂျီနီဗာမှာရှိနေခဲ့တယ် အဲ့ဒီလူကို သတ်ပြီး ခေါင်းပြတ်ကို ဂဒါဖီ ဆီကို မပုပ်မသိုးဖြစ်အောင်ပြင်ဆင်ပြီးပို့လိုက်တော့ ကျွန်တော်ဆီကို အမေရိကန် ဒေါ်လာ တစ်သန်း တန်ဖိုးရှိတဲ့ ချက်လက်မှတ်တစ်စောင်ရောက်လာတာပါပဲ" ဟုပြောကြားထားသည်။ဖရက်တာအနေနဲ့ ၎င်းအမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းခံလိုက်ရချိန်မှာတော့ ကျူးဘားသို့ထွက်ပြေးခဲ့သည်ဟု New York Post သတင်းဌာန၏မှတ်တမ်းများအရသိရသည်။
ရုပ်သံမှတ်တမ်းတွင်ပါဝင်သည့် ဂဒါဖီ၏ မိုက်မဲသည့် နောက်ထပ်လုပ်ရပ်တစ်ခုမှာ ဂဒါဖီအနေဖြင့် ထရီပိုလီ တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားပြီးသည့်အခါတိုင်း ကျောင်းသူလေးများကို အဓမ္မပြုကျင့်သည့် မြေအောက်ခန်း တည်ဆောက်ထားခြင်းဖြစ်သည်။"လူမသိအောင်တည်ဆောက်ထားတဲ့အဲ့ဒီ အခန်းလေးထဲမှာ ကုတင်တစ်လုံးရယ်၊ ရေပန်းနှင့် နှိမ့်နယ်ခြင်းခံယူနိုင်တဲ့ Jacuzzi ဆိုတဲ့ ရေကန်လေးရယ် ၊ အဓမ္မပြုကျင့်ခံရမည့် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ကူးစက်ရောရှိမရှိစစ်ဆေးတဲ့ နေရာလေးရယ်၊ ရာဘာမျက်နှာဖုံးရယ် ၊ လူကိုမူးဝေသွားအောင်ပြုလုပ်နိုင်တဲ့ ပစ္စည်းအချို့ရယ် ပါဝင်တယ်" ဟု၎င်းမှတ်တမ်းဗီဒီယိုကိုရိုက်ကူးထားသည့် ခရစ်စတိုဖာ အိုဂီရေတီ ကပြောကြားသည်။ "ဂဒါဖီက လစ်ဗျားနိုင်ငံကို စိတ်ကြိုက် ကိုယ်ထင်ရာ ကိုယ်လုပ်ပြီးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆိုးတစ်ယောက်ပါ" ဟု အိုဂီရေတီ ကဖြည့်စွက်ပြောကြားခဲ့သည်။"Mad Dog" ရုပ်သံမှတ်တမ်းကို သောကြာနေ့တွင် ထုတ်လွှင့်ပြသမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရုပ်သံလိုင်းကို ဖော်ပြထားခြင်းမရှိပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)