Wednesday, April 30, 2014

သမ္မတ ဦးသိန်းစိန် ကတိမတည် သေးကြောင်း ကိုမိုးသီးဇွန် ပြောကြား

 ဖြိုးအောင်

Hot News Journal

ကိုမိုးသီးဇွန်  



သမ္မတဦးသိန်းစိန် အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကို အမိနိုင်ငံသို့ ပြန်လာရန်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လွတ်လပ်စွာ ပါဝင်နိုင်ရန် လမ်းဖွင့် ပေးထားသည်ဟု ၎င်း၏ ရေဒီယို မိန့်ခွန်းများတွင် ပြောဆိုနေသော် လည်း ယခုအချိန်ထိ ကတိမတည် သေးကြောင်း လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီကို တည်ထောင် ခဲ့သူ ကိုမိုးသီးဇွန်က ဧပြီလ ၂၈ ရက်က ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံ သားများကို အမိနိုင်ငံသို့ ပြန်လာ ရန် သမ္မတဦးသိန်းစိန်အနေဖြင့် ဖိတ်ခေါ်ခဲ့သော်လည်းယခုအချိန် အထိ အမိနိုင်ငံသားအဖြစ် ခံယူ ရန်ပြန်လည်ဝင်ရောက်လာသော ပြည်ပရောက်မြန်မာနိုင်ငံသားများ ကိုနိုင်ငံသားမှတ်ပုံတင်ကတ်မထုတ် ပေးသေးခြင်းများနှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များကို အပစ်ခတ်ရပ်စဲရေးမလုပ်နိုင်သေး သည့်အတွက်ကြောင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

““သူတို့ကပြောလို့သာအစ်ကို တို့လာခဲ့ကြတာ။ မှတ်ပုံတင်မရ သေးတာ အစ်ကိုတစ်ယောက် တည်းမဟုတ်ဘူး။ဗဟုအဖွဲ့တစ်ဖွဲ့ လုံးပဲ။ ပြီးတော့နိုင်ငံရေးအသိုင်း အ၀ိုင်းတော်တော်များများပါတယ်။အရင်က ၃၃ ယောက်ကရသွား ပြီလို့ အစိုးရက ပြောပေမယ့် ကာယကံရှင်ကိုယ်တိုင်ကမရသေး ဘူးလို့ ပြောနေကြတယ်။ အစ်ကို တို့အကုန်လုံးမှတ်ပုံတင်လျှောက် ထားပြီးပြီ။ အစ်ကိုတို့ကနိုင်ငံသား တွေဖြစ်ပြီးသား။ အဲဒါကြောင့် မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ””ဟု ကိုမိုးသီးဇွန်က ဆိုသည်။

၎င်းင်းတို့ကို မှတ်ပုံတင်မထုတ် ပေးသေးခြင်းနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ပြည်ထောင်စု ၀န်ကြီးဦးခင်ရီထံ စာဖြင့်မေးမြန်း ထားကြောင်း ကိုမိုးသီးဇွန်က ဆက်လက်ပြောသည်။

““သူပေးထားတဲ့ကတိက၀တ် တွေကို တည်အောင်လုပ်တယ်ဆို တာ အရေးကြီးတဲ့လုပ်ငန်းတစ်ခု ပါ။ ယခုအချိန်ထိ သူပေးတဲ့ကတိ တွေမတည်သေးဘူး။ အဲဒါတိုင်း ပြည်အတွက် မကောင်းဘူး။နိုင်ငံ တော်ရဲ့အသွင်ကူးပြောင်းရေးလုပ် ငန်းစဉ်ကို ထိခိုက်နိုင်တယ်”” ဟု မိုးသီးဇွန်က ထပ်လောင်းပြောဆို သည်။

လာမည့် ၂၀၁၄ ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲကို တစ်သီး ပုဂ်္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် ၀င်ပြိုင်သွားရန် ၎င်းင်းအနေ ဖြင့် ဆန်္ဒရှိနေပြီးမှတ်ပုံတင်ရရှိရန် အတွက်သာ စောင့်ဆိုင်းနေရ ကြောင်း မိုးသီးဇွန်ကပြောဆိုခဲ့ သေးသည်။
       



No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)