ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) က လာမည့် သြဂုတ်လမှစ၍ အဝေးပြေးယဉ်လိုင်းများ ပြေးဆွဲသွားမည်ဟု တပ်မဟာ ၇ စီးပွားရေးတာဝန်ခံ စောမိုးစက်က ပြောသည်။
တပ်မဟာ ၇ ၏ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော မိုးကိုစံ ကုမ္ပဏီမှ ဒို့မိတ်ဆွေ အမည်ဖြင့် ယာဉ်လိုင်းကို မော်တော်ယာဉ် ၈ စီးဖြင့် စတင်ပြေးဆွဲသွားမည်ဟု ယင်းကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ လည်းဖြစ်သူ စောမိုးစက်ကပြောသည်။
မိုးကိုစံ ကုမ္ပဏီသည် KNU ကိုငွေကြေးထောက်ပံ့ရန်အတွက် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။
မိုးကိုစံ ကုမ္ပဏီမှ ၂၀၁၃ ခုနှစ် တစ်နှစ်ထဲတွင် KNU တပ်မဟာ ၇ သို့ ကျပ်သိန်း ၇၄၀ ထောက်ပံ့ခဲ့ပြီး ယခုအချိန်အထိ ကျပ် သိန်း ၂၀၀၀ ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
KNU ၏စီးပွားရေးနှင့် ပတ်သတ်၍ မူဝါဒများ ချမှတ်ထားပြီး ယင်းမူဝါဒကို အခြေခံ၍ တစ်ဆင့်ချင်း လုပ်ဆောင်သွားဖို့ရှိကြောင်း KNU ဗဟိုကော်မတီဝင် စောတာဒိုမူးကပြောသည်။
KNU ၏စီးပွာရေးမူဝါဒများနှင့် ပတ်သက်၍ စောတာဒိုမူးက အသေးစိတ်ပြောကြားခြင်းမရှိပေ။
မိုးကိုစံကုမ္ပဏီသည် ဟိုတယ်လုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများအပါအ၀င် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားရန် အစီအစဉ်ရှိသော်လည်း လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု စောမိုးစက်က ပြောသည်။
“အာရှလမ်းမကြီးက ၂၀၁၅ လောက်မှပြီးမှာလေ၊ ရင်းနှီး မြုပ်နှံမှု ငွေကြေးမခိုင်လုံသေးတာရယ် ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေရယ်ကြောင့် စောင့်ကြည့်နေတာ အများကြီး မလုပ်ရဲသေးပါဘူး”ဟု ၄င်းကပြောသည်။
ဖြစ်စဉ်တွေရယ်ကြောင့် စောင့်ကြည့်နေတာ အများကြီး မလုပ်ရဲသေးပါဘူး”ဟု ၄င်းကပြောသည်။
ဒို့မိတ်ဆွေ ယာဉ်လိုင်းကို မြ၀တီ -ဖားအံ -တောင်ငူ၊ မြ၀တီ -ဖားအံ- ရန်ကုန်၊
မြ၀တီ -ဖားအံ- ရန်ကုန်- ပုသိမ်ဟူ၍ လမ်းကြောင်း ၃ ခု ပြေးဆွဲသွားမည်ဖြစ်သည်။
မြ၀တီ -ဖားအံ- ရန်ကုန်- ပုသိမ်ဟူ၍ လမ်းကြောင်း ၃ ခု ပြေးဆွဲသွားမည်ဖြစ်သည်။
ဒို့မိတ်ဆွေ မော်တော်ယာဉ်လိုင်းမှာ ကရင်လူမျိုးများနေထိုင်ရာ ဒေသများကို အခြေပြု ပြေးဆွဲသွားမည် ဖြစ်သည်ဟု စောမိုးစက်က ပြောသည်။
KNU နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့သည် ၂၀၁၂ခုနှစ် ဧပြီလက ပြည်ထောင်စုအဆင့်ကဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။
KNU နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့သည် ၂၀၁၂ခုနှစ် ဧပြီလက ပြည်ထောင်စုအဆင့်ကဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။
by - Venus News Weekly 29.April.2014
No comments:
Post a Comment